အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အရှိန်အဟုန်နဲ့ဝင်လာ

အိမ်ခြံမြေကဏ္ဍက ပြည်တွင်းကို ဝင်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲမှာ နံပါတ်ငါး နေရာအထိ ရောက်လာပြီး အရှိန်အဟုန်နဲ့ ဆက်လက်တိုးတက်လားနိုင်မယ် လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံမှုကော်မရှင်ကနေ သိရပါတယ်။

' ၂၀၁၀ နောက်ပိုင်းကစပြီး အိမ်ခြံမြေကဏ္ဍက ဖွံဖြိုးလာပါတယ်။ အခုအချိန်မှာတော့ ပြည်ပနိုင်ငံတွေ အာရုံစိုက်ပြီး အများစုံ လေ့လာနေကြတာက အိမ်ခြံမြေ ကဏ္ဍ ဖြစ်နေပါတယ်။ ဆက်လက်ပြီးလဲ အရှိန်ယူ တိုးလာမယ့် သဘောပါ ' လို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်သီးက ပြောပါတယ်။

အိမ်ခြံမြေကဏ္ဍကို အများစုံး ဝင်ရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံအဖြစ် စင်ကာပူက ရပ်တည်နေပြီး၊ ဟောင်ကောင်၊ ဂျပန် ၊ ဗြိတိန် ၊ ဗီယက်နမ်နဲ့ တောင်ကိုရီးယာတို့က အစဉ်လိုက်ရပ်တည်နေတယ်လို့ သိရပါတယ်။

ထိပ်တန်းရောက်လာနိုင်

ရန်ကုန်မြို့ရဲ့ လူဦးရေနဲ့ ဝင်ငွေ ဖွံဖြိုးတိုးတက်လာမှုတွေနဲ့ အတူလာမယ့် ဆယ်စုနှစ် တစ်ခုအတွင်း မှာ အိမ်ခြံမြေဈေးကွက်ကထိပ်တန်းကို ရောက်လာနိုင်မှာ ဖြစ်တယ်လို့ လည်း အိမ်ခြံမြေကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

အခုနှစ်အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လုပ်ကိုင်နေတဲ့ အိမ်ခြံမြေကဏ္ဍကနေ အလုပ်နေရာပေါင်း ၆၀,၀၀၀ ဝန်းကျင် ဖန်တီးပေးနိုင်ခဲ့တယ်လို့လည်း ရင်းနှီးမြှုပ်နှံမှုကော်မရှင် အချက်အလက်တွေအရ သိပါတယ်။

Source: The Modern

Facebook comments