တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ အသက်ဝင်လှုပ်ရှားလာတော့မည်
နယ်ဒေသများလူနေမှု ဖွံ့ဖြိုးလာဖို့ အိမ်ရာစနစ်များ အကောင်အထည်ဖော်ဆောင်
မှုလုပ်ငန်းသည် အမှန်တကယ်လိုအပ်ချက်တစ်ခုဖြစ်သည့် အားလျော်စွာ မြန်မာ
တစ်နိုင်ငံလုံးတွင် သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာများ ယူနစ် တစ်သိန်း
ရှစ်သောင်းခန့် ဆောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဇွန်လ
ပတမပတ်အတွင်းက ပြောကြားခဲ့ပြီး ဘဏ္ဍာငွေ ရရှိမှုများအပေါ်၌ မူတည်၍
စက်တင်ဘာလအတွင်း၌ စတင်တည်ဆောက်သွားမည်ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်း မြို့နယ်ဘက်တွင်လည်း အိမ်ခန်းပေါင်း
၁၅၀၀၀ ခန့် ပါဝင်နိုင်မည့် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်တော့မည်ဖြစ်ကာ
Capital Development ကုမ္ပဏီမှ ဦးဆောင်ဆောက်လုပ်တော့မည်ဖြစ်၍ မြို့ပြနေ
ပြည်သူတို့အနေဖြင့် အိမ်ရာတိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အလမ်းများတိုးပွားလာ
ဦးမည် ဖြစ်သည်။
တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်မှုတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူများ
အတွက်အိမ်ရာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးသည် အစိုးရသစ်နှင့် တိုင်းဒေသ
အစိုးရအတွက်အရေးကြီးသော လုပ်ငန်းဆောင်ရွက်ချက်တစ်ခုလည်း ဖြစ်နေပြီး
အိမ်ရာမဲ့ပြည်သူတို့၏အိမ်ရာလိုအပ်မှု အခက်အခဲများ၊ ကျူးကျော်ရပ်ကွက်များ၏
ပြဿ နာများ ကြီးထွားမလာနိုင်ရေးအတွက်မဖြစ်မနေ ကြိုးပမ်းလုပ်ဆောင်ရမည့်
အချက်တစ်ခုလည်း ဖြစ်သည်။
နယ်ဘက်ဒေသများရှိ ပြည်သူများ၏ လူနေမှုပုံစံအရ အိမ်ရာတိုက်ခန်းများဖြင့်
နေထိုင်သည့်ပုံစံကို အတွေ့နည်းပြီး ပြည်နယ်တိုင်းဒေသများရှိ မြို့ကြီးများတွင်သာ
အများအားဖြင့် တွေ့ရသည်။ ငွေကြေးပိုလျံသူတို့အနေဖြင့်လည်း ဈေးကွက်ရှိသည့်
မြို့ပြဒေသများရှိ အိမ်ရာတိုက်ခန်းများကိုသာ နေထိုင်မှုအတွက်ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံ
မှုအနေနှင့်ဖြစ်စေ ဝယ်ယူတတ်ကြသည်။သာမန်ဝင်ငွေနည်း ပြည်သူတို့အဖို့မှာမူ
လက်ရှိနေထိုင်ရင်း အိမ်ခြံမြေမှအပ အခြားအိမ်ခြံမြေပိုင်ဆိုင်မှုနည်းပါးလှပြီး အိမ်ရာ
ပိုင်ဆိုင်မှုမရှိသေးသော ပြည်သူများသည်လည်း များစွာ ရှိနေကြသောကြောင့်
အစိုးရသစ်အနေဖြင့် နိုင်ငံနှင့်အဝှန်း တည်ဆောက်ပေးမည့် တန်ဖိုးနည်းအိမ်ရာ
များကိုဒေသခံပြည်သူများ လက်ဝယ်ပိုင်ပိုင် ဝယ်ယူပိုင်ဆိုင်နိုင်ရေးအတွက်၊ နှစ်တို
နှစ်ရှည် အရစ်ကျငွေချေစနစ်များစနစ်တကျ ချမှတ်လုပ်ဆောင်ပေးနိုင်ပါလျှင် ပြည်သူ
တို့၏လူနေမှုဘ၀ သာယာဖွံ့ဖြိုးရေး၊ အိမ်ရာလိုအပ်ချက်များ ပြည်စုံနိုင်ရေးအတွက်ပါ
များစွာအထောက်အကူ ဖြစ်နိုင်ပါသည်။
မြန်မာနိုင်ငံတွင် မြို့ပြဒေသများထက် နယ်ဒေသများမှာ မြေယာစီမံခန့်ခွဲမှု ပိုမိုလွယ်ကူ
ခြင်း မြေလွတ်မြေသန့် ပေါများခြင်း၊ ရေမြေဒေသပတ်ဝန်းကျင် ပိုမိုလွတ်လပ်ကျယ်ပြန့်
ခြင်းများကြောင့် အိမ်ရာဆောက်လုပ်မှု လုပ်ငန်းများပိုမို ဖြစ်ထွန်းအောင်မြင်လာနိုင်သည့်
အလားအလာရှိကာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့်လည်း နယ်ဒေသများရှိ
အိမ်ရာတည်ဆောက်မှု လုပ်ငန်းဈေးကွက်အခြေအနေများအား စိတ်ဝင်တစား လေ့လာ
မှုများ ရှိနေကြကာ ဈေးကွက်ပြောင်းရွှေ့မှုအတွက် အားသန်နေကြသည့် အခြေအနေ
များကိုလည်း တွေ့လာရသည်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့်လည်း
ရင်းနှီးမြှုပ်နှံမှုအတွက် ချေးငွေရယူခြင်းများတွင် ဘဏ်ကို အားထားကြသကဲ့သို့
၀ယ်ယူနေထိုင်သူများအတွက်လည်း ဘဏ်၏ အထောက်အပံ့ ချေးငွေအပေါ် အားကိုး
အားထားပြုလိုသည့် ပြည်သူများလည်း အများအပြားပင်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်သူများ အိမ်ရာတိုက်ခန်းဝယ်ယူပိုင်ဆိုင်နိုင်ရေးအတွက် အိမ်ရာ
လိုအပ်သူများအား ချေးငွေထုတ်ပေးနိုင်မည့် ဘဏ်များနည်းပါးနေခြင်းကိုလည်း အစိုးရ
အနေဖြင့်ထည့်သွင်းစဉ်းစားသင့်ပြီး လတ်တလောကာလတွင် အိမ်ရာလိုအပ်ချက်နှင့်
ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ဆက်စပ်၍ ချေးငွေရယူနိုင်သော တစ်ခုတည်းသော
ဘဏ်မှာ ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ဖြစ်ပြီး စတင်တည်ထောင်ခဲ့သည့်
ကာလမှ ယနေ့အထိ အိမ်ရာ၊ ဆောက်လုပ်ရေးလုပ်ငန်းမျာနှင့် ဆက်စပ်၍ ငွေကျပ်
၁၂၀ ဘီလီယံကျော် ထုတ်ချေးပေးထားပြီးသိရပြီး အိမ်ရာဝယ်ယူလိုသူများ၊ မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်းများအား ချေးငွေထုတ်ပေး
ထားကာ လာမည့်နှစ်များအတွင်း အမှန်တကယ် အိမ်ရာတိုက်ခန်း လိုအပ်နေသည့်
တနိုင်တပိုင်ဝယ်ယူလိုသူများ အတွက် ပိုမိုထုတ်ချေးသွားမည်ဟု ဆိုသောကြောင့်
ထိုသို့သောအိမ်ရာဝယ်ယူမှု၊ လူနေမှုစနစ်များအတွက် အထောက်အပံ့ပေးနိုင်သည့်
ဘဏ်များ၏ အခန်းကဏ္ဍ ပိုမိုပြည့်စုံများပြားလာရေးကိုလည်း မဖြစ်မနေ ထည့်သွင်း
အကောင်အထည်ဖော်ဖို့ရန်လိုအပ်မည်ဖြစ်ပါကြောင်း Property.com.mm သတင်း
မီဒီယာမှ ရေးသားတင်ပြလိုက်ပါသည်။
Property.com.mm Media Team
www.property.com.mm