မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုအသင်းမှ အကျိုးဆောင်ခနှုန်းထားသတ်မှတ်
မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ နိုင်ငံအတွင်း အိမ်ခြံမြေရောင်းဝယ်မှုဆောင်ရွက်ရာတွင် အကျိုးဆောင်ခနှုန်းထားများကို သတ်မှတ်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။အိမ်ခြံမြေအရောင်းအ၀ယ်ပြုလုပ်ရာ၌ အကျိုးဆောင်ခနှုန်းထားမှာ တန်ဖိုးကျပ်သိန်းတစ်ရာ အထိ ၃ ရာခိုင်နှုန်းနှင့် အိမ်ငှားခ တစ်လစာရရှိမည်ဖြစ်ကြောင်း BOT စနစ်ဖြင့် အိမ်ရှင်အိမ်ငှား အကျိုး ဆောင်ပါက ငှားရမ်း ကာလ ၁၀ နှစ်အထိ တစ်လစာ၊ ငှားရမ်းကာလအနှစ် ၃၀ အထိ ၃ လစာ၊ ငှားရမ်းကာလ နှစ် ၅၀ အထိ ၅ လစာ ရရှိမည်ဖြစ်ကြောင်း၊ မြေရှင်နှင့် ကန်ထရိုက်အကြား ၀န်ဆောင်မှုပေးမည်ဆိုပါက ကန်ထရိုက်နှင့် အိမ်ရှင်ဆောက်လုပ်ရန် ညှိနှိုင်းမှု အကျိုးဆောင်ခသည် မြေကာလတန်ဖိုး၏ ၃ ရာခိုင်နှုန်း သို့မဟုတ် ညှိနှိုင်းတန်ဖိုးရရှိမည်ဖြစ်ကြောင်း သိရသည်။Source: Golden Hexagon
Facebook comments