အိမ်ခြံမြေအ၀ယ်ပျောက် အမေးသာရှိပြီး ဈေးဆစ်ပွဲမဖြစ်
အရင်က၀ယ်ချင်တဲ့ မြို့နယ်နေရာသီးသန့်တွေကို ဈေးကောင်းပေးဝယ်တဲ့အထိ ကြော်ငြာပြီး အ၀ယ်ရှိခဲ့ပေမဲ့ သည်နောက်ပိုင်းမှာတော့ ရောင်းချင်တဲ့မြေကွက်နေရာတွေကို သီးသန့်ကြော်ငြာပြီး အရောင်းတင်ကြရတာတွေရှိလာတယ်လို့ အိမ်ခြံမြေဈေးကွက်အတွင်းက သိရပါတယ်။အိမ်ခြံမြေဈေးကွက်ကအ၀ယ်ပျောက်တယ်ဆိုပေမဲ့ သိန်း ၅၀၀ နဲ့ အထက်လောက်သာဖြစ်ပြီး သည်နောက်ပိုင်းမှာ ဈေးကွက်အားလုံးပျောက်နေခဲ့တာ ဖြစ်တယ်။တချို့က၀ယ်ဖို့ အမေးရှိပေမယ့် ခေါ်ထားတဲ့ အကွက်တန်ဖိုးရဲ့ ထက်ဝက်လောက်အထိ ဈေးဆစ်ပြီး ဈေးလှန်ပစ်တာတွေ ရှိတယ်လို့ ပြောပါတယ်။ဝယ်ရောင်းအကျိုးဆောင်ဦးဝင်းနိုင်က ဈေးကွက်ထဲမှာ ဈေးခေါ်လိုက်ရင် ကြားပွဲစားက ပွဲမဖြစ်ခင်ကတည်းက ရောင်းရမဲ့ ဈေးပဲဖွင့်ခိုင်းကြတယ်။အရင်ကဈေးခေါ်ရင် ဈေးနည်းမှာဆိုးလို့ ဈေးကွက်စုံစမ်းရတာကနေ အခုနောက်ပိုင်းဈေးပိုများသွားလို့ ခဏခဏဈေးပြင်ရောင်းတာတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။ဈေးကွက်အ၀ယ်ဆင်းတဲ့ ပုံစံ အများစုက နေရာနဲ့ အခန်းကျယ်အခန်းအမျိုးအစား စတာတွေထက် ၀ယ်လက်ဘက်ကတက်နိုင်တဲ့ ဈေးကိုပြောပြီး ဈေးဆစ်တာမျိုးတွေ ရှိလာပါတယ်။တချို့က၀ယ်လက်ဘက်ကတိုက်ရိုက်ဈေးဆစ်တာမျိုး မဟုတ်ပဲ မြေရှင်ဈေးဖွင့်ကတည်းက အကျိုးဆောင်က ကြိုတင်ဆစ်ကြတာ တွေလည်းရှိတယ်လို့ သိရပါတယ်။တိုက်ခန်းအရောင်းအ၀ယ်တွေမှာလည်း အရင်ကနေရာအကွက်ပေါ်မူတည်ပြီး ကျပ်သိန်းထောင်ချီဈေးကွက် ရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ အတွင်းလမ်းတွေရဲ့ မြေညီထပ်တိုက်ခန်းဈေးတွေဆိုရင် သိန်း ၆၀၀၊၇၀၀ လောက်သာ ဈေးအခေါ်လက်ခံပေးတယ်လို့ ပြောပါတယ်။ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက ကြိုပွိုင့်တွေရဲ့ အရောင်းအ၀ယ်မရှိသလောက် ရှားလာတာ၊အများစုက အရစ်ကျ ဈေးနှုန်းတွေနဲ့ အရစ်ကျဆောက်လုပ်စရိတ်ရအောင် ဈေးခေါ်လာတာတွေလည်းရှိပါတယ်။အဓိကဈေးနှုန်းသက်သာတဲ့ သိန်း ၂၀၀ ၀န်းကျင်နဲ့ ၂၀၀အောက်တွေကို ရှာပြီးနေဖို့ဝယ်ကြတာတွေ စုံစမ်းတာတွေရှိလာတယ်လို့ ပြောပါတယ်။အရောင်းအ၀ယ်ဖြစ်နေတဲ့ ဈေးကွက်ကတော့ တန်ဖိုးနည်းအရှုပ်အရှင်းကင်း မြေကွက်တွေဖြစ်ပြီး အိမ်မပါတဲ့ မြေကွက်တွေကိုလည်း စိတ်ဝင်စားမှုရှိကြတယ်။မြေကွက်သီးသန့်ဈေးကွက်တွေမှာတော့ ခေါ်ဈေးထက် ဈေးလျော့တာနည်းပေမဲ့ လူနေတဲ့ အိမ်၊တိုက်ခန်းတွေကိုတော့ ခေါ်ဈေးထက်ပိုဆစ်တာတွေရှိတယ်လို့ သိရပါတယ်။Source :The Modern
Facebook comments