အလုံ မင်းရဲကျော်စွာ အဆင့်မြင့်အိမ်ရာ အိတ်ပိတ်တင်ဒါနဲ့ ရောင်းချမည်
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အလုံမြို့နယ် မင်းရဲကျော်စွာလမ်းပေါ်မှာ ဆောက်လုပ်တဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်းကို မျက်မြင်အခြေအနေအတိုင်း အိတ်ပိတ်တင်ဒါစနစ်နဲ့ ရောင်းချမယ်လို့ သိရပါတယ်။‘ဝယ်ချင်တဲ့သူဘက်က ကိုယ်ဝယ်မယ့်တိုက်ခန်း အရေအတွက်နဲ့ အခန်းနံပါတ်ကို ဖော်ပြပြီး အများရှေ့မှာ ဖွင့်ဖောက်ကြေညာရောင်းချပေးမှာ ၊ အခန်းဈေးနှုန်းအနေနဲ့ကလဲ တင်ဒါအဖွဲ့က သတ်မှတ်ထားတဲ့ ဈေးနဲ့ပေးနိုင်သူရဲ့ အဆိုပြုချက်ကို ကြည့်ပြီးရောင်းချပေးမှာ’ လို့ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရရှိခဲ့တဲ့ အခန်း ၂၃ ခန်းကို မျက်မြင်အခြေအနေအတိုင်း ရောင်းချပေးမှာဖြစ်ပါတယ် ။အဆိုပြုလွှာတွေကို စက်တင်ဘာလ ၈ ရက်နေ့ နောက်ဆုံးထား လျှောထားရမှာပါ ။ တင်ဒါတွေကိုတော့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ် ။Source: The Kumudra
Facebook comments