မန္တလေးတိုင်းတွင် အသစ်ဆောက်လုပ်မည့် ၀န်ထမ်းအိမ်ရာ၏ ထက်ဝက်ကို အခြေခံပညာရေးဝန်ထမ်းများအား အငှားနေထိုင်ခွင့်ပေးမည်

မန္တလေးတိုင်းဒေသကြီး တွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အ တွက် အသစ်ဆောက်လုပ်မည့် ၀န်ထမ်းအိမ်ရာ၏ ထက်ဝက်ကို အခြေခံပညာရေးဝန်ထမ်းများ အား အငှားနေထိုင်ခွင့်ပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက် လုပ်ရေးဝန်ကြီးဌာန၀န်ကြီး ဦး ဇာနည်အောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က မန္တလေးတိုင်းဒေသ ကြီးတွင် ၀န်ထမ်းအိမ်ရာအဖြစ် အခန်းပေါင်း ၄၀၀ သာ ဆောက်လုပ်နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်၌ အခန်းများကို တိုးချဲ့ဆောက် လုပ်မည်ဖြစ်ကြောင်း ၀န်ကြီး ဦး ဇာနည်အောင်က ပြောသည်။

‘‘မြေနေရာကတော့ ရှာနေ တုန်းပါပဲ။ အရင်အစိုးရက တောင်းသွားတဲ့ ဘတ်ဂျက်အ တိုင်းပဲ ဆောက်မယ်။ ဆောက် လို့ထွက်ရှိတဲ့ အခန်းတွေရဲ့ တစ်ဝက်တိတိကို အခြေခံပညာ ကျောင်းမှာ သင်တဲ့ ဆရာ၊ဆရာမ တွေကို တစ်ဝက်ပေးပါမယ်။ ဘာ လို့လဲဆိုတော့ နိုင်ငံသူ၊ နိုင်ငံသား တွေရဲ့ နှလုံးသားတပ်ဆင်တဲ့ နေ ရာကနေ တာဝန်ယူနေရတဲ့သူ တွေဖြစ်တယ်။ သူတို့ဟာ စား ၀တ်နေရေးမပြေလည်လို့ သူတို့ အလုပ်ကို သူတို့မလုပ်နိုင်ဘူး။ မယုံကြည်ဘူးဆိုရင် နှလုံးသားမရှိ တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ ဆရာ ၀န်ကြီးတွေ ထွက်လာမယ်။ လူ့အဖွဲ့အစည်းမှာ ဒီနေရာက အရေးကြီးတယ်။ တန်ခိုးရှိရင်တောင် အခြေခံပညာဆရာ၊ ဆရာမတွေ ကို လစာအများဆုံးနဲ့ အကောင်းဆုံးဖြစ်စေချင်တာ။ ပညာရေး ၀န်ထမ်းတွေကို အဓိက ထားပေး မယ်’’ဟု ဦးဇာနည်အောင်က ဆို သည်။

ဝန်ထမ်းအိမ်ရာအငှားချ ထားပေးရာတွင် လစာနည်းပါးသူ ကို ဦးစားပေးမည်ဖြစ်ပြီး လစာ နည်းခြင်းတူနေပါက လုပ်သက် အပေါ် မူတည်၍ ပေးမည်ဖြစ်ကာ ယင်းလုပ်သက်တူညီနေပါက အိမ်ထောင်ဖက်က ၀န်ထမ်းဖြစ် နေပါက ပိုမိုဦးစားပေးမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက် လုပ်ရေးဝန်ကြီးဌာနမှ သတင်းရ ရှိသည်။

‘‘အခြေခံပညာဝန်ထမ်းတွေ အတွက် ဒီလိုစဉ်းစားပေးတာ ကျေးဇူးတင်တယ်။ ဆရာမတို့က လစာအနေနဲ့ နည်းတယ်။ ပညာ ရေးဝန်ထမ်းတွေအတွက် နေထိုင် ဖို့ ချထားပေးတာကလည်း အခု ထိမလောက်ဘူး။ နောက်ပြီး ဆရာမတို့မှာ ကျူရှင်ပြလို့မရတဲ့ အတွက် အပိုဝင်ငွေမရှိပါဘူး’’ ဟု ချမ်းအေးသာစံမြို့နယ်နေ အ ခြေခံပညာအထက်တန်းကျောင်း မှ အထက်တန်းပြဆရာမတစ်ဦး က ပြောသည်။

ထို့အပြင် ၀န်ထမ်းများကို အငှားနေထိုင်ခွင့်ချထားပေးရာ တွင် လက်သင့်ရာ ချထားပေးမည်မဟုတ်ဘဲ တာဝန်ထမ်းဆောင်သည့် မြို့၌ အိမ်ပိုင်၊ မြေပိုင်မရှိသူသာ ချထားပေးမည်ဖြစ်ကြောင်းနှင့် မြို့ပြနှင့် အိုးအိမ်ဦးစီးဌာန၏ သတ်မှတ်စည်းကမ်းချက်များကို ဖောက်ဖျက်ထားသူကိုလည်း လျှောက်ထားခွင့်ပြုမည်မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက် လုပ်ရေးဝန်ကြီးဌာနမှစုံစမ်းသိရသည်။

Source: 7Daydaily

Facebook comments