09-261334475

တရားမ၀င် နိုင်ငံခြားသားအိမ်ခြံမြေအကျိုးဆောင် အများအပြားကို MIC သို့ စာရင်းအတိအကျဖြင့် တိုင်ကြားမည်ဟုဆို

တရားမ၀င် နိုင်ငံခြားသား အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်း များကို စာရင်းကောက်ယူထားရာ နှစ်လအတွင်း ရာဂဏန်းခန့်ရှိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး အိမ်ခြံမြေလုပ်ငန်းရှင်များအ သင်းမှ သတင်းရရှိသည်။

ဇွန်လ ၂၀ ရက်အထိ စာရင်း ကောက်ယူထားမှုအရ ရာဂဏန်း ခန့်ရှိနေပြီး အများစုသည်သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပစသည့် မြို့နယ်များတွင် မည်သည့်ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကုမ္ပဏီလိုင်စင်မရှိဘဲ လုပ်ကိုင်နေသော နိုင်ငံခြားသားအိမ်ခြံမြေအကျိုးဆောင်များဖြစ်ကြောင်း စာရင်းကောက်ယူရာ၌ ပါဝင်သည့် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

စာရင်းကောက်ယူမှုကို ယခု လအပြီးပြုလုပ်မည်ဖြစ်ပြီး အရေ အတွက် အတိအကျကို မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ သတင်းပေး တိုင်ကြားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းအိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားသည်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက ပြည်တွင်းလုပ်ငန်းရှင်များနှင့်သာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ဖော်ပြထားသည်။


လုပ်ကိုင်လိုပါက တရားဝင် လိုင်စင်ရရှိရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန သို့ တင်ပြ၍ တရားဝင်လိုင်စင် လျှောက်ထားကာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း အတည်ပြုပြဋ္ဌာန်းထားသည်။

‘‘အခု လာလုပ်နေတဲ့သူတွေ က သူတို့နိုင်ငံက နိုင်ငံသားလာရင် သူတို့လူအချင်းချင်းပေါင်းပြီး မြေ ၀ယ်၊ တိုက်ခန်းဝယ် လုပ်ကြတာ။ နိုင်ငံခြားသားကလည်း သူတို့လူ အချင်းချင်းဆို ပိုယုံကြည်တဲ့ သ ဘောဖြစ်နေတယ်။ အခု လုပ်နေ တာက တကယ်တမ်းတော့တရား မ၀င်ပါဘူး။ ပြည်တွင်းက အိမ်ခြံ မြေအကျိုးဆောင် လုပ်ငန်းရှင် တွေကိုလည်း ပိုထိခိုက်ပါတယ်’’ ဟု ဦးစိုင်းခွန်နောင်က ဆိုသည်။

နိုင်ငံခြားသားလုပ်ငန်းရှင်များ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံထားမှုသည် မေလအထိ စာရင်းများအရ ၃၅ ခုရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

Source: 7Daydaily

Facebook comments