စမ်းချောင်းမြို့နယ် ဗားကရာလမ်းမတလျှောက် လက်ရှိဖြစ်ပေါ် နေသော အိမ်ခြံမြေဈေးကွက် အခြေအနေများအား ကျွန်တော်တို့ Property.com.mm သတင်းမီဒီယာအဖွဲ့မှ ယခု နိုဝင်ဘာ တတိယပတ်အတွင်း သွားရောက်စုံစမ်း သတင်း ရယူ ခဲ့မှုများအား အိမ်ခြံမြေဈေးကွက် လေ့လာသူများအတွက် ရေးသားတင်ပြလိုက်ပါသည်။
ဗားကရာလမ်းမနှင့် ပတ်ဝန်းကျင် အိမ်ခြံမြေ ရောင်းဝယ်ငှား ဈေးကွက်ဖြစ်ထွန်းမှု အခြေအနေများအား ဒေသခံ အကျိုးဆောင် တစ်ဦးအား မေးမြန်းခဲ့ရာတွင် "ဗားကရာလမ်းမပေါ်ဆိုရင်တော့ လမ်းမတန်းဆိုတော့ နေရာကောင်းရင်ကောင်းသလိုပဲ ဈေးကောင်းတာတွေက များတယ် စီးပွားရေးလုပ်ဖို့ မြေညီခန်းတွေ ရှာတာတွေရှိတယ် နေဖို့ သက်သက်ဆိုရင်တော့ ဈေးသက်သာတဲ့ အပေါ်ခန်းတွေနဲ့ တခြား လမ်းသွယ် တွေထဲ ရှာတာများ
တယ် ဗားကရာလမ်းပေါ်ဆိုရင် ၁၅'x၆၀' ပထမထပ်ကို ၁၂ သိန်း၊ ပေ ၂၀'x၆၅' ပထမထပ် ကို သိန်း ၂၀၊ ဒုတိယထပ်ကို ၁၈ သိန်း အငှားဈေးရှိပါတယ် တိုက်ဟောင်းတိုက်သစ် နေရာကောင်း မကောင်းပေါ် မူတည်ပြီး ကွာခြားတာပေ့ါ ၂၅'x၅၀' ပထမထပ်ကို ၁၂ သိန်းနဲ့လည်း အငှား ခေါ်တာရှိပါတယ် လမ်းသွယ်တွေထဲဆိုရင် မြေနီကုန်းဈေးလမ်း၊ စမ်းချောင်းလမ်း၊ မင်္ဂလာလမ်းထဲ ၃လွှာ၊ ၄လွှာ ၅လွှာ လေးသိန်း ခွဲ ငါးသိန်း
၀န်းကျင်လေးတွေ အငှားဖြစ်တယ် နောက်ပြီး ဗားကရာ ကွန်ဒိုမှာလည်း ၁၆ သိန်း ၁၇၊ ၁၈ ပတ်ဝန်းကျင်အငှားခေါ်ထားတာ တွေရှိတယ် အကျယ်ကတော့ စတုရန်းပေ ၁၅၀၀/၁၆၀၀/ ၁၈၀၀ စသဖြင့်ရှိပါတယ် အရောင်းဈေးကွက်ကိုပြောရရင်တော့ ဗားကရာ လမ်းမပေါ် ၂၅'x၅၅' ပထမထပ် သိန်း ၁၈၀၀ / ပေ ၂၀'x၆၀' ၆ လွှာ ကို သိန်း ၉၅၀ အရောင်းခေါ်ထားတာရှိပါတယ် လမ်းသွယ်ထဲဆို စမ်းချောင်းလမ်းထဲ ၁၆'x၆၀' မြေညီထပ်ကို သိန်း ၂၀၀၀ ပဒုမ္မာလမ်းထဲ နေရာကောင်း ၁၅'x၆၀' မြေညီကို သိန်း ၂၅၀၀ အရောင်း ဈေးခေါ်ထားတာ ရှိပါတယ် ခုလတ်တလော အိမ်ခြံမြေဈေးကွက် အနေအထားကိုပြောရရင် အခန်းအငှားတွေ ပိုလှုပ်လာတာကို တွေ့ရပါတယ် အခန်းအငှား ခေါ်ကြတာရော အခန်းရှာတဲ့သူတွေရော နည်းနည်းစိတ်လာသလိုရှိတယ် ဝါကျွတ်ပြီး ပွင့်လင်း ရာသီနီးလာတော့ အခန်း ရှာသူတွေများလာတော့ ဈေးကွက် အခြေအနေအရ အခန်းအငှားတွေ
လည်း့ ပိုတွေ့လာရတဲ့ အခြေအနေ ရှိပါတယ် " ဟု ဒေသခံ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ကိုကျော်စွာဝင်းက Property.com.mm သတင်း မီဒီယာအဖွဲ့သို့ ပြောကြားသည်။ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမမှာ ဦးဝိစာရလမ်းနှင့် ဓမ္မစေတီလမ်းဆုံအနီးမှနေ၍ ပြည်လမ်းမ၊ ဗဟိုလမ်းနှင့် အထက်ကြည့်မြင်တိုင်၊ အောက်ကြည့်မြင်တိုင်လမ်းဆုံတို့မှ ဖြတ်ကာ ကြည့်မြင်တိုင်ကမ်းနား လမ်း အထိ ပေါက်ရောက် သော လမ်းမတစ်ခုဖြစ်ပြီး စမ်းချောင်းမြို့နယ် အတွင်း အချက်အချာကျ၍ အိမ်ခြံမြေ ဈေးကွက် ကောင်းမွန်သော လမ်းမတန်း နေရာတစ်ခုဖြစ်သည်။
www.property.com.mm