အဆောက်အအုံတည်ဆောက်ခွင့် မူဝါဒသစ် အကြမ်းဖျင်းရေးဆွဲပြီးစီး

အစိုးရသစ်လက်ထက် တွင် အဆောက်အအုံတည်ဆောက် ခွင့် မူဝါဒအသစ် ရေးဆွဲမှုအကြမ်း ဖျင်းပြီးစီးနေပြီဖြစ်ကြောင်း ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ် လှိုင်မော်ဦးကပြောသည်။

ရန်ကုန်မြို့အတွက် အ ဆောက်အအုံ တည်ဆောက်ခွင့်  မူဝါဒသည် လက်ရှိအနေအထားနှင့် မကိုက်ညီသဖြင့် အသစ်ပြန်လည် ရေးဆွဲနေခြင်းဖြစ်သည်။

အဆိုပါမူဝါဒ ပြီးစီးပါက အ များပြည်သူ သိရှိစေရန် ထုတ်ပြန် ကြေညာမည်ဖြစ်သော်လည်း ပါဝင်သည့် အချက်အလက်များကို မူ ထုတ်ပြန်ပြောကြားခြင်းမရှိသေးပေ။

ပြီးခဲ့သည့်ဇွန်လအတွင်း အ ဆောက်အအုံ အထပ်အနိမ့်အမြင့် တည်ဆောက်ခွင့်တင်သည့် အမှု တွဲလက်ခံခြင်းများ ရပ်ဆိုင်းထား ပြီး ယခုလ ၁ ရက်တွင် အထပ်နိမ့် များကို ပြန်လည်လက်ခံနေပြီဖြစ် သည်။

လက်ရှိတွင် ၁၃ ထပ်နှင့်အ ထက် အဆောက်အအုံ ၁၄၁ လုံး ကို ပြန်လည်စစ်ဆေးရန် ရပ်ဆိုင်း ခံထားရသည်။

ယခုစစ်ဆေးခဲ့သည့် အ ဆောက်အအုံ ၁၂ လုံးသည်စာ ရွက်စာတမ်း အချက်အလက် စစ် ဆေးမှုနှင့် မြေပြင်ကွင်းဆင်းစစ် ဆေးမှုကို တိုင်းဒေသကြီးအစိုးရ အဖွဲ့က ကော်မတီဖွဲ့ စစ်ဆေး ခြင်းဖြစ်သည်။

ပြင်ပတွင် ထွက်ပေါ်နေ သော သတင်းများအရ အဆိုပါ ၁၂ လုံး၌ ပုံစံဒီဇိုင်းများအားလုံး နီးပါး ပြင်ဆင်ရမည်ဆိုသည့် အ  ချက် ပါဝင်လာနိုင်ကြောင်းဆောက် လုပ်ရေးလုပ်ငန်းရှင်များက ခန့် မှန်းပြောကြားကြသည်။

ဆောက်လုပ်ရေးလုပ်ငန်း များ ရပ်ဆိုင်းခံထားရသဖြင့် လုပ်ငန်းရှင်များ ချေးယူထားသည့် ဘဏ်ချေးငွေကို ပေးဆပ်ရန် အခက်အခဲရှိလာပြီး အိမ်ခြံမြေဈေးကွက် ကျဆင်းနေချိန်၌ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရ၍ ဆောက်လုပ်ရေး ကုမ္ပဏီအချို့ကလည်း ၀န်ထမ်းနှင့် လုပ်သား လျှော့ချမှုများရှိလာကြောင်း သတင်းရရှိသည်။


Source: 7daydaily

Facebook comments