အိမ်ခြံမြေ နည်းပညာနဲ့ သတင်းအချက်အလက်ချိတ်ဖို့ ပူးပေါင်း
မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ံMRESA)နဲ့ အမေရိကန် အခြေစိုက် အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေတဲ့ RE/MAX Real Estate တို့ ပူးပေါင်းပြီး အိမ်ခြံမြေဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး နည်းပညာပိုင်းတွေနဲ့ သတင်းအချက်အလက်တွေ ချိတ်ဆက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။RE/MAX ရှိ စင်ကာပူနည်းပညာပိုင်းဆိုင်ရာမှ Mr.William Lai က “အိမ်ခြံမြေ နဲ့ပတ်သက်ပြီး ဂျီပီအက်စ်နဲ့ ချိတ်ပြီး အ ချက်အလက်တွေကို ဝေမျှနိုင်မယ်၊ အက်စ် အမ်အက်စ် နဲ့ ပို့ဆောင်နိုင်အောင် လုပ်ဆောင်နိုင်မယ်၊ နိုင်ငံတစ်ခုနဲ့တစ်ခုချိတ်ပြီ လိုကေးရှင်းတွေ၊ ဖွဲ့စည်းထားတဲ့အခန်းဖွဲ့စည်းပုံတွေက အစတွေ့မြင်နိုင်မယ်၊ ပုံစံတွေ တန်ဖိုးတွေအချက်အလက်တွေကို click နှိပ်လိုက်တာနဲ့ ကြည့်နိုင် မယ်”လို့ လုပ်ဆောင်မယ့် နည်းပညာပိုင်းတွေကိုရှင်းပြပါတယ်။အပလီကေးရှင်း (Application) မှာ အိမ်ခြံမြေနဲ့သက်ဆိုင်တဲ့ အကျိုးဆောင်တွေရဲ့ လိပ်စာတွေကို အလွယ်တကူရှာဖွေနိုင်ပြီး ပြည်တွင်းနဲ့ ပြည်ပအလွယ်တကူ ချိတ်ဆက်နိုင်တယ်လို့သိရတယ်။ အက်စ်အမ်အက်စ် ပို့ဆောင်တဲ့အခါမှာတစ်စောင်ကို ၈၅ ကျပ်ပဲကုန်ကျမှာ ဖြစ်တယ်လို့ Asia Plaza Hotel မှာ ကျင်းပတဲ့ RE/MAX Myanmar Franchising Business Seminar က သိရတယ်။MRESA အသင်းနဲ့ ချိတ်ဆက်ဖြစ်ပြီး ဈေးကွက်နဲ့ အိမ်ခြံမြေတိုးတက်လာမယ့် နည်းပညာတွေ သတင်းအချက်အလက်တွေ လေ့လာသင့်တဲ့ အသစ်တွေကို သိရှိရအောင်လည်း ပူးပေါင်းဖြစ်တာ ဖြစ်တယ်။ ပူးပေါင်းမှုတွေမှာ သင်တန်းပိုင်းတွေ ဗဟု သုတ ပိုင်းတွေသူတို့မှာရှိတဲ့ အေးဂျင့်တွေနဲ့ အလွယ်တကူ ချိတ်ဆက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။MRESA အသင်းမှ ဥက္ကဋ္ဌဦးခင်မောင်သန်းက“အာဆီယံမှာရှိတဲ့ ရီမက်စ်တွေနဲ့ ချိတ်ဆက်ပြီး နည်းပညာတွေ သတင်းအချက်အလက်တွေ ချိတ်ဆက်နိုင်မယ်၊ လိုအပ်နေတဲ့ အင်တာနေရှင်နယ် အဆင့် business ကတ်တွေနဲ့ အတုယူပြီး လုပ်ဆောင်နိုင်မယ်၊ ဒီမှာလုပ်ဆောင်ဖို့ ပါတနာရွေးတော့ အသင်းနဲ့ချိတ်မိတာ”လို့ ပူးပေါင်းဖြစ်တဲ့အကြောင်းကို ရှင်းပြပါတယ်။RE/MAX က အမေရိကန်နိုင်ငံ အခြေစိုက်ဖြစ်ပြီး ရုံးပေါင်း ၇၀ဝ၀ ရှိပါတယ်။ RE/MAX အေးဂျင့် ၁၀၅,ဝ၀ဝ ရှိတယ်လို့ သိရပါတယ်။Source: The Kumudra
Facebook comments