သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ သံသုမာလမ်းမနှင့် ပတ်ဝန်းကျင်ရှိ အိမ်ခြံမြေဈေးကွက်ဖြစ်ထွန်းမှုအခြေအနေများအား ကျွန်တော်တို့ Property.com.mm သတင်းမီဒီယာအဖွဲ့မှ သွားရောက်စုံစမ်းမေးမြန်း ရယူခဲ့သည့်
အိမ်ခြံမြေ ဈေးကွက် အခြေအနေများကို ရေးသားဖော်ပြ လိုက်ပါသည်။ သံသုမာလမ်းမကြီးမှာ မြောက်ဥက္ကလာပနှင့် မရမ်းကုန်းမြို့နယ် အစပ်မှနေ၍ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်း မြို့နယ်တို့ကို ဖြတ်၍
အထက်ပုဇွန်တောင်ပတ်ဝန်းကျင်အထိ စပ်ဆက်သွားလာ နိုင်ပြီး မြို့နယ်ဖြတ် ဆက်သွယ်သွားလာ အဓိကလမ်းမကြီးဖြစ် သဖြင့် လမ်းမ၀ဲယာနှင့် အနီးရှိ ဆက်စပ်နေသည့် လမ်းသွယ်အချို့ ရှိ ဈေးကွက် ဖွံ့ဖြိုးမှုများမှာလည်း
ကောင်းမွန်သဖြင့် အိမ်ခြံမြေ ဈေးကွက်၌ စိတ်ဝင်စားသူများပြားကြောင်း သိရသည်။ သံသုမာလမ်းမနှင့် ပတ်ဝန်းကျင် တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်း ရောင်း ၀ယ်ငှား ဈေးကွက်အခြေအနေများအား ဒေသခံ အကျိုးဆောင်တစ်ဦးမှ
ပြောကြားရာတွင် "ဈေးကွက်အခြေအနေက အငှား ပုံမှန်ဖြစ်ပါတယ် သံသုမာလမ်းမ ပေါ်က တိုက်ခန်းအငှားခေါ်ထားတာတွေဆိုရင်ပေ ၃၀'x၅၀' ပထမ ထပ်ကို ၁၀ သိန်းနဲ့ တစ်ခုရှိတယ် လမ်းမပေါ်မှာပဲ ၁၈'x၅၄' မြေညီထပ်
ကို ၁၅ သိန်း၊ ပထမထပ်ကို ၅ သိန်းနဲ့ ၁၉'x ၆၀' Hall Type မြေညီကို ညှိုနှိုင်းဈေး အငှားတွေ ခေါ်ထားတာရှိတယ် တိုက်ခန်းအရောင်းဆိုရင် ပေ ၂၀'x၆၀' ၃ လွှာကို သိန်း ၁၃၀၀ နဲ့ တစ်ခန်း ၊ လမ်းမတန်းနေရာ
ကောင်း ထောင့်ကွက် ၃၅'x၄၅' မြေညီထပ် Hall Type ကို သိန်း ၃၅၀၀ ဈေးအခေါ်ရှိပါတယ် နောက်ပြီး ဆောက်လုပ်စ ကွန်ဒိုတစ်ချို့  ကြိုပွိုင့်ချပေးနေတာတစ်ချို့ရှိတယ် စတုရန်းပေ ၁၀၀၀ ၀န်းကျင်တော့ ရှိမယ် သိန်း ၇၀၀ နဲ့ ကြိုပွိင့် အရောင်းခေါ်ဆိုမှု ရှိပါတယ် လုံးချင်း အရောင်း ဈေးကွက်ဆိုရင်တော့ လက်ရှိမှာ အေးနေပါတယ် သိပ်မဖြစ်ဘူး ကျွန်တော်တို့ကတော့ အငှားဈေးကွက်ကိုပဲ ဦးစားပေး ကိုင်ဖြစ်တာများတယ် လုံးချင်းအငှားထဲကဆိုရင် ပေ ၄၀'x၁၁၀' RC တစ်ထပ် တစ်လုံး အငှား သိန်း ၂၀ ခေါ်ထားတာရှိပါတယ် ဈေးကွက် အခြေအနေကို ပြောရရင်တော့ မဖြစ်မနေ နေရတဲ့သူတွေလောက်ပဲ အိမ်ငှားဖို့နေဖို့ ရှာကြတာတွေ အတွေ့ရများတယ် တမင်
ဝယ်တာမျိုးတော့ ခုလပိုင်းတွေမှာ မကြားမိသေးပါဘူး ၀ယ်ရင်လည်း သိန်း ငါးရာခြောက်ရာ အခန်းလေးတွေ တခါတလေဖြစ်တယ် အိမ်ခြံဈေးတွေက အကျတော့မရှိဘူး မြောက်နေတယ် ခေါ်တဲ့သူတွေ
ကလည်း ကြိုက်ဈေးအော်တာပဲ နိုင်ငံရေးအခြေအနေတွေ ငြိမ်သွားပြီး ရင်တော့ နည်းနည်း ပြန်လှုပ် လာမယ်လို့ ထင်ပါတယ်" ဟု ဒေသခံ အကျိုးဆောင်တစ်ဦးဖြစ်သူ ကိုခင်မောင်ထွန်းက Property.com.mm
သတင်း မီဒီယာအဖွဲ့သို့ ပြောကြားသည်။