ယာယီဆောက်လုပ်ခွင့် ရပ်ဆိုင်းထားတဲ့ အထပ်မြင့် ဝယ်လက်တွေစိုးရိမ်နေ

ယာယီခွင့်ပြုချက်နဲ့ ဆောက်လုပ်အကောင်အထည်ဖော်နေတဲ့ အဆောက်အအုံတွေရပ်ဆိုင်းခံထားရတာနဲ့ ပတ်သတ်ပြီး လက်ရှိမှာဝယ်ယူသူတွေဘက်က စိုးရိမ်တာတွေရှိနေတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ် ။

‘အများစုစည်ပင်က စစ်ဆေးပြီးပြန်ဆောက်ခွင့်ရမယ်လို့ မျှော်လင့်ထားကြတာများတယ် ၊အခုကျတော့ စည်ပင်ဘက်က အသံတွေလဲတိုင်းဒေသကြီးအစီအစဉ်နဲ့ဆက်လုပ်မယ်ပြောကြတော့စိုးရိမ်ကြတယ် ၊အထပ်မြင့်တိုက်တချို့ကိုလဲဆောက်လုပ်ခွင့်ပိတ်တာတွေရှိတော့ အခုရက်ပိုင်းက ပိုဂယက်ကြီးလာတယ် ‘လို့ နာမည်ကြီးဆောက်လုပ်ရေးလုပ်ငန်းက မန်နေဂျာတစ်ဦးက ပြောပါတယ် ။

ခွင့်ပြုပြီးလား သေချာကြည့်ပါ
လက်ရှိဈေးကွက်အတွင်း အထပ်မြင့်အဆောက်အအုံတွေနဲ့ ပတ်သတ်ပြီး ဝယ်ယူထားသူတွေအနေနဲ့ ပတ်သတ်ပြီး ဝယ်ယူထားသူတွေအနေနဲ့ ကိုယ်ဝယ်ယူထားတဲ့ အဆောက်အအုံနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို အသေးစိတ်သိရှိဖို့လိုအပ်နေပါတယ် ။

နိုင်ငံတကာအဆင့်မြင့် အဆောက်အအုံအများစုကတော့ (၂၀၁၂)ခုနှစ်အတွင်း ကစတင်ဝင်ရောက်လုပ်ကိုင်လာကြတာဖြစ်ပြီး (၂၀၁၃-၂၀၁၄)ခုနှစ် အတွင်းဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေအထိသက်ဆိုင်ရာဝန်ကြီးဌာနကချထားပေးတဲ့အထပ်မြင့်ဆောက်လုပ်ခွင့်ပါမစ်ကျပြီး အဆောက်အအုံတွေကတော့ ယာယီခွင့်ပြုချက်နဲ့ဆောက်လုပ်နေတဲ့ အဆောက်အအုံတွေများပါတယ် ။

ဌာနကခွင့်ပြုချက်ရပြီး အဆောက်အအုံအရေအတွက် (၆၄)လုံးရှိပြီး ယာယီဆောက်လုပ်ခွင့်ရပ်ဆိုင်းထားတဲ့ အဆောက်အအုံတွေကတော့ (၁၄၆)လုံးအထိရှိတယ်လို့ အဆောက်အအုံတွေနဲ့ပတ်သက်ပြီးစည်ပင်သာယာရေးကော်မတီက မေလ(၁၉)ရက်နေ့ကစတင်ကာကွင်းဆင်းလေ့လာပြီး အမြန်ဆုံး ဆောက်လုပ်ခွင့်ရရှိအောင်လုပ်ဆောင်ပေးဖို့ ပြောထားပေမဲ့လက်ရှိအချိန်မှာတော့်ရပ်နားထားတဲ့ အဆောက်အအုံအားလုံးနီးပါး ဆောက်လုပ်ခွင့်မရသေးဘူးဖြစ်ပါတယ် ။

ဆောက်လုပ်ခွင့်ရပ်ဆိုင်းထားတဲ့အဆောက်အအုံတွေထဲနာမည်ကြီးကွန်ဒိုတွေပါဝင်ပြီး လက်ရှိမှာတော့အရောင်းပြခန်း ပုံမှန်ဖွင့်လှစ်ရောင်းချတာတွေရှိနေပါတယ် ။ဆောက်လုပ်ခွင့်နဲ့ ပတ်သက်ပြီးပိတ်လိုက်တာမျိုးတွေကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်က စိုးရိမ်တာမျိုးသိပ်မရှိပေမဲ့ ဝယ်ယူထားတဲ့ အခန်းပိတ်သိမ်းတာတွေဖြစ်မှာကို စိုးရိမ်နေကြပါတယ် ။

‘အရင်က ကွန်ဒိုဝယ်ရင်ဆောက်လုပ်တဲ့ ကုမ္ပဏီကိုကြည့်ပြီး ယုံကြည်ချက်နဲ့ဝယ်ကြတာများတယ် ၊အခုကျတော့ ဝယ်ယူသူတွေက လုပ်ငန်းပြီးစီးမှုကိုကြည့်ပြီး ဝယ်ကြတယ် ၊ဒီလို အချိန်မှာလုပ်ငန်းပါမစ်ကျပြီး ဆောက်လုပ်ရေးတွေက အရောင်းပြပွဲတွေဆက်တိုက်လုပ်ပြီး ဝယ်လက်ရှာကြတယ် ‘ လို့စီးပွားရေးနဲ့ဥပဒေပညာရှင် ဒေါ်မိုးမိုးကပြောပါတယ် ။

အထပ်မြင့်တိုက်ရပ်ဆိုင်းတာနဲ့ပတ်သတ်ပြီး ဒဂုံမြို့နယ်အတွင်းမှာ လုပ်ငန်းရပ်ဆိုင်ခံထားရတဲ့ အထပ်မြင့်တွေရှိသလို တိုင်းဒေသကြီးအစိုးရ အနေနဲ့လည်း (၃၄)ထပ်နဲ့အထက် အဆောက်အအုံတွေကိုခွင့်ပြုချက်မပေးတော့ဘူးဆိုတဲ့ အသံတွေကြောင့်အထပ်မြင့်နဲ့ အဆင့်မြင့်ဈေးကွက်အတွင်း စိုးရိမ်မှုတွေကြီးမားနေတာဖြစ်ပါတယ် ။

Source: The Kumudra

Facebook comments