ရုံးခန်းအဆောက်အအုံ အများစု ပြည်တွင်းလုပ်ငန်းရှင် မဌားကြ

ရန်ကုန်မြို့ရဲ့ ရုံးခန်းငှားရမ်းဈေးနှုန်း မြင့်မားမှုတွေကြောင့် ရုံးခန်းအဆောက်အအုံ office tower အများစုမှာ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ အလှမ်းဝေးကွာနေပါတယ်။

ဈေးအရ ကြည့်ပြီးငှားရင် အရမ်းများတော့ ၀န်ဆောင်မှုတွေကို မကြည့်တော်ဘဲ ကိုယ့်အတွက်အဆင်ပြေတာကိုပဲ ငှားလာကြတယ်။အဲဒီမှာ ပေးရတဲ့ ငွေအစားကိုယ်ငှားထားတဲ့ အဆောက်အအုံ ကိုပြန်ပြင်တာမျိုး လုပ်ပြီး ရုံးဖွင့်ကြတယ် လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်းအကြံပေး ဦးလှမောင်ကသူ့အမြင်ပြောပါတယ်။

ဆိုင်ခန်းဌားခ၊အိမ်ခန်းငှားရမ်းခ ဈေးနှုန်းတွေနဲ့ office tower ငှားရမ်းခတွေက နေရာအလိုက် ဈေးနှုန်းကွာခြားပါတယ်။နိုင်ငံခြားက လာရောက်ရင်းနှီးမြုပ်နှံတဲ့ လုပ်ငန်းတွေလောက်သာ office tower ရုံးခန်းတွေမှာ ငှားရမ်းနိုင်ကြသလို ပြည်တွင်းကဆိုရင် ဘဏ်လုပ်ငန်း၊ဖက်စပ် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေလောက်သာ office tower မှာ ဌားရမ်းကြပါတယ်။

ကွာခြားပုံ

နိုင်ငံခြားသား office tower ရုံးခန်းငှားရမ်းခတွေကို မြေငှားရမ်းခကို ၃၀ ရာခိုင်နှုန်းလောက်သာတွက်ချက်ထားပြီး ကျန်တဲ့ အပိုင်းတွေ ကို အဆောက်အအုံအတွက် အသုံးပြုဆောက်လုပ်ထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ အဆောက်အအုံတွေကတော့ မြေအသုံးပြုခ ၅၀ ရာခိုင်နှုန်းလောက်ရှိပြီး ကျန်တဲ့ အပိုင်းကို အဆောက်အအုံတွေ ဆောက်လုပ်ထားတာဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ office tower ရုံးခန်းငှားရမ်းခတွေကို စတုရန်းမီတာ (sqm) နဲ့ တွက်ချက်ဌားရမ်းပါတယ်။မြန်မာနိုင်ငံက တော့ စတုရန်းပေ (Sqft) ကိုစတုရန်းမှတာ (Sqm)ပြောင်းပြီး နိုင်ငံခြားလုပ်ငန်းရှင်တွေကို ငှားရမ်းကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လာပြီးစီးပွားရေးလုပ်ကြတဲ့ နိုင်ငံခြားသားအများစုက office tower တွေပဲ ငှားပြီး စီးပွားရေးလုပ်ကြတယ်၊သူတို့ကြတော့ office tower မှာရှိတဲ့ ၀န်ဆောင်မှုတွေ အချင်းချင်းဆက်သွယ်မှုကွန်ရက်နဲ့ နေရာအကွက်ကွင်းကိုကြိုက်တော့ နေတဲ့ နေရာကိုတောင်အဲဒီနေရာနဲ့ နီးတဲ့နားမှာနေပြီး ငှားကြတယ်လို့ စီးပွားရေးပညာရှင် ဒေါ်မိုးမိုးကပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံ office tower တွေရဲ့ ငှား၇မ်းခတွေက တစ်စတုရန်းပေကို ကျပ်နှစ်သိန်းဝန်းကျင်ကနေ လေးသိန်းဝန်းကျင်အထိ ရှိပါတယ်။အများစုကဒေါ်လာနဲ့ တွက်ချက်ပြီး ငှားရမ်းကြတာများပါတယ်။ရန်ကုန်မြို့တွင်းတရားဝင် ဆောက်လုပ်ပြီး ငှားရမ်းအသုံးပြုနေတဲ့ office tower အလုံး ၂၀ ၀န်းကျင်ရှိပါတယ်။မြို့တွင်းနဲ့ နီးတဲ့ တာဝါတွေကို လူကြိုက်များကြပါတယ်။

ပြင်ပတိုက်ခန်းမှာ

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အများစုကတော့ office tower တွေမှာ ထက် ပြင်ပတိုက်ခန်းတွေ ၊ဆိုင်ခန်းတွေကို ငှားရမ်းပြီး စီးပွားရေးလုပ်ကိုင်ကြပါတယ်။နှစ်ဆလောက်ဈေးမြင့်နေတဲ့ တာဝါတွေထက် ဈေးသက်သာပြီး လုပ်ငန်းလုပ်ကိုင်ဖို့ကောင်းတဲ့ အခန်းတွေမှာ ရုံးခန်းဖွင့်ကြပါတယ်။

နာမည်ကြီးအလှကုန် လုပ်ငန်းလုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဘယ်နေရာမှာဖွင့်ဖွင့် ကိုယ့်ရုံးခန်းက ဒီလုပ်ငန်း ဒီဝင်ငွေဖြစ်နေတော့ သက်သာတဲ့ နေရာကို ရွေးချယ်တယ်လို့ သူ့အမြင်ပြောပါတယ်။

Source: The Kumudra

Facebook comments