စက်မှုဇုန်မြေကွက် အမည်ပေါက်ပြုလုပ်ထားတာတွေရှိလာ ၊လုပ်ငန်းမလုပ်သူတွေလည်း ရှိ

စက်မှုဇုန်မြေကွက် ဝယ်ယူထားသူတွေအမည်ပေါက်ပြုလုပ်ထားတာတွေရှိ
လာပြီး အမည်ပေါက်တွေမှာ လုပ်ငန်းမလုပ်တဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ် ။

အမည်ပေါက်ပြောင်းထားလို့ပြန်လည်သိမ်းယူဖို့အခက်အခဲရှိစေတယ်ဆိုပေမဲ့ မြေကွက်ဝယ်ယူထားတဲ့ ငွေအတိုင်းပြန်အမ်းပြီးသိမ်းယူလို့ရနိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတချို့ကပြောပါတယ် ။
အရင်အစိုးရလက်ထက်ကတည်းကလုပ်ငန်းမလုပ်တဲ့ စက်မှုဇုန်မြေကွက်တွေကိုပြန်လည်သိမ်းယူဖို့ ဥပဒေချမှတ်ပြီး လုပ်ဆောင်ခဲ့ပါတယ် ။လက်ရှိအစိုးရကလည်းဒုတိယအကြိမ်လုပ်ငန်းမလုပ်
တဲ့မြေတွေ ကိုပြန်လည်သိမ်းယူနိုင်ဖို့ စာရင်းကောက်ယူမှုတွေပြုလုပ်နေပါတယ် ။

ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က ‘အရင်အစိုးရစာရင်းကောက်တုန်းကလဲစက်မှုဇုန်တွေမှာ ဂိုဒေါင်ဇုန်တွေလို့ရလောက်အောင် ဂိုဒေါင်တွေများလာတယ် ၊တကယ်လုပ်ငန်းလုပ်တဲ့သူတွေကနည်းတယ် ၊အခုတစ်ခါတော့ သေချာစိစစ်ပြီး လုပ်စေချင်တယ် ‘လို့ပြောပါတယ် ။

အရင်အစိုးရလက်ထက်စစ်တမ်းတွေမှာ ဂိုဒေါင်လျှောက်ထားမှုတွေ အများဆုံးရှိခဲ့တယ်လို့သိရပါတယ် ။မြေဈေးကစားသူတွေက အမည်ပေါက်တွေပြုလုပ်ပြီး မြေကွက်တွေကိုကိုင်ထားကြတာပါ ။

ကျွမ်းကျင်သူတချိုကကတော့ စက်မှုဇုန်စတည်ထောင်ကတည်းကမြေဝယ်ယူထားသူတွေဆိုပေမဲ့ လုပ်ငန်းမလုပ်ရင်ဝယ်ယူထားတဲ့ ငွေပြန်အမ်းပြီး လုပ်ငန်းတကယ်လုပ်မယ့်သူတွေကိုပြန်ချပေးသင့်တယ်လို့သိရပါတယ် ။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ဦးဇော်နိုင် ကစက်မှုဇုန်တွေကိုအစိုးရဦးဆောင်တည်ဆောက်ပြီးအမှန်တကယ်လုပ်နိုင်လိုသူတွေကို ပရောဂျက်ပလန်နဲ့စိစစ်ပြီး အငှါးချထားမျိုးလုပ်ဆောင်သင့်တယ် ၊အခုကလုပ်ငန်းတကယ်လုပ်မယ့်သူတွေအတွက် မြေဈေးကအခက်အခဲတစ်ခုလိုဖြစ်နေတယ် ‘လို့ပြောပါတယ် ။

တစ်ချို့တွေကတော့မြေကွက်ဝယ်ယူထားသူတွေကိုမြေကွက်ဆက်ကိုင်ထားမလား ၊လုပ်ငန်းတွေအကောင်အထည်ဖော်ဖို့ ပူးပေါင်းဆောင်ရွက်မလားဆိုပြီး မြေဝယ်ပြီးဈေးကစားတာတွေ ပျောက်အောင်ပြုလုပ်သင့်တယ်လို့ ပြောကြပါတယ် ။

တချို့စက်မှုဇုန်တွေမှာ လုပ်ငန်းလုပ်နေတာထက်ဂိုဒေါင်တွေပြုလုပ်ပြီး ငှါးတာ ၊သိုလှောင်တာတွေရှိပေမဲ့လုပ်ငန်းမလုပ်တဲ့မြေကွက်တွေလည်းရှိတယ်လို့သိရပါတယ် ။၂၀၁၄ ခုနှစ် ၊နိုင်ဝင်ဘာလ စပြီးပြုလုပ်ထားတဲ့စာရင်းတွေအရ စက်မှုဇုန် ၂၉ခုမှာလုပ်ငန်းမလုပ်တဲ့ မြေကွက်ဧကပေါင်း ၄၄၁၈ဧက ရှိပြီးလွတ်နေတဲ့မြေကွက် ၁၃၃၉ ကွက်ရှိတယ်လို့သိရတယ် ။

အကျိုးဆောင်ရှေ့နေဦးကျော်စွာက ‘အမည်ပေါက်ပဲဖြစ်နေပါစေ လုပ်ငန်းမလုပ်ရင်အစိုးရက ပြန်သိမ်းခွင့်ရှိပါတယ် ၊ပြဌာန်းထားတဲ့ဥပဒေထဲမှာကို လုပ်ငန်းမလုပ်ရင်ပြန်သိမ်းလို့ရပါတယ် ၊ဥပဒေအတိုင်းလုပ်ဆောင်ဖို့ပဲ လိုတာပါ ‘ လို့ပြောပါတယ် ။

တချို့တွေကအမည်ပေါက်ပြုလုပ်ထားရင်ခိုင်မာပြီးလို့ယူဆကာမြေဈေးကစားဖို့ ကိုင်ထားကြတာတွေရှိပါတယ် ။စက်မှုဇုန်တွေရဲ့မြေဈေးက ဈေးကစားသူတွေကြောင့် ဈေးအဆမတန်မြင့်နေတာလို့ပြောပါတယ် ။ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေအတွက်နဲ့ပြည်တွင်းက ပူးပေါင်းလုပ်ဆောင်ချင်သူတွေအတွက်ပါ အစိုးရကပဲဖြစ်ဖြစ်ဂိုဒေါင် ၊မြေနေရာတွေကို တိုက်ရိုက်ငှါးရမ်းပေးတာမျိုး လုပ်ဆောင်ပေးရင်ဈေးမြင့်နေတာတွေမရှိနိုင်တော့ဘူးလို့အကျိုးဆောင်တချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့ကဆီက သိရပါတယ် ။

Source: The Kumudar

Facebook comments