ကိုယ်ပိုင် ထရန်စဖော်မာတပ်ရင် တိုက်ခန်းဈေးနှုန်းမြင့်လာနိုင်

အသစ်ထပ်မံတည်ဆောက်မယ့် ကန်ထရိုက်တိုက်ခန်းတွေမှာ ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်သုံးစွဲမယ်ဆိုရင် မခန်းဈေးနှုန်းတွေလည်း မြင့်တက်လာနိုင်တယ်လို့ သိရပါတယ် ။

လျှပ်စစ်ဓါတ်အား ၃၀ ကီလိုဝပ် (၃၇.၅ ကေဗီအေ) ထက်ကျော်လွန်သုံးစွဲမယ်ဆို ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်သုံးစွဲဖို့ သတ်မှတ်ထားတာပါ ။

ဆောက်လုပ်ရေးလုပ်ငန်းတစ်ဦးဖြစ်တဲ့ ဦးဇော်လင်းက ‘တစ်ခုစဉ်းစားရမှာက လျှပ်စစ်မီးအန္တရာယ်မဖြစ်ဖို့ပဲ ၊ မီးအားသုံးစွဲမှု မြင့်လာနိုင်တော့ ဘေးအိမ်တွေပါ ထရန်စဖော်မာထိုင်ရတော့မယ့်သဘောရှိတယ် ၊ ကုန်ကျစရိတ်ပိုမို များပြားလာနိုင်တယ်’ လို့ပြောပါတယ် ။

သည်လိုမျိုးလုပ်ဆောင်ရမယ်ဆိုရင် တိုက်ခန်းခတွေပါ ဈေးမြင့်လာနိုင်တယ်လို့လည်း တချို့ကပြောကြပါတယ် ။

အထပ်မြင့်အတိုက်တွေမှာ အခန်းတန်ဖိုးအပြင် ထရန်စဖော်မာအတွက် ကုန်ကျစရိတ်ကိုပါ ရယူပြီး အခန်းတန်ဖိုးတွေ မြှင့်ပြီး ရောင်းချတာတွေ ဖြစ်လာနိုင်တာကြောင့်ပါ ။


Source: Modern Journal

Facebook comments