အိမ်ခြံမြေအတွက် ယုံကြည်အားထားရသော အကျိုးပြုအကျိုးဆောင်စေဖို့
အိမ်ခြံမြေတိုက်ခန်းရောင်းဝယ်မှုများတွင် အကျိုးဆောင်များ၏ အခန်းကဏ္ဍမှာ
အိမ်ခန်းပိုင်ရှင်များနှင့် ဝယ်လိုငှားလိုသူများအကြားအရောင်းအဝယ် အငှားရမ်း
အဆင်ပြေချောမွေ့စေဖို့အတွက် ယခုကာလများ၌ ပိုမိုအားထားလာကြသည့်
အနေအထားတစ်ခု ဖြစ်လာနေသည်နှင့်အညီ အကျိုးဆောင်များအနေဖြင့်
အိမ်ရှင်နှင့် အိမ်ငှား၊ အိမ်ဝယ်သူတို့အတွက် အိမ်ရာတိုက်ခန်းနှင့် ပတ်သက်၍
ဘက်ပေါင်းစုံမှ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သော အကျိုးဆောင်
ကောင်းတစ်ဦးဖြစ်မည်ဆိုလျှင် အိမ်ခြံမြေနှင့် ဆက်စပ်ရာ လုပ်ငန်းဆောင်တာ
များတွင် ပိုမိုအဆင်ပြေချောမွေ့သော ဝန်ဆောင်မှုကောင်းများဖြင့် ရပ်တည်
ဆောင်ရွက်နိုင်ကြပါလိမ့်မည်။
အိမ်ရှင်တို့အနေဖြင့် မိမိပိုင်ဆိုင်သည့် အိမ်ခန်းအား ရောင်းချမည်ဆိုလျှင်
ဈေးကောင်းဈေးမှန်ရစေရန်အတွက် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ပြင်ဆင်
ဖြည့်စွက် ရောင်းချတတ်ကြသည်က များကြသည်။ Toilet များ၊ Kitchen Room
များကိုသပ်ရပ်သန့်ရှင်းစွာပြင်ဆင်ထားရှိကာ လေဝင်လေထွက် ကောင်းမွန်
စေရန် ပြင်ဆင်ခြင်း၊ ခန်းဆီးလိုက်ကာ အသစ်များသို့မဟုတ် အဟောင်းများ
လျှော်ဖွပ်သန့်စင်ထားခြင်းဖြင့်လည်းကောင်း၊ ပြတင်းတံခါးအပေါ်ရှိ အလင်း
၀င်ပေါက် မှန်နှင့်ပြတင်းဘောင်များ၊ ဖန်တုံးအလှများရှိဖုန်နှင့် အညစ်အကြေများ
ဆေးကြောတိုက်ချွတ်ခြင်း၊ ကြမ်းခင်းအဟောင်းအပျက်များ လဲလှယ်ပြင်ဆင်ခြင်း၊
တိုက်ဟောင်းများ အများစုသည် မိုးရေစားခြင်းနှင့် အခြားသော ရာသီဥတုဒဏ်
များကြောင့် ဆေးရောင်ပျယ်လွင့်၍ဆေးကွက်ခြင်း၊ ကွာခြင်းများ ဖြစ်တတ်သည့်
အတွက် အခန်းတွင်း အခန်းပြင်ဆေးသုတ်ရန် လိုအပ်ပါက ဆေးသစ်ထပ်မံ
သုတ်ခြင်းများကို ပြင်ဆင်ဆောင်ရွက်သင့်ပါသည်။
အကျိုးဆောင်တစ်ဦးအနေဖြင့် အိမ်ရှင်က အပ်နှံထားသည့် အရောင်းအငှား
အိမ်ခြံတိုက်ခန်းများတွင် နေထိုင်စားသောက်ရေးအတွက် လိုအပ်သည့်
အခြေခံပစ္စည်းများ၏ အခြေအနေများ အထူးသဖြင့် Air-Com များ၊ မီးလိုင်းများ
အိမ်တွင်းအိမ်ပြင်တပ်ဆင်ထားမှု အန ္တရာယ်ကင်းမကင်း စိတ်ချရမှု အခြေ
အနေများ လေ့လာကြည့်ရှု၍ အိမ်ဝယ်လိုများသို့ ဖြစ်စေ အိမ်ရှင်များသို့
ဖြစ်စေ အသိပေးပြောကြား၍ လိုအပ်ပါက ပြင်ဆင်ခြင်း၊ အသစ်လဲလှယ်ခြင်း
လဲလှယ်သင့်သည့် ပစ္စည်းအမျိုးအစားများ အကြံပေးနိုင်ခြင်း အကြံပေးခြင်း
များကို အကြံပေးပြောကြားပေးနိုင်ပါလျှင် အိမ်ရှင်၊အိမ်ဝယ် အိမ်ငှားများအတွက်
၀န်ဆောင်မှုကောင်းများဖြင့် အကျိုးပြုမှု ပိုမို ပေးလာနိုင်မည် ဖြစ်သည်။
အကျိုးဆောင်များ၏ အခန်းကဏ္ဍသည်လည်း ခြံမြေတိုက်ခန်း ရောင်းဝယ်မှုတွင်
နှစ်ဦးနှစ်ဘက်အရောင်းအဝယ်ဖြစ်စေဖို့ အကျိုးဆောင်ပေးမှု၊ ဈေး ညှိုနှိုင်းမှုများ
အကြား နှစ်ဦးနှစ်ဘက် ကျေနပ်အဆင်ပြေစေရန်အတွက် အကျိုးဆောင်ပေးမှု
သာမကအိမ်ရှင်အိမ်ငှားများအတွက် လိုအပ်သည့် အကြံပြုချက်များကိုပါ
လေ့လာမှတ်သား၍ အသိပေးပြောကြားပေးခြင်းဖြင့်လည်း မိမိ အကျိုးဆောင်
လုပ်ငန်းအတွက်ပါအထောက်အကူ ဖြစ်စေနိုင်သကဲ့သို့ အိမ်ရှင်နှင့် အိမ်ငှား၊
အိမ်ဝယ်လို တို့အတွက်ပါအကျိုးဆောင်မှုကဏ္ဍတစ်ခုထက် ပိုမိုအားထားရသည့်
အကျိုးဆောင်တစ်ဦးအဖြစ် သိမှတ်နားလည်နိုင်ကြပြီး လုပ်ငန်းပိုင်းဆိုင်ရာများနှင့်
စပ်လျင်းသော ရေရှည်ဆက်ဆံရေးများအနေဖြင့်လည်း အားထားအသိအမှတ်
ပြုကြမည် ဖြစ်သည်။
Property Media Team
www.Property.com.mm