သမိုင်းအမွေအနှစ်များဖြင့် လုံခြုံအေးချမ်းသည့် မြို့ဖြစ်စေရေးအတွက် ရန်ကုန်မြို့ပြစီမံကိန်းတစ်ခု ရေးဆွဲမည်


သမိုင်းအမွေအနှစ်များဖြင့် လုံခြုံအေး ချမ်းသည့် မြို့ဖြစ်စေရေးအတွက် ရန်ကုန်မြို့ ပြ စီမံကိန်းတစ်ခု ရေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။


ရေးဆွဲရာတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေနှင့် ပြည်ထောင်စုအစိုးရမှ ချမှတ် ထားသည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေးမူဝါဒများနှင့်အညီ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။


''ရန်ကုန်မြို့တော် စည်ပင်သာယာရေး အတွက် ရန်ကုန်မြို့တော်စည်ပင်ကို ပြည်သူ့ ဗဟိုပြု ဝန်ဆောင်မှုပေးပြီး ပြုပြင်ပြောင်းလဲ မှုတွေ ပြုလုပ်သွားမယ်။ စီမံကိန်းရေးဆွဲရာ မှာလဲ သမိုင်းအမွေအနှစ်များနဲ့ စိမ်းလန်းပြီး လုံခြုံအေးချမ်းတဲ့ နေချင်စဖွယ် မြို့ဖြစ်စေရေး အတွက် ရေးဆွဲသွားမယ်''ဟု ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်းက ပြောသည်။


အဆိုပါရေးဆွဲမည့် စီမံကိန်းအတွင်း၌ မြို့တော်တွင်း အထပ်မြင့်အဆောက်အအုံများ တည်ဆောက်မှုအား လိုက်လျောညီထွေ ဖြစ် စေရေးအတွက်လည်း စိစစ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။


''ယာဉ်ကြောကျပ်တည်းမှု ပြေလျော့စေ ဖို့အတွက်လဲ သယ်ယူပို့ဆောင်ရေး အာဏာ ပိုင်တစ်ရပ် ထူထောင်ပြီး မီးပွိုင့်တွေပြုပြင်ခြင်း၊ ဘတ်စ်ကားယာဉ်လိုင်းများ စနစ်တကျ ထူ ထောင်ခြင်း၊ တက္ကစီယာဉ်တွေကို မြို့တော် တက္ကစီအဖြစ် အသင်းအဖွဲ့တွေ ထူထောင် ပြီး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့ ပါ ဝင်တယ်''ဟု ¤င်းက ဆက်ပြောသည်။


ရေးဆွဲမည့် စီမံကိန်းအတွက် ယာဉ်နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များအပြင် လျှပ် စစ်မီး လုံလောက်စွာရရှိရေး အစီအစဉ်များ လည်း ထည့်သွင်း ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။


''လျှပ်စစ်မီး လုံလောက်စွာ ရရှိစေဖို့အ တွက် လျှပ်စစ်ထုတ်လုပ်ခြင်း၊ သွယ်တန်းခြင်း၊ ဖြန့်ဖြူးခြင်း စတဲ့လုပ်ငန်းတွေကို ပြန်လည် သုံးသပ်ပြီး အကောင်းဆုံးဖြစ်နိုင်တဲ့ စီမံကိန်း သစ်တွေ အကောင်အထည်ဖော် ဆောင်ရွက် သွားမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။


ယင်းအပြင် အသေးစား၊ အလတ်စား လုပ်ငန်းများ တိုးတက်ရေး၊ စက်မှုဇုန်များ ဖွံ့ ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီလုပ်ငန်းတွေ တိုးတက်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလဲ တိုးတက်လာမယ်။ ပြည် တွင်း အလုပ်အကိုင် အခွင့်အလမ်းတွေလဲ တိုးတက်လာမယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေနုတ် မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် ရေရှည်စီမံကိန်းတစ်ရပ် ရေးဆွဲရန်လည်း အ ဆိုပါစီမံကိန်းအတွင်း၌ ပါဝင်ကြောင်း သိရ သည်။


ရန်ကုန်မြို့အား ခေတ်အဆက်ဆက် မြို့ ပြဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ခဲ့ကြကာ လက်ရှိအစိုးရမတိုင်မီ ကာလ များ၌ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအား ရေးဆွဲခဲ့ ကြပြီး ရေးဆွဲခဲ့ကြသည့် စီမံကိန်းများမှာ နှစ် ၃ဝ ကာလရှိ စီမံကိန်းများဖြစ်ကြောင်း သိရ သည်။


Source: Yangon Media Group

Facebook comments