ငှါးမယ့်သူကို မျှော်နေရတဲ့ လမ်းမတန်း ဆိုင်ခန်းများ
ရန်ကုန်မြို့တွင် လမ်းမတန်းပေါ်က ဆိုင်ခန်းမြေတွေလာရောက်ငှါးရမ်းမယ့် စီးပွားရေလုပ်ငန်းတွေကို စောင့်မျှော်နေရတဲ့ ဈေးကွက်ဖြစ်ပေါ်နေတယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။‘ ဆိုင်ခန်းခဈေးကြီးတာတွေနဲ့ အွန်လိုင်း ဈေးကွက် တွင်ကျယ်လာတာတွေကြောင့် နောက်ပိုင်းဆိုင်ခန်းငှါးပြီးရောင်းတဲ့လူတွေ တဖြည်းဖြည်း နည်းလာတယ်၊ အခုဆို နေရာတိုင်းလိုလိုမှာ ဆိုင်ခန်းငှါးမည်ဆိုတဲ့ ဆိုင်းဘုတ်တွေ များများလာတယ် ' လို့ သုခအကျိုးဆောင်လုပ်ငန်းက ကိုနန္ဒက ပြောပါတယ်။စီးပွါးရေးလုပ်ကိုင်တဲ့ ဈေးကွက်က နောက်ပိုင်း အပြင်ဈေးကွက်ထက် အွန်လိုင်းဈေးကွက်တွေ ခေတ်စားလာတာကြောင့် ဆိုင်ခန်းဖွင့်လှစ်ရောင်းချတဲ့ ဈေးကွက်နည်းပါးလာပါတယ်။အရင်ကလမ်းမတန်းဆိုင်ခန်းတွေက ဦးရာလူငှါးရတဲ့အထိဖြစ်ခဲ့ပေမဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာတော့ တဖြည်းဖြည်း လျော့ကျလာပါတယ်။ဆိုင်ခန်းတွေရဲ့ ဈေးနှုန်းတွေကတော့ လမ်းမတန်းတွေ ကျပ်နှစ်သိန်းလောက်ကနေ သိန်းရာဂဏန်းလောပ်အထိ ဈေးကွက်ဖြစ်လာတာကြောင့် လုပ်ငန်းတချို့ လောက်သာ ငှါးရမ်းပြီး ဆိုင်ခန်းတွေဖွင့်လှစ်လာကြပါတယ်။‘ အဝတ်အထည် ဆိုင်တော်တော်များများက အပြင်မှာထက် စရိတ်မရှိတဲ့ အွန်လိုင်းဘက်ကို ဦးစားပေးလာတယ် ၊ ဒါက လူတိုင်းအရင်းအနှီးမလိုဘဲတောင် လုပ်လို့ရတော့ ခေတ်စားလာတာပေါ့ ' လို့ စီးပွားရေးပညာရှင် ဦးလှမောင်က ပြောပါတယ်။ဈေးလျော့ကြပြီလားလာရောင်ငှါးရမ်းသူနည်းပေမဲ့ လမ်းမတန်းဆိုင်ခန်း ငှါးရမ်းခတွေကတော့ အရင်ဈေးထက် လျော့ဈေးငှါးရမ်းတာတွေ မရှိသလောက်ပါပဲ။အများစုကတော့ နေရာတွေကို ဆိုင်ရှင်ကိုယ်တိုင်ပြုပြင်ပြီးမှ ငှါးရမ်းတာတွေပြုလုပ်လာကြတယ်။တချို့ဆိုင်ခန်းတွေကတော့ အငှါးမရချိန်မှာ ပိတ်ထားပြီး အငှါးတင်ဖို့အကျိုးဆောင်အပ်တာတွေလည်း ရှိလာပါတယ်။ဆိုင်ခန်းအငှါးတဖြည်းဖြည်းနည်းပါလာတဲ့ နေရာတွေကတော့ ဈေးတွေနဲ့နီးတဲ့နေရာက ဆိုင်ခန်တွေနဲ့ ဈေးနှုန်းမြင့်မာတဲ့ လမ်းမတန်းပေါ်က ဆိုင်ခန်းနေရာတွေဖြစ်ပါတယ်။အများစုကတော့ စားသောက်ဆိုင်တွေ ဖွင့်လှစ်တာနဲ့ အရောင်းပြခန်းတွေလောက်သာရှိပြီး ကျန်တဲ့ လုပ်ငန်းတွေကတော့ အရင်ထက် လျော့နည်းလာပြီး ဖြစ်ပါတယ်။‘ အွန်လိုင်းဈေးကွက်တွင် ကျယ်လာတော့ အခန်းခပေးပြီး ဆိုင်မဖွင့်တော့ဘူး၊ လိုချင်တာကို အွန်လိုင်းရောက်တယ်၊ သူကစရိတ်လဲသက်သာသလို အမြတ်လဲပိုတော့နာမည်ကြီး တံဆိပ်တွေတောင် အိမ်အရောင်းဝန်ဆောင်မှုတွေလုပ်ပြီး ဆိုင်ခွဲလျှော့လာကြတယ် ' လို့ စမတ်အွန်လိုင်း ဆိုင်က မငယ်က ပြောပါတယ်။Source: Kumudra
Facebook comments