ရတနာအိမ်ရာဝင်းအတွင်း အရောင်းအငှားဈေးကွက်များ

တိုင်းရင်းသားကျေးရွာအနီး၊ ရတနာလမ်းမပေါ်ရှိ ရတနာအိမ်ရာအတွင်း အိမ်ခြံမြေရောင်းဝယ်ငှားဈေးကွက် ဖြစ်ထွန်းမှု အခြေအနေ များအား ကျွန်တော်တို့ Property.com.mm

 သတင်းမီဒီယာအဖွဲ့မှ ယခု အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း သွားရောက် သတင်းရယူစုံစမ်းခဲ့မှုများအား ရေးသား တင်ပြလိုက်ပါသည်။ ရတနာအိမ်ရာအတွင်း ဈေးကွက်ဖြစ်ထွန်းမှု 

အခြေအနေများနှင့် ပတ်သက်၍ ဒေသခံအကျိုးဆောင်တစ်ဦးအားမေးမြန်းရာတွင် "အိမ်ရာထဲမှာ အရောင်းအငှားခေါ်ထားတာတွေရှိပါတယ်  အိမ်မဆောက်ရသေးတဲ့ မြေကွက်အလွတ်တွေလည်း

တစ်ချို့ဈေးခေါ်ထားတွေရှိတယ် သာကေတ ရတနာအိမ်ရာရော ဒဂုံဆိပ်ကမ်းဘက်က ရတနာအိမ်ရာ စီမံကိန်း ဘက်မှာပါ ဈေးခေါ်ထားတာတွေရှိပါတယ် သာကေတမြို့နယ်ဘက်ကတော့ 
အသွားအလာပိုနီးတာပေါ့ လုံးချင်း အရောင်းထဲကဆိုရင် ပေ ၁၀၀ ပတ်လည် RC ၁ထက်ပဲ သိန်း ၇၅၀၀ ခေါ်ထားတာရှိပါတယ် နောက်လုံးချင်း ၁ လုံးဆိုရင် ၉၀'x၈၀' RC ၁ထပ်ကို သိန်း ၈၀၀၀ 
အရောင်းခေါ်ထားတာရှိပါတယ် လမ်းပိုသာတာပေါ့ မြေကွက် သီးသန့်ဆိုရင်တော့ ပေ ၁၀၀'x၁၁၀ အကွက်ကို သိန်း ၆၅၀၀ ပေ၆၀'x ၈၀' အကွက်ကို သိန်း ၄၀၀၀ ၀န်းကျင် အထက် ညှိုနှိုင်းခေါ်
ထားတာ ရှိပါတယ် လာမေးတာတွေရှိတယ် ၀ယ်ဖြစ်မ၀ယ်ဖြစ်တော့ မသိသေးဘူး လုံးချင်းအငှားထဲကဆိုရင်တော့ ပေ ၈၀ ပတ်လည် ၀န်းကျင်တော့ရှိမယ် 2RC ၂ လုံးရှိပါတယ် တစ်လုံးကတော့ 
သိန်း ၂၀ ခေါ်ထားတယ် လမ်းအနေအထားပေါ် မူတည်ပြီး ကွာတယ် ၁၅ သိန်းနဲ့ သိန်း ၂၀ ပတ်ဝန်းကျင်လောက်ပါပဲ ချောင်ကျတဲ့ဘက်ဆို ၁၂ သိန်း လောက်နဲ့ အငှားဖြစ်တာလည်းရှိပါတယ် " 
ဟု ဒေသခံအကျိုးဆောင်တစ်ဦးဖြစ်သူ ကိုမျိုးမြင့်က Property.com.mm သတင်းမီဒီယာအဖွဲ့သို့ ပြောကြားသည်။ ရတနာအိမ်ရာမှာ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သာကေတမြို့နယ်

များသို့ ဆက်သွယ်ဖောက်လုပ်ထားသော ရတနာ လမ်းမပေါ်တွင် တည်ရှိပြီး သာကေတအ၀ိုင်းအနီးရှိ သန်လျင်ချဉ်းကပ်လမ်းသို့ ဆက်သွယ်ဖောက်လုပ်ထားကာရှုခင်းသာမြို့ပတ်လမ်း၊ ဧရာဝဏ်
လမ်းမများမှတဆင့် မြို့တွင်းသို့ ဆက်သွယ်သွားလာနိုင်ပြီး ဆိတ်ငြိမ် အေးချမ်းသောအိမ်ရာပတ်ဝန်းကျင်တစ်ခုဖြစ်ကြောင်း အိမ်ခြံမြေ ဈေးကွက်လေ့လာသူများအတွက် ရေးသားတင်ပြလိုက်

ပါသည်။


www.Property.com.mm

Facebook comments