မန္တလေးမြို့တော် စည်ပင်သာယာဥပဒေကို ပြင် ဆင်မည်ဖြစ်ပြီး ကော်မတီ၏သက် တမ်းသည် အစိုးရအဖွဲ့၏သက်တမ်းနှင့်အညီဟု ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီမှ သတင်းရရှိ သည်။
ဇွန်လ ၁၃ ရက်က ကျင်းပ သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ၂၀၁၄ မန္တလေးမြို့တော်စည်ပင် သာယာဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို ချမ်းမြသာစည် မြို့နယ် မဲဆန္ဒနယ် (၂)မှ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်၊ တိုင်းဒေသကြီး လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတင်အောင်က တိုင်းလွှတ်တော် သို့ အဆိုတင်သွင်းခဲ့သည်။
လွှတ်တော်သို့ တင်သွင်းခဲ့ သည့် ဥပဒေကြမ်းအရ ယခင် အစိုးရလက်ထက် ပြဋ္ဌာန်းခဲ့သည့် မန္တလေးမြို့တော် စည်ပင်သာယာ ဥပဒေတွင် ပါဝင်သည့်အချက် များထဲမှ ကော်မတီ၏ သက်တမ်း နှင့် စည်ပင်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အချက်များထဲမှ အဓိကအချက် (၇)ချက်ခန့်ကို ပြင်ဆင်မည်ဖြစ်ပြီး ဇွန်လ ၁၄ ရက် တိုင်းလွှတ်တော်အစည်း အဝေး၌ ဆွေးနွေးအတည်ပြုမည် ဖြစ်သည်။
ယင်းဥပဒေကြမ်းကို လွှတ် တော်က အတည်ပြုလိုက် သည်နှင့် တစ်ပြိုင်နက် လက်ရှိတာဝန်ထမ်းဆောင်နေသော မန္တလေးမြို့တော် စည်ပင်သာယာကော် မတီဝင်များ၏ သက်တမ်းလည်း ကုန်ဆုံးမည်ဖြစ်သည်။
‘‘ကျွန်တော်တို့က ဥပဒေပြု ပေးလိုက်တာပါပဲ။ ကျန်တာက တော့ ဝန်ကြီးချုပ်က ဆက်လုပ်ရ မှာဖြစ်ပါတယ်’’ဟု ဦးတင်အောင် က ပြောသည်။
မန္တလေးမြို့တော်စည်ပင် သာယာရေးဥပဒေကို ပြင်ဆင် ရာတွင် စည်ပင်ကော်မတီ၏ လုပ် ပိုင်ခွင့်နှင့်ပတ်သက်၍ ပြင်ဆင် ပြဋ္ဌာန်းမှုများ ပြုလုပ်မည်မဟုတ် ကြောင်း သတင်းရရှိသည်။
‘‘လောလောဆယ်မှာ အရေးကြီးနေတဲ့ကိစ္စက ကော်မတီတွေ ရဲ့ကိစ္စပေါ့။ အရင်ကတော့ ကော် မတီတွေရဲ့သက်တမ်းကို ပုံမှန် အားဖြင့် ငါးနှစ်ဆိုပြီးတော့ သတ် မှတ်ထားတာက မတိကျဘူး။ ကော်မတီဝင်တွေကလည်း သို့ လော၊ သို့လောဖြစ်နေတယ်။ အဲဒီကိစ္စက အရေးကြီးတယ်။ နောက်ပြီးတော့ ရွေးချယ်ခွင့်က လည်း အရေးကြီးတဲ့အတွက် ဒါကို အရင်ဆုံးလုပ်လိုက်တာ’’ ဟု ဦးတင်အောင်က ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေ ပြင်ဆင်ပြဋ္ဌာန်း မည့်ကိစ္စနှင့်ပတ်သက်၍ မသိရှိ သေးဘဲ ဥပဒေအရ ထွက်ပေါ် လာမည့်အမိန့်၊ ညွှန်ကြား ချက်များအတိုင်း လိုက်နာမည် ဖြစ်ကြောင်း အမရပူရမြို့နယ်မှ ရွေးချယ်ခံကိုယ်စားလှယ် မန္တလေးမြို့တော် စည်ပင်သာယာကော် မတီဝင် ဦးရဲမွန်က ပြောသည်။
၂၀၁၄ မန္တလေးမြို့တော် စည်ပင်သာယာဥပဒေတွင် ပြဋ္ဌာန်းထားသည့် အချက်များ အနက် တိုင်းလွှတ်တော်မှ ပြင် ဆင်မည့်အချက်များတွင် စည်ပင် သာယာရေးကော်မတီနှင့် ကော် မတီဝင်များ၏ သက်တမ်းအား ယင်းကော်မတီကို ခန့်အပ်တာဝန် ပေးအပ်ခဲ့သည့် အစိုးရအဖွဲ့၏ သက်တမ်းနှင့်အညီဟု သတ်မှတ် ပြင်ဆင်ရန်၊ စည်ပင်သာယာ ကော်မတီဝင်များသည် အစိုးရ အဖွဲ့အား တာဝန်ခံရမည်ဆိုသည့် စကားရပ်အစား မြို့တော်ဝန်ကို တာဝန်ခံရမည်ဆိုသည့် စကားရပ် ဖြင့် ပြင်ဆင်ရန်၊ စည်ပင်သာယာ ကော်မတီဝင် ရွေးကောက်ပွဲများ အတွက် မြို့တော်ဝန်မှ ရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူလုပ်ဆောင်ရန် ကော်မတီဝင်လောင်းအဖြစ် ရွေး ချယ်ခံမည့်ပုဂ္ဂိုလ်၏ အသက်အား အသက် (၃၀)အစား အသက် (၃၅)နှစ်ဖြင့် အစားထိုးပြင်ဆင် ရန်၊ ကော်မတီဝင်အဖြစ် ရွေးချယ် ခံမည့် ပုဂ္ဂိုလ်သည် မန္တလေးမြို့ တွင် တစ်ဆက်တည်း ၁၀ နှစ်နေထိုင်ရမည်ဆိုသည့် သတ် မှတ်ချက်အစား ငါးနှစ် တစ်ဆက်တည်း နေထိုင်ရမည်ဟု အစားထိုးပြင်ဆင်ရန်နှင့် ကိုယ်ပိုင်အမည် ပေါက် မြေနေရာ နေအိမ် အဆောက်အအုံ ပိုင်ဆိုင်မှု ဂရန်ရှိရမည်ဆိုသည့် စကားရပ်အစားဇနီး၊ ခင်ပွန်းနှင့် မိရင်းဖရင်းက တရားဝင်ပိုင်ဆိုင်သည့် မြေနေရာ၊ အဆောက်အအုံရှိလျှင် ရွေးချယ်ခံပိုင်ခွင့်ပြုရန် စသည် တို့ဖြစ်သည်။
Source:7Day Daily