မူဝါဒအပြောင်းအလဲများနှင့် လတ်တလော စက်မှုဇုန်ဈေးကွက်အခြေအနေများ
ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ရှိသော စက်မှုဇုန် ၂၉ ဇုန်အတွင်း လုပ်ငန်း
လုပ်ဆောင်ခြင်းမရှိသော မြေကွက်လွတ်များအား အရေးယူဆောင်ရွက်ရန်
အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေးကြော်ညာချက် တစ်ရပ်
ထွက်ပေါ်လာပြီးသည့်နောက်ပိုင်း၌ စုံစမ်းရန်ခက်ခဲနေသည့် လာရောက်
ဆက်သွယ်ခြင်းမရှိသော မြေကွက်လွတ်များ ရှိနေကြောင်း စက်မှုဇုန်များ စီမံ
ခန့်ခွဲရေးကော်မတီမှ ပြောကြားချက်များအရ သိရသည်။
ကြေညာချက်ထွက်ပေါ်သည့်နောက်ပိုင်း စက်ရုံအလုပ်ရုံများ တည်ဆောက်
လာသည့် မြေကွက်များတွေ့လာရပြီး စက်မှုဇုန်များအတွင်း အရောင်းအဝယ်
ဈေးကွက်အားဖြင့် မြေကွက်အတွင်း ဂိုထောင်တည်ဆောက်ပြီးသော အကွက်
များ စုံစမ်းဝယ်ယူမှုများ ရှိပြီး ကုန်ပစ္စည်းသိုလှောင်ထားခြင်းမရှိသော ဂိုထောင်
ပိုင်ရှင်များအနေဖြင့်လည်း အရောင်းခေါ်ဆိုမှုများနှင့် ငှားလိုမှုများ ပိုမိုတွေ့ရ
လာပြီး မြေကွက်လွတ်အရောင်းအဝယ်အားဖြင့် မရှိသလောက်နည်းပါးကြောင်း
စက်မှုဇုန်ဈေးကွက် ကျွမ်းကျင်သော အိမ်ခြံမြေအကျိုးဆောင်များအား စုံစမ်း
ေးမမြန်းချက်များအရ သိရသည်။
“တစ်ချို့မြေကွက်တွေက စက်မှုဇုန်စဆောက်ကတည်းကနေ အခုထိ ဒီတိုင်းပဲ
ရှိနေတဲ့ အကွက်တွေပါ အစိုးရကတော့ ကြေညာချက်ထုတ်ထားပေမယ့်
ဘယ်နေ့ဘယ်ရက် အရေးယူမယ် သိမ်းဆည်းမယ်ဆိုတာမျိုး တိတိကျကျ
သတိမပေးထားတော့လည်း အရိပ်အခြေကြည့်နေကြတာလည်း ဖြစ်နိုင်တယ်
စက်မှုဇုန်အကွက်တွေချပေးတုန်းက မြေကွက်ရရှိပြီး ဘယ်နှလအတွင်း
လုပ်ငန်းလုပ်ရမယ်ပေ့ါ စည်းကမ်းသတ်မှတ်ချက်တွေ ရှိပေမယ့် စည်းကမ်း
အတိုင်း ထိထိရောက်ရောက် ကိုင်တွယ်မှုမရှိတော့ ခုချိန်ထိ ဒီတိုင်းဖြစ်နေတာ
ပေ့ါ ဒီကြားထဲ ကျူးကျော်ပြဿ နာတွေကလည်း ဇုန်တွေထဲ တနွယ်ငင်
တစင်ပါ ရှင်းရဦးမယ့်ကိစ္စတွေပေ့ါ ဒါပေမယ့် အရင်ကထက်စာရင် လက်ရှိ
အစိုးရလက်ထက်မှာတော့ ဒီပြဿနာတွေကို စနစ်တကျ ကိုင်တွယ်နိုင်လိမ့်မယ်
လို့ ထင်ပါတယ်” ဟု အိမ်ခြံမြေအကျိုးဆောင် တစ်ဦးမှ Property.com.mm
သတင်းမီဒီယာသို့ ပြောကြားသည်။
ယခင်က စက်မှုဇုန်မြေကွက်များ ချပေးရာတွင် မြေကွက်အတွင်း လုပ်ငန်း၊
စက်ရုံတည်ဆောက်ပြီးမှသာ မြေဂရန်အငှား ချထားပေးသည့် စနစ်မှာ
ဇုန်အတွင်း မြေကွက်လွတ်များ ဖောင်းပွနေခြင်းကို တစ်နည်းတစ်ဖုံ အထောက်
အကူပေးသည့် မူဝါဒတစ်ရပ်ဖြစ်သော်လည်း ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင်
ထိုမူဝါဒကို ပြောင်းလဲပြီး မြေဂရန်ကို ကြိုတင်ထုတ်ပေး၍ စက်ရုံလုပ်ငန်းကို
နောက်မှ တည်ဆောက်နိုင်သည့် စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည့်အတွက်
ယခုကဲ့သို့ ပြဿ နာများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင်
ရန်ကုန်တိုင်းဒေသကြီးတစ်ခုအတွင်း၌ပင် လုပ်ငန်းမလုပ်ဆောင်သော
စက်မှုဇုန်မြေကွက်များ ၂၃၀၀ ကျော်နှင့် လုပ်ငန်းမလုပ်ဆောင်သော
ဂိုထောင်လွတ် စုစုပေါင်း ဂိုထောင် ၁၃၀၀ ခန့်ရှိနေကြောင်း သိရသည်။
Property Media Team
www.Property.com.mm