အရောင်းအဝယ်စာချုပ်မှာ လက်ရောက်အပ်ရမယ့် အချိန် ထည့်ပါ

အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်တဲ့အခါ စာချုပ်စာတမ်းတွေ ချုပ်ရုံတင်မဟုတ်ဘဲ လက်ရောက်ရယူထားဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။လက်ရောက်ရယူထားမှု မရှိရင် ဝယ်ထားပေမယ့် ပိုင်ဆိုင်ခွင့်နဲ့ စီမံပိုင်ခွင့် ဝယ်သူမှာမရှိသေးပါဘူး။ ဥပဒေအရ လက်ရောက်ရယူထားပြီးမှသာ ခွင့်ပြုချက်နဲ့ထားတာ၊ အငှားဆက်ထားတာမျိုးတွေ ပြုလုပ်ရင်တော့ ရတယ်လို့ သိရပါတယ်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဦးကြည်မြင့်က အိမ်ဝယ်တာ အမည်ပါပြောင်းထားပေမယ့် အိမ်ငှားရှိနေခဲ့တယ်၊ ရောင်းတဲ့သူက ဖြေရှင်းပြီးပြီပြောပေမယ့် တကယ်သွားကြည့်တော့ အိမ်ငှားရှိနေသေးတယ်၊ လစာပြန်အမ်းပြီး ဖယ်ခိုင်းတာတောင် မဖယ်ပေးတဲ့အတွက် ရောင်းတဲ့သူလည်း ရှောင်နေတာကြောင့် ငွေထပ်ကုန်ပြီးမှ အဆင်ပြေခဲ့ရတယ်လို့ ပြောပါတယ်။

အရောင်းအဝယ်စာချုပ်မှာ ရောင်းတဲ့သူက သူလက်ရောက်အပ်နှံမယ့် အချိန်ကို စာချုပ်မှာပါဝင်တဲ့အတိုင်း အပ်ရမှာ ဖြစ်တယ်။
ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက တကယ်တော့ လက်ရောက်ရယူပြီးမှ ဆက်ထားရင် ဖယ်ခိုင်းရလွယ်တယ်၊ လက်ရောက်မရသေးတော့ တရားစွဲဖယ်ခိုင်းတာဖြစ်ဖြစ်၊ အရင်အိမ်ရှင်ကို ဖယ်ခိုင်းတာမျိုးမှပဲ ရမယ်၊ အခုက လက်ရောက်မရသေးဘဲ ဆက်နေခိုင်းထားသလို ဖြစ်နေတော့ လက်ရောက်ရယူမှုနဲ့ တရားစွဲတာမျိုး လုပ်ရမှာပဲလို့ ရှင်းပြပါတယ်။

အရောင်းအဝယ် ပြုလုပ်တဲ့အခါမှာ ငွေအကျေချေပြီး စာရွက်စာတမ်းရရုံတင်မကဘဲ လက်ဝယ်ရမယ့်အချိန်ကို စာချုပ်ထဲမှာ အတိအကျ ရေးသားသင့်တယ်။ နောက်မှ မဖယ်ပေးရင် ဥပဒေအရ လက်ရောက်ရလိုမှုနဲ့ တရားစွဲဆိုမှသာ ရရှိမှာဖြစ်တယ်။ တချို့က ရောင်းတဲ့သူက မဖယ်ပေးတာမျိုးတွေလည်း ရှိပါတယ်။ အပျောက်စနစ်နဲ့ ဝယ်ယူတဲ့ တိုက်ခန်းတွေက ပိုပြီးသတိပြုဖို့ လိုအပ်တယ်လို့ သိရပါတယ်။

Source : Kumudra News

Facebook comments