
အိမ်ခြံမြေ အငှားဈေးကွက်နှင့်အတူ အရောင်းအဝယ်အချို့ ပြန်ဖြစ်လာ

 

ဈေးကွက်အေးနေသည်ဟု ထင်မြင်ယူဆကြသော်လည်း ယခု ဇွန်လအတွင်း၌

ရန်ကုန်မြို့ လုံးချင်းများနှင့်ကွန်ဒိုတိုက်ခန်းအချို့ အရောင်းအဝယ်ဖြစ်မှုများ မြို့နယ်

အချို့တွင် ဖြစ်လျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များမှ ပြောကြားချက် အရ

သိရသည်။

၂၀၁၅ နှစ်လပိုင်းခန့်မှစ၍ အတော်အတန် အရောင်းအဝယ် အေးနေခဲ့သည့်

ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်မှာ အစိုးရသစ် စတင်တာဝန်ယူခဲ့သည့် လပိုင်းများ

အထိ အေးစက်နေဆဲ အခြေအနေရှိနေခဲ့သည်။ ပြည်သူလူထုအနေဖြင့်လည်း

နိုင်ငံတော်အစိုးရမှ ချမှတ်လုပ်ဆောင်ပေးမည့် အိမ်ရာစီမံကိန်းသစ်များနှင့် နိုင်ငံ

အနှံ့ ပြည်နယ်နှင့်တိုင်းများတွင် အကောင်အထည်ဖော်ဆောင်ပေးမည် ဆိုသော

တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာစီမံချက်များကြောင့် အိမ်ခြံမြေ ပိုင်ဆိုင်လိုသူတို့

အနေဖြင့် မျှော်လင့်အားထားစရာ အခြေအနေ ဖြစ်ပေါ်လာသည့်အတွက်လည်း

ဈေးကွက်အတွင်း အရောင်းအဝယ်များ ယခင်နှစ်ကာလများကထက် လျော့ပါး

ရခြင်း အကြောင်းတစ်ချက် ဖြစ်သည်။

 

အိမ်ခြံမြေရင်းနှီးမြှုပ်နှံလိုသူများနှင့် ဝယ်ရောင်းသမားများအဖို့မူကား ရင်းနှီးဝယ်ယူ

ဖို့ရန်အတွက် မသေချာသေးသည့် အခြေအနေရှိနေသည်ဟု ယူဆကြသောကြောင့်

၀ယ်ရောင်းဈေးကွက်အတွင်း ထဲထဲဝင်ဝင် ဝင်ရောက်မှု သိပ်မတွေ့ရသေးသည့်

အခြေအနေ ရှိနေသည်။ သို့သော်လည်း မြန်မာ့ နိုင်ငံရေး စီးပွားရေးပြောင်းလဲလာမှု

အခြေအနေက အိမ်ခြံမြေ မဟုတ်သော အခြား ဈေးကွက်စီးပွားတစ်ခုခုဖြင့် ရင်းနှီး

မြှုပ်နှံလိုသော စီးပွားရေးလုပ်ငန်းရှင်များအတွက် အရောင်းပြခန်းကဲ့သို့သော နေရာ

များ၊ အဆင့်မြင့် စားသောက်ဆိုင်လုပ်ငန်းများနှင့် အခြားသော ခေတ်နှင့် လိုက်လျော

ညီထွေစွာ ဖွင့်လှစ်ရောင်းချလိုသည့် ဆိုင်ခန်းနေရာများအတွက် နေရာကောင်းများ

ရှာဖွေငှားရမ်းခြင်း၊ ဝယ်ယူခြင်းများတွေ့ရှိရကြောင်း၊ ထို့အပြင် အမှန်တကယ် နေထိုင်

လိုသောသူတို့ အဖို့အနေဖြင့်လည်း ရွှေတောင်ကြား၊ ၆ မိုင်ခွဲ၊ ၇ မိုင် ကဲ့သို့သော

နေရာများတွင်လည်း အရောင်အဝယ်ဖြစ်မှုများ ရှိပြီး နိုင်ငံခြားသားများ၏ အဆင့်မြင့်

လုံးချင်းအငှားများလည်း ယခုဇွန်လဆန်းပိုင်းမှ လကုန်ဝန်းကျင်အထိ အငှားဖြစ်သည်

များရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များမှ Property.com.mm  သတင်းမီဒီယာ

အဖွဲ့သို့ ပြောကြားသည်။ 

 

ထို့ပြင် မြို့တွင်း Downtown ဧရိယာများတွင်လည်း ဓာတ်လှေကားပါ အဆင့်မြင့်

ကွန်ဒိုတိုက်ခန်းများအားလည်း ရုံးခန်းဖွင့်ရန်၊ ကုမ္ပဏီရွှေ့ပြောင်းရန်နှင့် လူနေရန်

စသဖြင့် ပြည်တွင်းမှရော နိုင်ငံခြားသားများကပါ မေးမြန်းစုံစမ်းမှုများရှိကြောင်း

အငှားဖြစ်မှုများလည်း ရှိနေကြောင်း Estate Myanmar Enterprise အိမ်ခြံမြေ

အကျိုးဆောင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

 

Property Media Team

www.Property.com.mm

Facebook comments