အသေးစိတ်ဖော်ပြချက်
City Star Project သည် မြရည်နန္ဒာ တိုက်ခန်း နှင့် ပတ်ဝန်းကျင်ရှိ လူများ အတွက်ရည်ရွယ်၍ ဈေးဝယ်စင်တာ တစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပြီး တည်ဆောက် ထားသောလူနေဆိုင်ခန်းများဖြစ်ပါတယ်။အဆောက်အဦးဒီဇိုင်းကို ထိုင်ဝမ်နိုင်ငံမှာ တည်ဆောက်ထားပြီးဖြစ်တဲ့ လှပခန့်ညားတဲ့ ဂန္တဝင်ဆန် အဆောက်အဦးတစ်ခုနဲ့ ပုံစံတူယူပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။Developer ကတော့ထိုင်ဝမ်နိုင်ငံမှာ ဆောက်လုပ်ရေးသက်တမ်း အနှစ် ၄၀ ရှိပြီး ဖြစ်တဲ့ Cathay Real Estate Development ကုမ္ပဏီ မှ တာဝန်ယူတည်ဆောက်ပေးထားတာပဲဖြစ်ပါတယ်အဆောက်အဦး ခိုင်ခံ့မှုအတွက် ကောင်းမွန်သော ပစ္စည်း များကိုသာအသုံးပြုထားပြီး ငလျှင်ဒဏ်ခံနိုင်အားRichitar Scale ၉ အထိ တိုင်းတာတွက်ချက်ပြီး တည်ဆောက်ထားတာပဲဖြစ်ပါတယ်။အဆောက်အဦးအပြင်ပိုင်းကို ဆေးမသုတ်ပဲ အနှစ်သုံးဆယ်အာမခံ ရေညှိမတက်သောကျောက်ပြားဖြင့် အလှဆင်တည် ဆောက်ထားတာဖြစ်ပါတယ်။(ဒုတိယပုံသည် ထိုင်ဝမ်နိုင်ငံရှိ တည်ဆောက်ထားပြီးဖြစ်တဲ့ဂန္တဝင် အဆောက်အဦး ဖြစ်ပါတယ်။)