ဗိုလ်တစ်ထောင်မြို့နယ်အတွင်း အိမ်ခြံမြေဈေးကွက် ဖြစ်ထွန်းမှုအခြေအနေများ

ဗိုလ်တစ်ထောင်မြို့နယ်အတွင်း အိမ်ခြံမြေဈေးကွက် ရောင်းဝယ်ငှား အခြေအနေများနှင့် ပတ်သက်၍ Property.com.mm သတင်းမီဒီယာအဖွဲ့မှ ယခုတစ်ပတ်အတွင်း စုံစမ်းရရှိသော 

အိမ်ခြံမြေ သတင်းများအား ဖော်ပြ ပေးလိုက်ပါသည်။ ဗိုလ်တစ်ထောင်မြို့နယ်မှာ ရန်ကုန်မြို့တွင်းဧရိယာ၏ အရှေ့ ဘက်ဆုံးအပိုင်း၌ တည်ရှိပြီး မဟာဗန္ဓုလတံတားမှ ဒေါပုံမြို့နယ်၊ သာကေတ
မြို့နယ်နှင့်သန်လျင်ဘက်သို့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့သော တည်နေရာပတ်ဝန်းကျင်တွင် တည်ရှိကာ မြို့တွင်း မြို့နယ်များအနက် အတန်ငယ် ဆိတ်ငြိမ်မှုရှိသော မြို့နယ် 
တစ်ခုဖြစ်သည်။ 
မြို့နယ်အတွင်း အိမ်ခြံမြေ ဈေးကွက်အခြေအနေများနှင့် ပတ်သက်၍ သတင်းရယူမှုများတွင် အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးမှ ဈေးကွက်အခြေအနေ ပြောကြားချက်များကိုလည်း 

တင်ပြလိုက်ပါသည်။

“ ဈေးကွက်အခြေအနေကတော့ တိုက်ခန်းတွေ ရောင်းဝယ်ငှား ဈေးကွက်ဆိုရင် ငွေလိုတဲ့သူတွေ၊ ရင်းနှီးမြှုပ်နှံမှု စီးပွားရေး တစ်ခုခုလုပ်ချင်တဲ့သူတွေအနေနဲ့ ဈေးခေါ်ရောင်းလာတာ 
တွေ့ရပါတယ် ဗိုလ်တစ်ထောင်ဘုရားလမ်းနဲ့ လမ်းသွယ်တွေ ဘက်မှာ ပေ ၂၅x ၆၀ အခန်းတစ်ချို့ အငှားရော အရောင်းရော ရှိတယ် ၃ လွှာကို အငှား ခေါ်တာ၅ သိန်း ပတ်ဝန်းကျင်လောက်ပါ 
အရောင်းအနေနဲ့ဆိုရင် ဗိုလ်တစ်ထောင်ဘုရားလမ်းမပေါ်မှာ မြေညီကို သိန်း ၇၅၀၀ လောက်ခေါ်ပါတယ် လမ်းသွယ်ထဲဆိုရင် ပေ ၂၀x၆၀ ပထမထပ်လောက်ကို သိန်း ၅၀၀ ပတ်ဝန်းကျင်
ရှိပါတယ် ဒါကလည်း အခန်းအနေအထားနဲ့ တိုက်အနေအထားပေါ်မူတည်ပြီး သိန်း ၅၀၊ သိန်း ၁၀၀ လောက် ကွာတာတွေလည်း ရှိတယ် ၅၅ လမ်း၊ ၅၆ လမ်း ဘက်တွေမှာ ၁၂ခွဲ’x၆၀ အခန်းတွေ 
ပထမထပ်ကို သိန်း ၈၀၀၊ ဒုတိယထပ်ကို သိန်း ၇၀၀ ၀န်းကျင် အရောင်းခေါ်ထားတာရှိပါတယ် အနော်ရထာလမ်းမပေါ်တွေဆိုရင် ပေ ၆၀’x၅၀’ နေရာကောင်း ထောင့်ကွက်ကို သိန်း 
၇၀၀၀၀ ထိအခေါ်ရှိပါတယ် ပြီးတော့ ကမ်းနားလမ်းပေါ်မှာ ပေ ၃၀x ၅၀ ၆ ထပ် RC ကို သိန်း ၁၃၀ အငှားခေါ်ဆိုမှုရှိပါတယ်” ဗိုလ်တစ်ထောင်မြို့နယ်နေ အိမ်ခြံမြေ အထွေထွေ
အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးကျော်ချွန်းက Property.com.mm သတင်း မီဒီယာအဖွဲ့သို့ ပြောကြားသည်။

“ဈေးကွက်အရဆိုရင် လုံးချင်းအရောင်းကတော့ လတ်တလောမှာ နည်းပါတယ် အများအားဖြင့် တိုက်ဟောင်းတွေ ဖြိုဖျက် တိုက်သစ် ဆောက်ဖို့ ကန်ထရိုက်လုပ်ငန်းရှင်တွေလောက်ပဲ 

စိတ်ဝင်စားကြတာ တွေ့ရတယ် ပြီးတော့ ဗိုလ်တစ်ထောင်ဘက်ထဲမှာ ကွန်ဒို ဆောက်လုပ်မှုတွေလည်း ပိုများလာပါတယ် လမ်း ၅၀ ကွန်ဒိုလည်း ခုလက်ရှိဆောက်လက်စပဲ အခန်းအရေအတွက်

လည်း တော်တော်များတယ် ပြီးသွားရင်တော့ အခန်းဈေးကွက်တွေ ပိုဖြစ်မှာပေါ့ ပြီးတော့ ကိုလိုနီခေတ်လက်ရာ အရင်က တိုက်ဟောင်းတွေလည်း ဒီဘက်မှာ တော်တော်များများရှိတယ် 

ဒီတိုက်တွေကိုလည်း ဖြိုဖျက်ခွင့်နဲ့ ဆောက်လုပ်ခွင့်ရပြီးသား ထပ်ဆောက်မယ့် တိုက်သစ်တွေလည်း ဒီ တစ်နှစ်နှစ်နှစ်အတွင်း တော်တော်များများ အခန်းတွေ ထွက်လာဖို့ အခြေအနေပါရှိတယ်” 

ဟု ဦးကျော်ခွန်းက Property.com.mm မီဒီယာအဖွဲ့သို့ ထပ်မံပြောကြားသည်။


www.Property.com.mm

Facebook comments