မြို့ပတ်ရထားလမ်း အဆင့်မြင့်စီမံကိန်းမှာ မသန်စွမ်းတွေအတွက် သီးသန့် လူသွားစကြံ င်္တွေပါဝင်မည်

ရန်ကုန်မြို့ပတ်ရထားလမ်းတွေ အဆင့်မြှင့်တင်မယ့် စီမံကိန်းမှာ မသန်စွမ်းတွေအတွက် သီးသန့်လူသွားစကြံ င်္ တွေဆောင်ရွက်မယ်လို့ မြန်မာ့မီးရထား တိုင်း(၆) က ထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောပါတယ် ။

သူက ‘အဆင့်မြှင့်တင်တဲ့ စီမံကိန်းထဲမှာ ဘူတာရုံတွေက အစမြှင့်တင်မယ် ၊ မသန်စွမ်းတွေအတွက်လဲ သီးသန့်လူသွားလမ်းတွေ ထည့်သွင်းပေးဖို့ ရည်ရွယ်ထားတယ်’ လို့ပြောပါတယ် ။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က ဥက္ကဌ ဦးနေလင်းစိုးက ‘ခုလိုလုပ်ပေးရင် ကောင်းတာပေါ့ ၊ နိုင်ငံတကာမှာတော့ မသန်စွမ်းတွေအတွက် အစကတည်းက ထည့်သွင်းရေးဆွဲထားတယ် ၊ ဥပမာမျက်မမြင်တွေအတွက် ဘယ်မှတ်တိုင်ရောက်နေပြီလဲဆိုတာကအစ အသံနဲ့သတိပေးတဲ့ စနစ်လိုမျိုးပေါ့နော် ၊ နောက်ပြီးရထားအတက်အဆင်းကိစ္စ ၊ မြေသားနဲ့သံလမ်းတစ်ပြေးညီဖြစ်ဖို့ကိစ္စတွေ လုပ်ပေးနိုင်ရင်ကောင်းပါတယ်’ လို့ပြောတယ် ။

အစိုးရအနေနဲ့ မသန်စွမ်းဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်းမှာ အများပြည်သူသုံး နေရာတွေနဲ့ သယ်ယူပို့ဆောင်ရေးအစီအစဉ်တွေမှာ မသန်စွမ်းလူထုအတွက်ပါ တစ်ပါတည်းဆောင်ရွက်မယ်လို့ ကတိကဝတ်ပြုထားကြောင်းသိရပါတယ် ။

ရန်ကုန်မြို့ပတ်ရထားလမ်းစီမံကိန်းကို ၂၀၁၇-၂၀၁၈ ခုနှစ်မှာ စတင်အကောင်အထည်ဖော်မှာဖြစ်တယ် ။ ရေတို ၊ ရေလတ် ၊ ရေရှည်စီမံကိန်းတွေ လုပ်ဆောင်မှာဖြစ်တယ် ။ စီမံကိန်းအတွက် နိုင်ငံတော်က ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၂၀၁၆ ရင်းနှီးမြှုပ်နှံမယ်လို့ သိရပါတယ် ။ မြို့ပတ်ရထားလမ်းတစ်ခုလုံးရဲ့အရှည်က ၂၉ မိုင်ဖြစ်ပါတယ် ။

Source: The Modern

Facebook comments