မန်းအိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက် ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ မျှော်လင့်

မန္တလေးအိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်ဟာ လာမယ့်လပိုင်းတွေအတွင်း အကောင်းဘက်ကို ပြောင်းလဲလာမယ်လို့ ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်အချို့က ခန့်မှန်းပါတယ်။

စံချိန်တင် အရောင်းအဝယ် ကျဆင်းနေတဲ့ မန္တလေးအိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်ရဲ့ ယခုနှစ် အရောင်းအဝယ် ရာသီအစမှာ မြို့တွင်းအကွက်ကောင်းတဲ့နေရာတွေနဲ့ မြို့သစ်ရပ်ကွက်တွေမှာ အရောင်းအဝယ် ပြန်လိုက်စပြုနေတယ်။အေးစက်ကျဆင်းနေတဲ့ မန္တလေးအိမ်ခြံမြေ ဈေးကွက်ဟာ မကြာခင်အချိန်အတွင်း ပုံမှန်အနေအထား အရောင်းအဝယ် ဖြစ်လာလိမ့်မယ်လို့ မြို့ခံဝါရင့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်အချို့က ခန့်မှန်းပြောဆိုပါတယ်။

‘မြန်မာပြည်မှာ လည်ပတ်နေတဲ့ ဈေးကွက်က ဒီရက်ပိုင်း ရွှေဈေးကလဲ မတရားတတ်သွားတာ၊ ကားဈေးဆိုလဲတတ် အရောင်းအဝယ်ကမကောင်းဘူး၊ အားယူနေတဲ့ စတော့ခ်ရှယ်ယာဈေးဆိုလဲ လုပ်ငန်းက မခိုင်မာသေးဘူး၊ မလည်ပတ်သေးဘူး၊ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုဘက်ပဲ ပိုမိုဖွံ့ဖြိုးတိုးတတ်လာမယ်လို့ ယူဆတယ်၊ တည်တည်ငြိမ်ငြိမ်နဲ့ ပြီးခဲ့တဲ့နှစ်တွေကလို ဟော့ဟော့ရမ်းရမ်းကြီးတော့ ဖြစ်မှာမဟုတ်ပါဘူး၊ အဲ့ဒါတွေ သတိထားရမယ်’ လို့ ဖိုးလမင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးဝဏ္ဏစိုးက ပြောပါတယ်။

အိမ်ခြံမြေ အရောင်းအဝယ်က ဈေးကစားဖို့ ဝယ်တဲ့ပုံစံမျိုးမဟုတ်ဘဲ အမှန်တကယ်နေထိုင်အသုံးချဖို့အတွက် ဝယ်တဲ့ဈေးကွက်ဖြစ်မယ်။ဒါကြောင့် ယခုနှစ်အိမ်ခြံမြေရာသီမှာ အိမ်ခြံမြေ အရောင်းအဝယ်အခြေအနေဟာ ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ အနေအထားနဲ့ ဈေးနှုန်းတည်ငြိမ်တဲ့ အရောင်းအဝယ်ဈေးကွက်ကို ပြောင်းလဲမယ်လို့ ဆိုပါတယ်။

မြို့တွင်းအကွက်ကောင်းတဲ့ နေရာတွေနဲ့ မြို့သစ်ရပ်ကွက်တွေမှာ လက်ရှိအရောင်းအဝယ် ပြန်လိုက်စပြုနေတယ်ဆိုပေမဲ့ ယခင်နှစ်ကထက်စာရင် မြေကွက်အချို့ ဈေးနှုန်းကျဆင်းတယ်။စည်ကားမှုနည်းပါးတဲ့ နေရာတွေနဲ့ စီမံကိန်းဝန်းကျင်က နေရာအချို့က မြေဈေးနှုန်းဟာ ၁၀ရာခိုင်နှုန်းကနေ ၃၀ရာခိုင်နှုန်းအထိ ကျဆင်းတယ်လို့ သိရပါတယ်။

ဈေးနှုန်းကျတာက လူနေဂွင်မဟုတ်ဘဲနဲ့ မြေကွက်လွတ်တွေကို ဝယ်ရောင်းရင်းနှီးမြှုပ်နှံသွားတာတွေ စီမံကိန်းမသေချာတဲ့ မြေတွေက ဈေးနှုန်းပြုတ်ကျသွားတာဖြစ်ပြီးး မန္တလေးလူနေကွင်း အခြေခံအဆောက်အအုံ စည်းကားကောင်းနေတဲ့ နေရာမျိုးကတော့ သိပ်ကျတာမဟုတ်ဘူးလို့ မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင် ကိုကီးက ပြောပါတယ်။

Source: Mordern

Facebook comments