အိမ်ခြံမြေအဝယ်အချို့ ဝင်ငွေခွန်ရာခိုင်နှုန်းအသစ်ကို စောင့်နေ
အိမ်ခြံမြေဝယ်ယူထားသူတချို့ ဝယ်ယူထားတဲ့အိမ်ခြံမြေတွေအတွက် ပေးဆောင်ရမယ့်ဝင်ငွေခွန်ရာခိုင်နှုန်းကများတာကြောင့် မြေပုံရာဇဝင်ကူးယူတဲ့အဆင့်အထိပဲပြုလုပ်ထားကြပြီး ဝင်ငွေခွန်ရာခိုင်နှုန်းအသစ်ကိုစောင့်နေကြတာတွေရှိတယ်လို့ ဈေးကွက်အတွင်းကသိရတယ် ။လက်ရှိမှာပေးဆောင်နေရတဲ့ဝင်ငွေခွန်ရာခိုင်နှုန်းကများတာကြောင့်အမည်ပေါက်ပြောင်းလဲတဲ့လုပ်ငန်းစဉ်မှာလုပ်ဆောင်ရတဲ့မြေပုံကူးအဆင့်အထိပဲလုပ်ဆောင်ထားပြီးအခွန်နှုန်းထားအပြောင်းအလဲကိုစောင့်နေကြတာဖြစ်တယ် ။ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က ‘မြေပုံကူးတာကတော့လုပ်ငန်းစဉ်ထဲမှာပါတဲ့တစ်ခုပါ ၊အမည်ပေါက်ပြောင်းရင်ပြုလုပ်ရတာပဲ ၊အရောင်းအဝယ်ပြုလုပ်ဖို့ဆိုတဲ့အကြောင်းအရာနဲ့ယူထားလို့ရတယ် ၊သူရဲ့သက်တမ်းကတစ်နှစ်အထိရတယ် ၊တစ်နှစ်အတွင်းကိုယ်ကဝင်ငွေခွန်မဆောင်သေးဘဲ ကိုင်ထားလဲရတယ် ‘လို့ရှင်းပြပါတယ် ။ဈေးကွက်ထဲမှာနေဖို့ဝယ်တဲ့သူတွေကအမည်ပေါက်ပြောင်းပြီးတရားဝင်အခွန်ပေးဆောင်ချင်သူတွေရရှိပါတယ် ။ဒါပေမဲ့ဝင်ငွေခွန်နှုန်းထားက အနည်းဆုံးက (၁၅)ရာခိုင်နှုန်းနဲ့တံဆိပ်ခေါင်းခွန်ငါးရာခိုင်နှုန်းဖြစ်နေတာကြောင့်မြို့သစ်တွေဘက်မှာဝယ်ယူတဲ့သူတစ်ဦးအတွက်ဆောင်ရမယ့်ဝင်ငွေခွန်ကအနည်းဆုံးကျပ်သိန်း (၆၀)ကျော်လောက်အထိရှိနေပါတယ် ။အများစုကပေးဆောင်ဖို့ ဝန်လေးကြတာကြောင့်အစိုးရသစ်လက်ထက်မှာပြောင်းလဲလာမယ့်အခွန်နှုန်းထားအသစ်ကိုစောင့်နေကြတယ်ဖြစ်တယ်။ကောင်းသန့်အကျိုးဆောင်ကကိုနိုင်မျိုးက ‘နှစ်တိုင်းဝင်ငွေခွန်နှုန်းထားကို ပြောင်းလဲတတ်တယ် ၊အောက်တိုဘာလောက်မှာ ပြောင်းလဲတတ်တာကြောင့်စောင့်ကြည့်နေကြတာပါ ၊မြေပုံကူးပြီးသားလူဆိုသက်တမ်းမကုန်သေးရင် သက်တမ်းမကုန်သေးရင်ဝင်ငွေနှုန်းထားလျော့တာနဲ့အခွန်တန်းဆောင်လို့ရအောင် ကြိုတင်လုပ်ဆောင်ထားကြတဲ့သဘောပါ ‘လို့ပြောပါတယ် ။လက်ရှိနှုန်းထားနဲ့ဆောင်နိုင်တဲ့သူတချို့လည်းအခွန်ဆောင်ပြီးအမည်ပေါက်ပြောင်းထားတွေရှိသလိုအခုလိုအခွန်နှုန်းလျှော့မယ့်အချိန်ကို မျှော့်လင့်ပြီးစောင့်နေကြတာတွေလည်းဈေးကွက်ထဲမှာရှိထဲမှာရှိနေကြတာဖြစ်တယ် ။အကျိုးဆောင်အများစုကတော့အရင်ကလိုအခွန်နှုန်းထားတွေဖြေလျော့ပေးသင့်တယ်လို့သုံးသပ်ကြပါတယ် ။ကျောက်တံတားမြို့နယ်ကအကျိုးဆောင်ဦးအောင်ကျော်က ‘ဟိုးအရင်ကအခွန်ဆောင်ရင် (၃၀)ရာခိုင်နှုန်းပဲပေါ့ ၊အခုနောက်ပိုင်းတန်ဖိုးတွေနဲ့ကန့်သတ်ပြီးရာခိုင်နှုန်းတွေခွဲခြားထားပြီးဆောင်ခိုင်းတယ် ၊လက်ရှိအခွန်နှုန်းထားမသတ်မှတ်ခင်က နှုန်းထားအဟောင်းကတော့ ပိုပြီးအဆင်ပြေစေတယ် ၊လူတိုင်းဆောင်နိုင်တဲ့နှုန်းထားမျိုးပေါ့ ၊အသစ်သတ်မှတ်ပေးမယ့်နှုန်းထားတွေကိုလဲအဲဒီလို သတ်မှတ်ပေးစေချင်တယ် ‘လို့သူအမြင်ကိုပြောပါတယ် ။Source:The Modern
Facebook comments