နိုင်ငံတစ်ဝန်း ဆောက်လုပ်ရေးလုပ်ငန်းများအားလုံး လိုက်နာရမည့် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာစည်းမျဉ်း ရေးဆွဲထားပြီးဟုဆို
မြန်မာနိုင်ငံအ ဆောက်အအုံဆိုင်ရာစည်းမျဉ်း များ(Myanmar National Build ing Code- MNBC)ရေးဆွဲမှုပြီးစီး ပြီဖြစ်၍ မြန်မာဘာသာပြန်ဆိုမှု စတင် လုပ်ဆောင်နေပြီဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။လက်ရှိတွင် အဆောက်အအုံဆောက်လုပ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် စည်ပင်သာယာရေးကော်မတီတို့က သတ်မှတ်သည့်စည်း မျဉ်းစည်းကမ်းများအတိုင်း ဆောက်လုပ်နေကြရာမှ စည်းမျဉ်းတစ်ခုတည်းအောက်တွင်သာရှိစေရန် MNBCရေးဆွဲမှု ဖော်ဆောင်နေခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဝင်းတင့်က ပြောသည်။‘‘မြန်မာနိုင်ငံအဆောက်အ အုံဆိုင်ရာ စည်းမျဉ်းများ(MNBC)ကို ရေးဆွဲပြီးသွားပြီ။ အဲဒီကနေ အဆောက်အအုံဆောက်လုပ်မှုဆိုင်ရာဥပဒေထပ်ဆွဲမယ်။ အဲဒီဟာတွေအတည်ပြုနိုင်ခဲ့ရင် အားလုံးက အဆောက်အအုံ ဆောက်လုပ်မှုနဲ့ပတ်သက်လို့ စံနှုန်းတစ်ခုတည်းအောက်မှာပဲ ရှိကြရတော့မှာပါ’’ဟု ဦးဝင်းတင့်က ပြောသည်။အဆိုပါဥပဒေကို ကိုရီးယား နိုင်ငံဆောက်လုပ်ရေးစီမံခန့်ခွဲမှု အသင်းမှ ဆောက်လုပ်ရေးဝန်ကြီးဌာနအား ကူညီရေးဆွဲပေးခြင်းဖြစ်ပြီး အင်ဂျင်နီယာကောင်စီဗိသုကာကောင်စီတို့မှ ပညာရှင် များကလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့်အတူ ကူညီရေးဆွဲ ပေးခြင်းဖြစ်သည်။‘‘မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာစည်းမျည်းများ (MNBC)ကို အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲထားပြီးဖြစ်ကာ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ပေးပို့၍ သဘောထားမှတ်ချက်ရယူခဲ့ပြီး ယခုအခါ ပညာရှင်များ၏အကူအညီဖြင့် မြန်မာဘာသာသို့ ပြန်ဆိုမှု စတင်ပြုလုပ်နေပြီဟုဆိုသည်။ထို့အပြင် MNBCအားဥပဒေ ပြုနိုင်ရန် ကုလသမဂ္ဂ၏အကူအ ညီဖြင့် ပူးပေါင်းလုပ်ဆောင်နေပြီး မကြာမီရေးဆွဲမှုပြီးစီးတော့မည် ဟု ဦးဝင်းတင့်ကပြောသည်။‘‘ဥပဒေထဲမှာတော့ ပြစ်မှုနဲ့ ကိုက်ညီတဲ့ ပြစ်ဒဏ်တွေထည့် သွင်းသွားမှာပါ။ ဥပဒေအသက် မ၀င်ခင်ကာလအထိတော့ သက် ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည် နယ်အစိုးရတွေရဲ့ သတ်မှတ်စည်း ကမ်းအတိုင်းပဲ သွားနေကြရဦးမှာ ဖြစ်ပါတယ်’’ဟု ၎င်းကဆိုသည်။သို့သော်လည်း စည်းမျဉ်း နှင့်ဥပဒေအတည်ပြုနိုင်မည့်ကာ လကိုမူ ခန့်မှန်းနိုင်ခြင်းမရှိသေး ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။ယင်းဥပဒေအတည်ပြုပြီးပါ က ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် လုပ်ကိုင်ရသည်မှာပို၍ ရှင်းလင်းတိကျမှုရှိလာနိုင်မည် ဟုဆောက်လုပ်ရေးလုပ်ငန်းရှင် အချို့က မှတ်ချက်ပြုသည်။‘‘ဆောက်လုပ်ရေးလုပ်ငန်း ဆိုတာက ဒေသတစ်ခုတည်းကို တည်ပြီးလုပ်လို့ရတာမဟုတ် တော့ ဒေသတစ်ခုနဲ့တစ်ခု မူဝါဒ ချင်းမတူတဲ့အခါမှာ တွက်ချက်ရ ခက်ခဲတာတွေရှိတယ်။ တစ်ပြေး ညီဖြစ်သွားရင်တော့အဲဒီအခက် အခဲ ကျော်လွှားနိုင်မယ့်အနေအ ထားရှိတာပေါ့’’ဟု MMLဆောက် လုပ်ရေးလုပ်ငန်း မန်နေဂျာဦး လင်းဦးကပြောသည်။ရန်ကုန်မြို့၌ ဆောက်လုပ် ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ယခင်အစိုးရလက်ထက်က သတ် မှတ်ခဲ့သည့် စည်းကမ်းချက်များ အပြင် အစိုးရသစ်လက်ထက်တွင် မြို့တော်အင်္ဂါရပ်အား ထိခိုက်စေ မည့်အချက်များကို စိစစ်အရေးယူ မှုများရှိခဲ့သဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများအကြား ရိုက်ခတ်မှု များဖြစ်ပေါ်ခဲ့သည်။ယင်း ဖြစ်စဉ်များကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ခိုင်မာသည့်မူဝါဒ ချ မှတ်ပေးရန် တောင်းဆိုမှုများရှိခဲ့ သည်။‘‘စင်ကာပူတို့ ထိုင်းတို့မှာဆို ဒီလိုဥပဒေပေါ်တာကြာပြီ။ အာ ဏာပိုင်အဖွဲ့တွေလည်းရှိတယ်။ ဒါမှ ဒီကအရည်အသွေးနိမ့်ကျပြီး ဆောက်နေတဲ့ အဆောက်အအုံ တွေကို အရေးယူနိုင်မှာပါ။ ဒီဥပဒေပေါ်လာရင် ဘယ်သူမှလည်း လုပ်ရဲမှာမဟုတ်ဘူး’’ဟု မြို့ပြစီမံ ကိန်းပညာရှင်ဦးမြင့်မိုရ်ဆွေကသုံးသပ်သည်။Source: 7DayDaily
Facebook comments