အစိုးရအကူးအပြောင်းကာလတွင် ပုဂ္ဂလိကသို့ မြေယာလွှဲပြောင်းပေးခဲ့မှုကို စုံစမ်းစိစစ်ရန် ကော်မတီဖွဲ့မည်

အစိုးရအကူးအပြောင်း ကာလတွင် စည်ပင်သာယာပိုင် နှင့် အများပြည်သူပိုင်ဆိုင်သော မြေနေရာများကို ပုဂ္ဂလိကသို့ လွှဲပြောင်းချထားပေးခဲ့မှု ဥပဒေနှင့်ညီညွတ်မှုရှိ၊မရှိ ပြန်လည်စိစစ်မည့်ကော်မတီကို မကြာမီရက် ပိုင်းအတွင်း ဖွဲ့စည်းမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ကော်မတီဖွဲ့ဖို့စီစဉ်နေပါ ပြီ။ ဒီတစ်ပတ်ထဲ ဖွဲ့မယ့်သဘော ရှိပါတယ်’’ဟု မန္တလေးတိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဋ္ဌဦးအောင် ကျော်ဦးကပြောသည်။

အဆိုပါကော်မတီကို တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များ ပါဝင်ဖွဲ့စည်းနိုင်ရန် အ စိုးရအဖွဲ့နှင့် ညှိနှိုင်းနေပြီး မကြာ မီရက်ပိုင်းအတွင်း ဖွဲ့စည်းမည်ဟု ဦးအောင်ကျော်ဦးက ပြောသည်။

အစိုးရအကူးအပြောင်းကာ လအတွင်း အများပြည်သူနှင့် သက်ဆိုင်သည့် ဧရိယာကျယ်ဝန်း သော မြေကွက်များ၊ ပလပ်မြေ များကို လူပုဂ္ဂိုလ်အမည်များဖြင့် မြေနေရာချထားပေးခဲ့မှုများ ပြန်လည်စိစစ်ကာ အများပြည်သူ အကျိုးအတွက် စနစ်တကျစီမံခန့် ခွဲဆောင်ရွက်နိုင်ရေးတိုက်တွန်း ကြောင်းအဆိုကို ပြီးခဲ့သည့်ဇူလိုင် လဆန်းက ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အ စည်းအဝေး၌ အတည်ပြုထားခြင်းဖြစ်သည်။

အစိုးရအဖွဲ့ဝန်ကြီးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များပါ ၀င်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ အမြန်ဆုံးဖွဲ့စည်းကာ အဆိုပါ ဖြစ်ရပ်ကို ပြန်လည်စိစစ်မည်ဖြစ် ပြီး အများပြည်သူ အကျိုးမရှိ သော ချထားပေးခဲ့မှု ဖြစ်ပါက အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ရုပ်သိမ်းမည်ဟု ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားသည်။

‘‘အခုထိတော့ ကော်မတီဖွဲ့ တာမရှိသေးဘူး။ ဒါပေမဲ့လွှတ် တော်က အတည်ပြုပြီးနောက်ပိုင်း တချို့စီမံကိန်းတွေတော့ ရပ်ခိုင်း ထားတဲ့သဘောရှိတယ်’’ ဟု အ ထက်ပါအဆို တင်သွင်းခဲ့သူ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးမြင့် အောင်မိုးကပြောသည်။

အစိုးရအကူးအပြောင်းကာ လ ဇန်န၀ါရီမှ မေလအတွင်း အ များပြည်သူပိုင်နေရာများကို ပုဂ္ဂလိကပိုင်အဖြစ်ချထားပေးခဲ့မှု တွင် မန္တလေးခရိုင်တစ်ခုတည်းအ တွင်း၌ပင် အနည်းဆုံးမြေဧက တစ်ထောင်ကျော်ရှိသည်ဟု တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များကပြောသည်။

ကျောင်း၊ ဆေးရုံ၊ အားက စားကွင်းကဲ့သို့ အများပြည်သူပိုင် နေရများအဖြစ်အကောင်အထည် ဖော်ရန် ချန်လှပ်ထားသည့် မန္တ လေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက စီမံခန့်ခွဲနေသည့်မြေကွက်များကို ပြီးခဲ့သည့်အစိုးရက အစိုးရအလွှဲအပြောင်းကာလ လပိုင်းအတွင်း လူ၉၉ဦးထံ ပုဂ္ဂလိကတစ်ဦးတည်းပိုင်မြေများအဖြစ် ချထားခွင့်ပြုပေးခဲ့ခြင်းကို စိစစ်တွေ့ရှိရသည်ဟု မန္တလေးမြို့တော်ဝန်ဒေါက်တာဦးရဲလွင်ကလည်း ပြောကြားထားသည်။

Source: 7DayDaily

Facebook comments