တိုက်ခန်း အပေါင်လား အာမခံသူ ခေါ်လာပါ
တိုက်ခန်းအပေါင်ထားတဲ့ အခါ ငွေချေးသူတွေဘက်က နစ်နာတာ တွေကြုံရတာကြောင့် ငွေချေးသူတွေက အသိအကျွမ်းမဟုတ်ရင် အာမခံပေးသူမရှိရင် အ ပေါင်စာချုပ်ပါ အချက်တွေမှာ အချက်အ လက်တွေ အသေးစိတ် ထည့်ပြီး မှလက်ခံ ကြတယ်လို့ သိရပါတယ်။ကောင်းစံအကျိုးဆောင်က ဒေါ်တင်ကြည်က “အများစုက ငွေချေးသူတွေကပဲ ရောင်းပေါင်စာချုပ်တွေ ချုပ်ဆိုပြီး အ ပေါင်ခံကြတယ်၊ တကယ်တော့ အပေါင်လက်ခံသူတွေဘက်ကလဲ အလိမ်ခံရတာ တွေရှိတယ်၊ ပေါင်တဲ့သူက စာချုပ်စာတမ်း လုပ်ထားတယ်ဆိုပေမဲ့ ပိုင်ဆိုင်မှုအသစ် လုပ်ပြီး ပြန်မရွေးကြတော့တာတွေကြောင့် ငွေချေးသူတွေခံရတာတွေလဲ ရှိတယ်”လို့ ပြောပါတယ်။ပေါင်ထားတဲ့ အခန်းကို မြေရှင် ကန် ထရိုက်တို့ နဲ့ပေါင်းပြီး ပိုင်ဆိုင်မှု စာချုပ် အသစ်တွေ ပြုလုပ်ကာ ပြန်မရွေးတော့ဘဲ လိမ်လည်ပေါင်ကြတာ တွေ ရှိလာတယ်လို့ သိရပါတယ်။ကြိုပွိုင့်တိုက်ခန်းတွေ၊ အရစ်ကျဝယ်ထားတဲ့ အခန်းတွေ၊ဝယ်ရောင်းသမားတွေ ငွေမြှုပ်နေရင်း ငွေအရင်းအနှီး ပြန်ထုတ်ချင်တဲ့သူ အများစု အပေါင်ထားကြတာ ဖြစ်တယ်။ တချို့ပေါင်သူတွေက ကန်ထရိုက်တာတွေ မြေရှင်တွေများပြီး ငွေပြန် ပေါ်တဲ့ အ ချိန်မှ ပြန်ရွေးတာမျိုးတွေလည်း ရှိတယ်လို့ သိရ ပါတယ်။တိုက်ခန်းအပေါင်အများစုက သာမန်အသိသက်သေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် တွေသာရှိတာကြောင့် အခန်းမှာနေထိုင် သူကမဖယ်ပေးတဲ့ တိုက်ခန်းတွေ လိမ်လည်တာများတယ် လို့သိရပါတယ်။ တိုက်ခန်းအပေါင်တွေ လက်ခံကြတဲ့အခါမှာ လူ နေထိုင်ခွင့်ကျပြီးသား တည်ဆောက်ပြီး သားအခန်းတွေကိုပဲ လက်ခံကြတာများတယ်။ဝယ်ရောင်းအကျိုးဆောင်ဦးဝင်းနိုင်က “ဒီနောက်ပိုင်းအပေါင်ထားတွေက ဆောက်ပြီးသား တိုက်သစ်တွေကို အာမခံပေးတဲ့သူ၊ ရင်းနှီးသူပဲ လက်ခံကြတာများတယ်၊ အရပ်ထဲမှာ ငွေချေးတဲ့သူတွေဆို တော့ တရားမဝင်ဘူးပေါ့လေ၊ တချို့တွေ ရောင်းပေါင်စာချုပ်တွေနဲ့ချုပ်ပြီး ချေးတာ အဲဒါတွေကြောင့် ဖြစ်တယ်”လို့ ရှင်းပြပါတယ်။သည်နောက်ပိုင်းမှာ ငွေချေးတဲ့ သူတွေကလည်း တိုက်ခန်းအပေါင်ကို အရောင်းအဝယ်စာချုပ်နဲ့ ချေးတယ်။ လူနေတဲ့ အခန်းဆို လက်မခံဘဲ အခန်းလွတ်ကို ပိတ်ပြီးမှ လက်ခံကြတယ်။ ချေးတဲ့အခါမှာ လည်း အပြင်ပေါက်ဈေးရဲ့ ထက်ဝက် လောက်ကိုပဲ ဈေးပေးပြီး ချေးကြတယ်လို့ဈေးကွက်အတွင်းက သိရပါတယ်။အတိုးနှုန်းက မြေကွက်တွေကိုပေါင်တဲ့ အတိုးနှုန်းထက် အနည်းငယ်များတယ်လို့သိရတယ်။ လူနေပြီး အ ပေါင်ထားတယ်ဆို အတိုးနှုန်းကို ရှစ်ကျပ်လောက်အထိ ပေးရပြီး အခန်းလွတ်ဆိုရင်တော့ ခုနစ်ကျပ်တိုး ဝန်းကျင်ပေးရ တယ်။ တချို့နေရာတွေမှာဆို ကိုးကျပ်အတိုးနှုန်းအထိ ရှိတယ်လို့ သိရပါတယ်။Source: The kumudra
Facebook comments