မြို့ပြမြေအသုံးချမှုဇုန် ဥပဒေသုံးလအတွင်း လုပ်ဆောင်မည်

၂၀၁၂ ခုနှစ်ကတည်းကလုပ်ဆောင်နေတဲ့ မြို့ပြမြေအသုံးချမှု ဥပဒေကိုသုံးလအတွင်းထွက်ရှိလာအောင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မူကြမ်းကို တိုင်းအစိုးရအဖွဲ့ကိုတင်ပြပြီး အများပြည်သူတွေပါ သိရှိအောင်ချပြဖို့လည်းရှိသလို လွှတ်တော်ကိုတင်ပြပြီး ခွင့်ပြုရင်လုပ်ဆောင်မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့အညီအဆောက်အအုံများဆောက်လုပ်မှု စစ်ဆေးရေးကော်မတီကသိရပါတယ်။ ၄င်းဥပဒေကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းပညာရှင်တွေနဲ့ မြန်မာနိုင်ငံဆောက်လုပ်ရေး
ဆိုင်ရာလုပ်ငန်းရှင်များအသင်းတို့ ၂၀၁၂ ခုနှစ်မှာ ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ‘ဇုန်ဥပဒေကို နောက်သုံးလအတွင်း ထွက်နိုင်အောင်ပြုလုပ်မယ်လို့တော့သိထားတယ်၊   အခုလုပ်ဆောင်နေတဲ့အထပ်မြင့်တွေစိစစ်နေတာ တွေ ပြီးရင်ဥပဒေကို လုပ်ဆောင်မယ် ထင်တယ်၊ လွှတ်တော်ကခွင့်ပြုရင်တော့ အတည်ဖြစ်ပါပြီလို့ ပြောပါတယ်။

Source: The Kumudra

Facebook comments