မြို့တွင်းမြို့နယ်အချို့ ကွန်ဒိုတိုက်ခန်းအငှားဈေးကွက်များ

ဝါကျွတ်ကာလနောက်ပိုင်း အိမ်ခန်းရောင်းဝယ်ငှားဈေးကွက်များ  အနည်းငယ်လှုပ်လာသည့်နည်းတူ ကွန်ဒိုတိုက်ခန်း အရောင်းအငှား ခေါ်ဆိုမှုများလည်း ပိုမိုတွေ့ရလာသည့်အားလျော်စွာ မြို့တွင်းဧရိယာ တ၀ိုက်ရှိ ကွန်ဒိုရောင်းဝယ်ငှား ဈေးကွက်ဖြစ်ထွန်းမှု လတ်တလော  အခြေအနေများအား ကျွန်တော်တို့ Property.com.mm  သတင်းမီဒီယာအဖွဲ့မှ သတင်းရယူစုံစမ်းခဲ့မှုများအား ရေးသား တင်ပြလိုက်ပါသည်။ 

" ကွန်ဒိုဈေးကွက် အခြေအနေကို ပြောရရင်တော့ ပုံမှန် အနေအထားတစ်ခုလောက်ပါပဲ သိပ်အကောင်းကြီးအဆိုးကြီး  မဟုတ်ပေမယ့် အရောင်းခေါ်တာတွေ အငှားခေါ်တာတွေတော့  ရှိကြတယ် အရောင်းအ၀ယ်ဖြစ်မှု အနေနဲ့ ပြောရရင်တော့  အေးနေတဲ့ သဘောပါပဲ  အရောင်းခေါ်ဈေးတွေဆိုရင် မောင်ခိုင်လမ်းကွန်ဒိုဆိုရင် ၂၅'x၆၀'  အပေါ်လွှာတွေ သိန်း ၂၄၀၀ အရောင်းရှိပါတယ် စတုရန်းပေ ၁၅၀၀ လောက်တော့ ကျယ်တယ်၊ 

လမ်း ၂၀ ထဲမှာ ၂၅'x၄၀' ၅ လွှာ သိန်း ၂၀၀၀ တစ်ခန်း အရောင်း ရှိတယ် ပင်လုံထိပ်ထားကွန်ဒိုဆိုရင် သိန်း ၃၂၀၀ အကျယ်ကတော့ စတုရန်းပေ ၁၅၀၀ လောက်ပဲ ပင်လုံထိပ်ထားမှာပဲ အငှားဆိုရင်  ၂၂ သိန်း ခေါ်ထား တာရှိတယ် လမ်းမတော်ဘက်ဆိုရင်  လမ်းမတော်လမ်းထဲ ၂၂'x၅၅' ၈ လွှာ သိန်း ၁၉၀၀ ခေါ်ဆိုဈေး ရှိတယ် အငှားဆိုရင် လမ်းမတော်ဘက်ထဲမှာ ပိုများပါတယ်  ဓာတ်လှေကားပါမယ် အခန်းသင့် ဈေးအသင့်အတင့် အငှားတွေကို  ပိုစိတ်ဝင်စားကြတယ် လမ်းမတော်ကွန်ဒို စတုရန်းပေ ၁၃၀၀ အခန်း  ၈သိန်းခွဲ၊ ၀င်းရွှေဝါ ကွန်ဒို ဆိုရင် ၁၄ သိန်းနဲ့ အငှားခေါ်တာရှိတယ် အနော်ရထာလမ်းမပေါ် ၂၅'x၅၀' ၆ လွှာ ၁၅ သိန်း စသဖြင့် 

အငှားဈေးရှိတယ် Junction မော်တင်ဆိုရင် စတုရန်းပေ  ၁၂၀၀ ကျော်အခန်းကို သိန်း ၂၀ ၀န်းကျင် အငှားခေါ်ဆိုမှုရှိပါတယ်  ဓနသီဟ ကွန်ဒို စတုရန်းပေ ၂၅၀၀ ၊ ၂၂ သိန်းနဲ့ တစ်ခန်းအငှား ခေါ်တာရှိပါတယ် 
ကွန်ဒိုဈေးကွက်က လတ်တလောအခြေအနေ အရ ဆိုရင်  အငှားခေါ်တဲ့ အခန်းပိုင်ရှင်တွေက ပိုများနေပါသေးတယ် ကွန်ဒို အငှားရော အရောင်းပါ စုံစမ်း မေးလာသူ တွေတော့ ရှိလာပါတယ်  ခုရက်ပိုင်းတွေက ရွေးကောက်ပွဲ ကာလတွေဆိုတော့ အရောင်း အ၀ယ်အတွက်ဆိုရင် ဈေးကွက်အခြေအနေစောင့်ကြည့်နေကြ သူတွေ များပါတယ် ဒါပေမယ့် သူ့ဟာနဲ့သူ အရောင်းအ၀ယ်ဖြစ် အငှားဖြစ်တာတွေလည်း ရှိတာကတော့ ရှိပါတယ် အခန်း
လိုအပ်နေတဲ့သူ ငွေနိုင်တဲ့သူ နေရာလည်းသဘောကျရင် တဘက် အခန်းရှင်ကလည်း သူလွှတ်နိုင်တဲ့အနေအထားဆို အရောင်း အငှားဖြစ်သွားတတ်တာလည်း ရှိပါတယ်" ဟုလသာမြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်

တစ်ဦးဖြစ်သူ ဦးဆွေလင်းက  Property.com.mm သတင်းမီဒီယာသို့ ပြောကြားသည်။


www.Property.com.mm

Facebook comments