ဝါတွင်းပေမဲ့ တချို့နေရာတွေမှာ အငှားဈေးကွက်ဖြစ်

ဝါတွင်းကာလမှာပဲ နေရာတချို့မှာ အငှားဈေးကွက်ဖြစ်နေပြီး ငှားခဈေးအနည်းငယ် တက်တယ်လို့ သိရပါတယ်။

ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက ‘မြို့သစ်တွေနဲ့ မြို့တွင်းဆက်စပ်မြို့နယ်တွေမှာ အငှားတွေဖြစ်တယ်၊ ဈေးကလဲ အရင်ကထက် ၂၀,ဝ၀ဝ၊ ၃၀,ဝ၀ဝ တော့  ဈေးပိုတောင်းကြတာပဲ၊ ငှားတဲ့သူတွေလဲ ရှိပါတယ်၊ ဝါတွင်းဆိုပြီး အရင်လို သိပ်မရှောင်ကြတော့ဘူး”လို့ ပြောပါ တယ်။

အရင်က ဝါတွင်းကာလမရောက်ခင်သာ အငှားဈေးကွက်ကောင်းပြီး ဝါတွင်းမှာအငှားရှားကြပါတယ်။သည်နောက်ပိုင်းမှာတော့ ဝါတွင်းမှာပါ ပြောင်းရွှေ့နေထိုင်တာ တွေရှိလာတာပါ။ မြို့သစ်နဲ့ မြို့တွင်းဆက်စပ်နေရာတွေမှာ အငှားများတာက မြို့ တွင်းပိုင်းထက် ဈေးနည်းတာကြောင့်ပါ။

တချို့မြို့တွင်းဆက်စပ်နေရာတွေနဲ့ မြို့သစ်နေရာတွေမှာ အငှားဈေးတွေက မြို့ထဲနီးပါးဈေးတွေနဲ့ ငှားကြတာတွေလည်း ရှိတယ်လို့ သိရတယ်။ အငှားများတဲ့ ဈေးနှုန်းတွေက ကျပ် ၁၀ဝ,ဝ၀ဝ အောက်နဲ့ ၁၅၀,ဝ၀ဝ ဝန်းကျင်တွေ များတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ဒဂုံသီးသန့်အကျိုးဆောင်မကေသီက ‘ဒဂုံဘက်တွေမှာတော့ အများစုက ၁၀ဝ,ဝ၀ဝ  အောက်များတယ်၊  တစ်နေ့က ငှားပေးလိုက်တာဆို တစ်လကို   ကျပ် ၉၀,ဝ၀ဝ နဲ့ ဝါတွင်းကိုပဲ အခုနောက်ပိုင်း ငှားကြတယ်၊   ပြောင်းရွှေ့ကြတာပဲ၊ အငှားကတော့ ပုံမှန်ရှိနေတာပဲ ဈေးသာငှားတဲ့ သူနဲ့ အိမ်ရှင်နဲ့ ညှိမရလို့   မငှားကြတာတွေ ဖြစ်ကြတာ”လို့ ပြောပါတယ်။

ဝါတွင်းရောက်နေပေမဲ့ အငှားဈေးကွက်ဖြစ်နေသေးတာက အကျိုးဆောင်တွေအတွက် လည်ပတ်နိုင်သေးတယ်လို့ ပြောပါတယ်။ ငှားရမ်းခတွေ တက်တာကတော့ ဖြစ်ရိုးဖြစ်စဉ်အတိုင်းဈေးကွက်သဘောတရားအရပါ။ ဈေးကတော့ အမြဲတစ်ဦးပြောင်းရင် ဈေးက   ၂၀,ဝ၀ဝ၊   ၃၀,ဝ၀ဝ ဈေးထပ်တင်ကြတာဖြစ်တယ်လို့ သိရတယ်။


Source: The Kumudra

Facebook comments