ရှမ်းပြည်နယ် လွှတ်တော်အဆောက်အအုံအသစ် တည်ဆောက်ရန်ပြင်ဆင်နေမှု ဒေသခံများ ကန့်ကွက်

တောင်ကြီးမြို့ သစ် တောရပ်ကွက်ရှိ နှစ်ရှည်ထင်းရှူး ပင်များကို ခုတ်ထွင်၍ ရှမ်းပြည် နယ် လွှတ်တော်အဆောက်အအုံ အသစ် တည်ဆောက်ရန် ပြင်ဆင် နေမှုကို တောင်ကြီးဒေသခံများ က ကန့်ကွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဩဂုတ် ၁၀ ရက်မှစ၍ ယင်း နေရာအနီး မြေတိုင်းတာနေပြီး နှစ်ရှည်ထင်းရှူးပင်များ ခုတ်ထွင် ၍ လွှတ်တော်ရုံးအသစ် တည် ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည် ဟု တောင်ကြီးအခြေစိုက် ရှင်သန် ကမ္ဘာမြေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ချယ်ရီကျော်က ပြောသည်။

‘‘တောင်ကြီးမြို့ရဲ့ အထင် ကရနေရာ သွားလမ်းတစ်ခုဖြစ်ပါ တယ်။ စိမ်းစိုလန်းဆန်းနေတဲ့ သဘာဝပတ်ဝန်းကျင်မပျက်စီးသေးတဲ့ နေရာတစ်ခုပါ။ ဒါကို အစိုးရအဖွဲ့ကလည်း ခွင့်မပြုထားဘူး၊ လွှတ်တော်ရဲ့ သဘောထား ဆုံးဖြတ်ချက်လည်း မယူဘဲနဲ့ လွှတ်တော်ရုံးသစ်ဆောက်ဖို့ လုပ်နေတာကို အန်တီတို့ အနေနဲ့ ကန့် ကွက်သွားမှာ ဖြစ်ပါတယ်’’ဟု ဒေါ်ချယ်ရီကျော်က ပြောသည်။

ယခင်အစိုးရလက်ထက်က တင်ပြထားသည့် စီမံကိန်းဟောင်း ကို အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု တောင် ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုး က ပြောသည်။

‘‘အရင်အစိုးရလက်ထက်က စီမံကိန်းရေးဆွဲထားတာပါ။ မြို့သူမြို့သားတွေလည်း လက်မခံပါ ဘူး။ ဒီနေရာမှာ ပြည်သူတွေ လုပ် စေချင်တာက အနားယူအပန်းဖြေ လည်ပတ်ဖို့ ပန်းခြံနေရာလေးပါ။ လွှတ်တော်ရုံးသစ်ကို အစိုးရအဖွဲ့ က သဘောမတူဘဲ လုပ်ပိုင်ခွင့်မရှိ ပါဘူး။ လုပ်ရင်လည်း ဆက်ကန့် ကွက်သွားရမှာပဲ’’ဟု ဦးတင်မောင်တိုးက ပြောသည်။

ရှမ်းပြည်နယ် လွှတ်တော် အဆောက်အအုံသည် ပျက်စီးယို ယွင်းနေခြင်းမရှိသေးဘဲ ရှမ်းပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရေနှင့်လည်း ကိုက်ညီမှုရှိသည် ဟု ဦးတင်မောင်တိုးက ပြောကြား သည်။

ရှမ်းပြည်နယ် လွှတ်တော်ရုံး အသစ် တည်ဆောက်ရန် စီစဉ်နေ မှုနှင့် ပတ်သက်၍ လွှတ်တော်ရုံးသို့ ဆက်သွယ်မေးမြန်းသော် လည်း ပြန်လည်ဖြေကြားခြင်းမရှိ ပေ။ လွှတ်တော်ရုံးအသစ် တည် ဆောက်ရန် စီစဉ်နေမှုကို တောင် ကြီးဒေသခံများ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့များ ကန့် ကွက်သည့် လက်မှတ်များ ရေး ထိုးကောက်ခံသည့် ကမ်ပိန်းလုပ် ရှားမှု ဆောင်ရွက်မည်ဟု ဆို သည်။

‘‘ဒီလိုလုပ်နေတဲ့ ကုမ္ပဏီကို တော့ မသိရသေးဘူး။ အများ ပြည်သူနဲ့ဆိုင်တဲ့လမ်းကို ပိတ်ပြီး တော့ အပန်းဖြေတဲ့နေရာ၊ မြို့ရဲ့ အထင်ကရနေရာမှာ အပင်တွေ ခုတ်ပြီး လုပ်ဆောင်မှာကို ဒေသခံ အနေနဲ့ ကန့်ကွက်သွားမှာပါ’’ဟု ရှင်သန်ရာကမ္ဘာမြေအဖွဲ့မှ ဦးသူရစောသိန်းက ပြောသည်။


Source: 7DayDaily

Facebook comments