
 

ရန်ကုန်မြို့ မြို့နယ်များ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအငှား

ခေါ်ဆိုမှု အားသာနေပြီး ကန်ထရိုက်များ လုပ်ကွက်ရွေးချယ်မှုများရှိလာ

 

 

ကန်ထရိုက်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အရောင်းအဝယ်ဖြစ်နိုင်သည့်

လုပ်ကွက်အခြေအနေအပေါ် ချိန်ဆလုပ်ကိုင်လာကြပြီး အခန်းပေးအခန်းယူ

စနစ်ဆောက်လုပ်မှုများကို နေရာအကွက်အကွင်းကောင်းမွန်ပြီး ဝယ်လိုများ

စိတ်ဝင်စားမှုရှိနိုင်သည့် နေရာကောင်း လမ်းပန်းဆက်သွယ်ရေးကောင်း

မွန်သည့် လုပ်ကွက်များကိုသာ ပိုမိုအားပြုလာသည်ကို တွေ့ရကာ အကျိုးတူ

ဆောက်လုပ်မှုပုံစံထက် အခန်းမယူတော့ပဲ အရောင်းအဝယ်ဖြစ်မှု မဖြစ်မှုကို

ကြည့်စရာမလိုသည့် PAE စနစ်ဖြင့် လုပ်ငန်းလက်ခံခြင်းများကိုလည်း ပိုမို

ရွေးချယ်လာသည်များတွေ့ရကြောင်း အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူများမှ

ပြောကြားချက်အရ သိရသည်။

 

အရောင်းခေါ်ဆိုမှုများအနေဖြင့် လွန်ခဲ့သည့်နှစ်များအတွင်း ဈေးကွက်

ဖွံဖြိုးစဉ်ကာလများက ဝယ်ယူပိုင်ဆိုင်ထားသော လုံးချင်းအချို့နှင့် ဈေး

အမြင့်၊ ဈေးသင့်တိုက်ခန်းများအား အရောင်းခေါ်ဆိုမှုများ တွေ့လာရပြီး

အထူးသဖြင့် တောင်ဥက္ကလာပမြို့နယ်နှင့် သင်္ကန်းကျွန်း၊ သုဝဏ္ဏဘက်များ၌

ပိုမိုတွေ့လာရပြီး အချို့နေရာများတွင် ခြံမြေတိုက်ခန်း ဝယ်ယူရင်းနှီးမြှုပ်နှံ

ထားသူများ ဈေးအမြင့်ဖြင့် ဝယ်ယူထားခဲ့သူများအနေဖြင့် ဝယ်ခဲ့သည့်

ဈေးထက် အတန်ငယ်လျော့နည်းနေသည့် လက်ရှိဈေးကွက်အခြေအနေ

ကြောင့် ပြန်လည်ကာမိစေရန် အငှားခေါ်လိုမှုများ အငှားဈေးနှုန်း လျော့ချ

ငှားရမ်းပေးမှုများလည်း ရှိလာကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးမှ

ပြောသည်။

 

"လက်ရှိဈေးကွက်အခြေအနေက အငှားပိုဖြစ်လာတယ် အရောင်းခေါ်တာ

တွေလည်း မြို့နယ်တိုင်းလိုလို တွေ့ရပါတယ် ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်

ဆောက်လုပ်တာတွေလည်း နည်းပါးလာသလိုတွေ့ရတယ် ခွင့်ပြုချက်မဲ့

အဆောက်အအုံတွေနည်းလာတာက သက်ဆိုင်ရာကလည်း စနစ်တကျ

စီမံထိန်းချုပ်လာတာရယ် အရောင်းအဝယ်ဈေးကွက်အခြေအနေ

ကောင်းကောင်းပြန်မဖြစ်သေးတာရယ်ကြောင့် ဖြစ်ပါမယ် နဂိုဝယ်ပြီးသား

အခန်းတွေ ရောင်းလိုသူတွေများကြတယ် တချို့ကလည်း ဝယ်ရောင်းသမား

တွေနဲ့ တချို့ကျတော့ ရင်းနှီးမြှုပ်နှံမှုအရ တစ်ခန်းနှစ်ခန်း ဝယ်ထားတာမျိုး

တွေပေ့ါ လောလောဆယ်တော့ ကျွန်တော်တို့အနေနဲ့ နယ်ဘက်က လုပ်ငန်း

အပ်တာတွေကို ရှာဖွေလေ့လာပြီး ဆောက်လုပ်ပေးနေပါတယ်" ဟု

ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းလုပ်ကိုင်သူ ကိုမြင့်သက်မောင်က

Property.com.mm သို့ ပြောသည်။

 

Property Media Team

www.Property.com.mm

 

Facebook comments