သန်လျင် အိုင်စီတီစီးတီးအကောင်အထည်ဖော်နိုင်ရေး တိုင်းဒေသကြီးအစိုးရနှင့် ထပ်မံတွေ့ဆုံပြီး ခွင့်ပြုချက်တောင်းမည်ဟုဆို

သန်လျင်မြို့အနီး အ ကောင်အထည်ဖော်မည့် အိုင်စီ တီစီးတီးနှင့်ပတ်သက်၍ အစိုးရ ၏ ခွင့်ပြုချက်ရရှိရန် ထပ်မံကြိုး စားနေသည်ဟု မြန်မာနိုင်ငံကွန် ပျူတာအသင်းချုပ်မှ သတင်းရရှိ သည်။

ယခင်အစိုးရလက်ထက်က မြေဧက ၃၀၀ အကျယ်အ၀န်းပေါ် တွင် သန်လျင်အိုင်စီတီစီးတီးစီမံ ကိန်းကို အကောင်အထည်ဖော် ရန် သဘောတူညီခဲ့သော်လည်း အစိုးရသစ်လက်ထက်၌ ယင်းစီမံ ကိန်းအား ပြန်လည်သုံးသပ်နေသ ဖြင့် ခွင့်ပြုချက်ရရှိရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ထပ်မံတွေ့ဆုံမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေ ထွေအတွင်းရေးမှူး ဦးဇော်မင်း ဦးက ပြောသည်။

‘‘တိုင်းဒေသကြီး အစိုးရအ ဖွဲ့နဲ့က နှစ်ကြိမ်တော့တွေ့ပြီးပြီ။ နောက်တစ်ခေါက် ထပ်တွေ့ပြီး သေချာရှင်းပြဖို့ရှိတယ်’’ဟုဦးဇော်မင်းဦးက ဆိုသည်။


ယခုနှစ်ဆန်းက သန်လျင် အိုင်စီတီစီးတီးကို ဇုန်လေးခုခွဲ၍ ပြီးခဲ့သည့် မေလတွင် စတင်အ ကောင်အထည်ဖော်နိုင်မည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်က မျှော်မှန်းထားသော်လည်း အစိုးရအပြောင်းအလဲဖြစ်ပေါ်ပြီး နောက်ပိုင်း ခွင့်ပြုချက်မရရှိသေး ၍ ရပ်တန့်နေခြင်းဖြစ်သည်။

အထက်ပါစီမံကိန်းအတွက် ဒေသခံများထံမှ ကျပ်သိန်း ၃,၇၀၀ ကျော်ဖြင့် အပြီးသတ်ဝယ် ယူခဲ့သည်ဟု မြန်မာနိုင်ငံ ကွန်ပျူ တာအသင်းချုပ်ဥက္ကဋ္ဌက ပြီးခဲ့ သည့် ဇန်န၀ါရီ၌ ထုတ်ဖော် ပြော ကြားကာ ပြည်တွင်းနည်းပညာ ကုမ္ပဏီများ တစ်နေရာတည်းစု ဝေးရာနှင့် စီးပွားရေးလုပ်ငန်းများ ပြုလုပ်နိုင်မည့် ဇုန်တစ်ခုဖြစ်လာ ရန် စီစဉ်ထားကြောင်း ကွန်ပျူ တာအသင်း တာဝန်ရှိသူအချို့က ပြောသည်။


Source: 7DayDaily

Facebook comments