လုပ်ငန်းမစရသေးသည့် အထပ်မြင့်တစ်ရာကျော် ခွင့်ပြုချက် ပြန်လည်လျှောက်ရမည်

မူအားဖြင့် ခွင့်ပြုချက်ရ ရှိပြီးဖြစ်သော်လည်း မြေပြင်လုပ် ငန်းများ မစတင်ရသေးသည့်အ ထပ်မြင့်အလုံးရေ တစ်ရာကျော် မှာ ခွင့်ပြုမိန့် ပြန်လည်လျှောက် ထားရမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်သည်။

အဆိုပါ အဆောက်အအုံ များသည် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ညွှန် ကြားမှုဖြင့် ဆောက်လုပ်ခြင်းရပ် ဆိုင်းခံထားရသည်။

‘‘ခွင့်ပြုမိန့် တင်ရမယ်ဆို တော့ ဒီဇိုင်းဆွဲခတွေပြန်ကုန်မယ် ပြန်ပြီးတင်ရမယ်ဆိုတော့ စီမံ ကိန်းအတွက် မျှော်မှန်းထားတဲ့အ ချိန်တွေလွဲကုန်ပြီးနောက်ကျကုန် မှာ’’ဟု ဆောက်လုပ်ရေးလုပ်ငန်း ရှင်တစ်ဦးကသုံးသပ်သည်။

လက်ရှိတွင် မူအားဖြင့်ခွင့် ပြုချက်ရပြီး မြေပြင်လုပ်ငန်းများ စတင်နေသည့် ၁၉လုံးကိုမူ ပြီးခဲ့ သည့် ၂၁ရက်က စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ကာ ယခုလအတွင်းထပ်မံကျန်ရှိနေသေးသည့် ၃၂လုံးကို စစ်ဆေးမည်ဖြစ်သည်။

အဆိုပါ အလုံးများအားလုံး မှာ မြေပြင်တွင် လုပ်ငန်းများစ တင်နေပြီဖြစ်သောကြောင့်ခွင့်ပြု မိန့် ပြန်လည်တင်ပြစရာ မလိုဘဲ စစ်ဆေးမှု ခံယူရခြင်းဖြစ်ပြီး အဆိုပါ ၃၂ လုံးကို ဇူလိုင် ၂၅ ရက်၌ အပြီးသတ် စစ်ဆေးမည်ဖြစ်သည်။

ရန်ကုန်တွင် မေလ ၂၀က စတင်ပြီး ပြီးခဲ့သည့်အစိုးရ လက်ထက်က ခွင့်ပြုခဲ့သည့်အဆောက်အအုံ ၁၈၅ လုံးကို ပြန်လည်စစ်ဆေးမှုများပြုလုပ်ရန်ရပ်တန့်စေခဲ့သည်။

အဆိုပါ ၁၈၅ လုံးအနက် တည်ဆောက်မှုထက် ၀က်ခန့်ပြီးစီးနေပြီဖြစ်သော အဆောက်အအုံ ၁၂လုံး၏ စစ်ဆေးမှုရလဒ်ကိုယခု လပထမပတ်ကစတင်ထုတ်ပြန်ခဲ့ ရာ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအကြား ဝေဖန်မှုများမြင့် တက်လာခဲ့သည်။

Source: 7DayDaily

Facebook comments