အခြေခံအဆောက်အအုံများ ဆောက်လုပ်ခွင့်ရရှိမည့် စီမံကိန်း ရန်ကုန်တိုင်းမြို့နယ်နှစ်ခု ရွေးချယ်ခံရ

ကမ္ဘာ့ဘဏ်၏ထောက်ပံ့ငွေဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ ကွမ်းခြံကုန်းမြို့နယ်နှင့်ကျောက် တန်းမြို့နယ်များကို ရွေးချယ်ခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စီမံကိန်းအတွက် အစိုးရရုံးစိုက်ရာမြို့တော်နေပြည်တော်အပါအဝင် ပြည်နယ်ငါးခုနှင့် တိုင်း ဒေသကြီးငါးခုမှ မြို့နယ်၂၀ မြို့နယ်ကို ရွေးချယ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှ အဆိုပါမြို့နယ်စ်ခုကရွေးချယ်ခံခဲ့ရခြင်း လည်း ဖြစ်သည်။

လူထုဗဟိုပြုစီမံကိန်း၏ ဒုတိယနှစ်စီမံကိန်းဖြစ်သော ၂၀၁၅-၂၀၁၇ ခုနှစ်တွင် ထန်းတပင်မြို့နယ်က စီမံကိန်း အကျိုး ခံစားရာမြို့နယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင် ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ်သောကော့မှူးမြို့နယ်က ၂၀၁၆-၂၀၁၈ ခုနှစ်အတွက် စီမံကိန်း အကျိုးခံစားမြို့နယ်အဖြစ်ရွေးချယ်ခံခဲ့ရသည်။

ယခုထပ်မံ၍ ၂၀၁၇-၂၀၁၉ ခုနှစ် အတွက် ကွမ်းခြံကုန်းမြို့နယ်နှင့် ကျောက်တန်းမြို့နယ်များကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရွေးချယ်ခံရသည့် မြို့နယ်များတွင် စီမံကိန်းမိတ်ဆက်ပွဲများကိုလာမည့် အောက်တို ဘာတွင် ကျင်းပသွားမည်ဖြစ်ပြီး ကျေးလက် နေ ပြည်သူများကိုအခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကိုယ်တိုင် အကောင်အထည်ဖော်ဆောက်လုပ်နိုင်ရန် သင်တန်းများကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လူထုဗဟိုပြုစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လူထုဗဟိုပြုစီမံကိန်းသည် ဆင်းရဲနွမ်းပါး သော ကျေးလက်နေ ပြည်သူများအတွက် လူမှုစီးပွားဆိုင်ရာ အဆောက်အအုံများကို လူထုအခြေပြုနည်းလမ်းများဖြင့် ကိုယ်တိုင်အကောင်အထည်ဖော်တည်ဆောက်ရန် ရည်ရွယ်ပြီး ကမ္ဘာ့ဘဏ်၏ ထောက်ပံ့ငွေနှင့် နည်းပညာအကူအညီဖြင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းတစ်ခုဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သန်း ၈၀ ဖြင့် (မြို့နယ် ၁၅ မြို့နယ် တွင်) နေပြည်တော်မြို့နယ်အပါအဝင် ပြည်နယ်နှင့် တိုင်းခုနစ်ခုစီမှ မြို့နယ်တစ်မြို့နယ်စီ တွင်အခြေခံအဆောက်အအုံများကို အကောင်အထည်ဖော်တည်ဆောက်ရန် ၂၀၁၂ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ထိုစီမံကိန်းကို တိုးချဲ့ဆောင် ရွက်ခဲ့ကာမြို့နယ် ၆၀ မြို့နယ်အထိ တိုးချဲ့ ဆောင်ရွက်ခဲ့ပြီး ထောက်ပံ့ကြေးကိုလည်း အမေရိကန်ဒေါ်လာသန်း၄၈၀ နှင့် ယူရိုငွေ သန်း ၂၀ ကျော်အထိ တိုးမြှင့်ပေးခဲ့သည်။ စီမံကိန်းအကျိုးခံစားရာမြို့နယ်အဖြစ်မြို့နယ်၏ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှု၊ ဆင်းရဲနွမ်းပါးမှု၊ လမ်းပန်းဆက်သွယ်ရေးအသင့်အတင့်ကောင်းမွန်မှုနှင့် မြို့နယ်တည် ငြိမ်အေးချမ်းရေးရှိမှုများအပေါ် အကဲဖြတ်ကာရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်တစ်ခုစီ တွင် စီမံကိန်းအကောင်အထည်ဖော်သည့် အချိန်ကာလမှာသုံးနှစ်ကြာမြင့်မည်ဖြစ်ပြီး ပထမနှစ်တွင် အခြေခံအဆောက်အအုံများ ကို ပြင်ဆင်ခွင့်သာ ရရှိမည်ဖြစ်ပြီး ဒုတိယနှစ်နှင့် တတိယနှစ်များတွင် ဒေသခံများဆောက်လုပ်လိုသော အခြေခံအဆောက်အအုံများကို ဆောက်လုပ်ခွင့်ရရှိမည်ဖြစ်သည်။ ပြီးခဲ့သောနှစ်မှစတင်ကာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော ထန်းတစ်ပင်မြို့နယ်တွင် လူထု ဗဟိုပြုစီမံကိန်း၏ အကူအညီဖြင့် မြေနီလမ်း များ၊ ကတ္တရာလမ်းများ အများအပြားဖောက် လုပ်နိုင်ခဲ့ပြီးမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး သိသိသာသာကောင်းမွန်ခဲ့ကြောင်း ထန်းတပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့် ထွေးဝင်းက ပြောသည်။

"ထန်းတပင်မြို့နယ်က ရန်ကုန်မြို့ ဧရိယာထဲမှာရှိပေမဲ့ မြို့အစွန်ဆုံးအပိုင်းမှာ ရှိနေပြီးမြို့နယ်တွင်းမှာ လယ်ယာလုပ်ငန်း ကိုပဲ ဦးစားပေး လုပ်ကိုင်ကြတာကြောင့်တောမက၊ မြို့မကျ မြို့နယ်လေးတစ်ခုဖြစ်နေ တယ်။ မြို့နယ်တွင်းမှာ အရင်က လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ ရှိခဲ့ပေမဲ့ အခုဆို လူထုဗဟိုပြုစီမံကိန်းရဲ့ အကူအညီနဲ့ လမ်းသစ်တွေ၊ တံတားတွေကို ဖောက်လုပ်နိုင် ခဲ့လို့ သွားလာဆက်သွယ်ရေးပိုအဆင်ပြေ လာတယ်။ စီမံကိန်းအရ ဒေသခံတွေ လိုချင် တဲ့ အခြေခံအဆောက်အအုံတွေကိုတည်ဆောက်ခွင့်ရှိပေမဲ့ ဒေသခံတွေကို စစ်တမ်း ကောက်တဲ့အခါ ဒေသခံတွေက လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ဖို့ ဆောင်ရွက်ပေး ပါလို့ ပြောတဲ့အတွက် စီမံကိန်းကာလ သုံးနှစ် လုံးမှာ လမ်းဖောက်တာတွေကိုပဲ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

မြို့နယ်အတွင်း လိုအပ်သော အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန် ရွာသားများကိုယ်တိုင်အကောင်အထည်ဖော် တည်ဆောက်ရခြင်းဖြစ်သည့်အတွက် ရွာသားများ၏ အသိစိတ်ပါပြောင်းလဲလာခဲ့ကြောင်း ဦးမြင့်ထွေးဝင်းက ပြောသည်။ "မြို့နယ်တွင်းမှာ လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေဆောက်လုပ်ဖို့ အထက် ကပဲ အကောင်အထည်ဖော် ဆောင်ရွက်ပေးတယ်ဆိုရင်ဒီလိုမြို့နယ်ထဲ တိုးတက်မှာ မဟုတ်ဘူး။ အခုက ဒေသခံတွေကို သင်တန်း တွေပေးပြီး ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်ခိုင်းလို့ သူတို့ မျက်စိတွေပါ ပွင့်လာကြပြီး လူနေမှုစရိုက်တွေပါ ပြောင်းလဲလာကြတယ်။ အရင်က လယ်ကို တစ်သီးစားပဲ စိုက်ကြပေမဲ့အခုဆို နှစ်သီးစားစိုက်လာကြ တာတွေ၊ သူတို့စိုက်ပျိုးလို့ရတဲ့ အသီးအနှံ တွေကို ဒီကိုလာဝယ်တဲ့သူတွေဆီမှာ ဈေးနှိမ်ရောင်းတာမျိုး မလုပ်ကြဘဲ လမ်းပန်းဆက် သွယ်ရေးကောင်းမွန်လာတော့ ရန်ကုန်မြို့ ထဲကို ကိုယ်တိုင်သွားရောင်းလာတာတွေ တွေ့လာရတယ်။ ပိုပြီး စီးပွားရေးကိုလာဘ် မြင်လာကြပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ဖို့ ပိုစိတ်ဝင်စားလာကြတယ်"ဟု ၎င်းက ပြောသည်။

လူထုဗဟိုပြုစီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် စီမံကိန်းများအားလုံး ပြီးဆုံး မည်ဖြစ်သည်။

လူထုဗဟိုပြု စီမံကိန်းအတွက် အသုံးပြုသော ထောက်ပံ့ငွေများကို မြို့နယ်အလိုက် ပေးခြင်းမဟုတ်ဘဲမြို့နယ်၏ လူဦးရေအပေါ်မူတည်ကာ လူဦးရေ ၃,၀၀၀ ရှိ သော ကျေးရွာအတွက် ကျပ်သိန်း ၁၈၀၊ လူဦး ရေ ၃,၀၀၀ မှ ၅,၀၀၀ ရှိသော ကျေးရွာအတွက် ကျပ် ၂၄၃ သိန်းနှင့် လူဦးရေ ၅,၀၀၀ ကျော်ပါကကျပ် ၃၀၆ သိန်းဟု သတ်မှတ်ထားခြင်းဖြစ်သည်။

Source: Myanmar Time

Facebook comments