ရန်ကုန်မြို့သစ်စီမံကိန်း ခုနှစ်ခု လှည်းကူးမြို့သစ်က စနိုင်ဖွယ်ရှိ

ပြီးခဲ့တဲ့အစိုးရလက်ထက်က လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ရန်ကုန်မြို့သစ်စီမံကိန်း ခုနှစ်ခုအနက် လှည်းကူးမြို့နယ်အပိုင်းကို စတင်အကောင်အထည်ဖော်နိုင်ခြေရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အသိုင်းအဝိုင်းက သိရပါတယ် ။

အရင်အစိုးရလက်ထက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပှုးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ဂျိုက်ကာ (JICA) တို့ ပှုးပေါင်းရေးဆွဲခဲ့တဲ့ အဟာရန်ကုန်မြို့ပြစီမံကိန်း ၂၀၄၀ အရ ရန်ကုန်မြို့ကို တိုးချဲ့ဖို့ မြို့သစ်ခုနှစ်ခု လျထားတာဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က ဒုတိယဦးစားပေးမြို့သစ်ဖြစ်တဲ့ ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်စကို အကောင်အထည်ဖော်ဖို့ ကုမ္ပဏီသုံးခုကို ရွှေးချယ်ခဲ့ပါတယ် ။ မြေသိမ်းမိန့်တွေ ထုတ်ခဲ့ပေမဲ့ လက်ရှိအစိုးရလက်ထက်မှာတော့ သည်စီမံကိန်းအတိုင်း အကောင်အထည်ဖော်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၊ ဘဏ္ဏာရေးစီမံကိန်းနှင့် စီပွားရေးကော်မတီဥက္ကဌ ဆိပ်ကြီးခနောင်တို လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ‘ဘယ်နေရာက စမယ်ဆိုတာ မသိသေးဘူး ၊ လှည်းကူးက ဖြစ်နိုင်ခြေများတာက ပြောလို့မရသေးဘူး ၊ လွှတ်တော်မှာ အတည်ပြုပြီးတဲ့နေရာခုနှစ်ခုကတော့ ရွှေ့လို့မရဘူး ၊ စည်ပင်သာယာပိုင်မြေတွေက အကောင်အထည်ဖော်ရလွယ်တယ် ၊ မြေသိမ်းမိန့်တွေ ထုတ်ပြီးတော့မှ စီမံကိန်းကို အကောင်အထည်ဖော်မယ်’ လို့ ပြောပါတယ် ။ လှည်းကူးမြို့နယ်က စည်ပင်ပိုင်တွေများလို့ မြေသိမ်းမိန့်ထုတ်ဖို့ မလိုဘူးလို့ သိရပါတယ် ။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်မြို့သစ်စီမံကိန်းကို အသစ်ပြနိရေးဆွဲမယ်လို့ သည်လ ၁၆ ရက်နေ့က ကျင်းပတဲ့ လွှတ်တော်မှာ ပြောပါတယ် ။ စီမံကိန်းကို ဘယ်ပညာရှင်အဖွဲ့အစည်းနဲ့ ရေးဆွဲမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး ။

ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်ကို Developer ကုမ္ပဏီတွေက စီမံကိန်းကိုရေးဆွဲတာဖြစ်တယ် ။ သည်စီမံကိန်းရေးဆွဲတာနဲ့ ပတ်သက်ပြီး မြို့ပြစီမံကိန်းရေးဆွဲရေး ပညာရှင်တွေက ဝေဖန်ထောက်ပြခဲ့ကြပါတယ် ။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ‘စီမံကိန်းကို အစိုးရက ဦးဆောင်ဆွဲပြီး Developer ကုမ္ပဏီတွေက ရှာ ၊ လွှတ်တော်က အဲဒီလိုမျိုး ဆန္ဒရှိတယ် ၊ ဒီဇိုင်းကို Developer ကဆွဲရင် သူတို့အကျိုးအမြတ်ရရှိတဲ့ ဒီဇိုင်းပဲ ဆွဲသွားမယ် ၊ Green ဧရိယာထည့်ချင်မှ ထည့်မယ် ၊ ပြည်သူပိုင်နေရာတွေ ဧရိယာတွေ နည်းသွားမယ် ၊ အစိုးရက ဦးဆောင်ပြီးဆွဲ ၊ Developer က အကျိုးစီးပွား ဦးစားပေးဆွဲတာမျိုးကို ကျွန်မတို့မလိုလားဘူး’ လို့ပြောပါတယ် ။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ စည်ပင်နဲ့ ဂျိုက်ကာတို့ရဲ့ ၂၀၄၀ စီမံကိန်းကိုလည်း လက်ရှိအစိုးရသစ်လွှတ်တော်မှာ လာရောက်ရှင်းပြခဲခြင်းမရှိဘူး ။ ရန်ကုန်မြို့ထဲမှာလုပ်မယ့် ရေကြီးတာ ကားလမ်ပိတ်တာတွေပဲ လွှတ်တော်မှာ ပြောသွားတယ် ။ မြို့သစ် ခုနှစ်ခု စီမံကိန်းကိုတော့ လာရောက်ရှင်းပြတာမရှိခဲ့ဘူးလို့ ဒေါ်စန္ဒာမင်းက ဆက်လက်ပြောကြားပါတယ် ။

ရန်ကုန်မြိုကသစ်စီမံကိန်း ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်ကို အကောင်အထည်ဖော်ဖို့ ကုမ္ပဏီသုံးခုတို့ရဲ့ နောက်ကြောင်းရာဇဝင်တွေ လက်ရှိဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကနေ တစ်ဆင့် မေးမြန်းထားပြီး လွှတ်တော်ကနေ ပြန်ဖြေကြးတာ မရှိသေးဘူးလို့ သိရပါတယ် ။ 

ရန်ကုန်မြို့သစ်စီမံကိန်း ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်ကို အကောင်အထည်ဖော်ခွင့်ရတဲ့ Developer ကုမ္ပဏီသုံးခုက Business Capital City Developer Ltd.m အနောက်တောင်ဒေသဖွံ့ဖြိုးရေး အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီနဲ့ ရွှေပ္ပါး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီတို့ဖြစ်ပြီး သည်ကုမ္ပဏီသုံးခုကို အစိုးရဟောင်းသက်တမ်းကုန်ခါနီး သည်နှစ်ဖေဖော်ဝါရီလမှာ လုပ်ကိုင်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ် ။

Source: The Modern

Facebook comments