ဆောက်ပြီး ဆောက်ဆဲ အဆောက်အအုံတွေကို ဥပဒေနဲ့ ညီ မညီ ကိုပဲ စစ်ဆေးမည်
ခွင့်ပြုချက်မဲ့အဆောက်အအုံတွေကို ဖြိုဖျက်ရင် ပြည်သူတွေ နစ်နာသည်ထက် နစ်နာမှာဖြစ်လို့ ဖြေလျှော့ပေးတာတွေရှိခဲ့ပေမဲ့ နောက်ဆိုရင်တော့ ရှိခဲ့ပြီးတဲ့ အဆောက်အအုံတွေနဲ့ နောက်လာမယ့် အဆောက်အအုံတွေကို ဥပဒေနဲ့ညီ ၊ မညီကိုပဲ စစ်ဆေးဆောင်ရွက်မယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။ဒေါပုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိုးက ရန်ကုန်မြို့မှာ အခန်းပေး ၊ အခန်းယူ ကန်ထရိုက်တွေ ဆောက်လုပ်ရာမြို့နယ်အများစုမှာ မြေပိုင်ရှင်နစ်နာတာ ၊ အဆောက်အအုံများ အရည်အသွေးညံ့ဖျင်းတာတွေကို မြို့တော်စည်ပင်နဲ့ သက်ဆိုင်သူများ သိရှိပါသလား ။ မြေပိုင်ရှင်များ နစ်နာတာကို မည်သို့ကုစားပေးမည်နဲ့ ကန်ထရိုက်တာတွေရဲ့ ခွင့်ပြုချက်မဲ့ ဆောက်တာ ၊ ဥပဒေချိုးဖောက်တာ ၊ ဆောက်လုပ်ရေးပစ္စည်းတွေ စုပုံထားတာကြောင့် ရေမြောင်းတွေပိတ်တာကို မည်သို့ထိထိရောက်ရောက် အရေးယူမှာကို သိရှိလိုကြောင်း မေလ ၃၀ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ မေးမြန်းပါတယ်။ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အဆောက်အအုံလုပ်ရာမှာ ကြီးကြပ်ဖို့ ကန်ထရိုက်တာလိုင်စင်ကို စည်ပင်အင်ဂျင်နီယာဌာန အဆောက်အအုံက စိစစ်ထုတ်ပေးပါတယ်။ အဆောက်အအုံဆောက်ဖို့ မြေရှင် ၊ လိုင်စင်ကန်ထရိုက်တာ ၊ လိုင်စင်အင်ဂျင်နီယာလက်မှတ်နဲ့ အင်ဂျင်နီယာဌာန အဆောက်အအုံမှာ အဆောက်အအုံဆောက်ဖို့ ခွင့်ပြုပုံစံတင်ရမှာဖြစ်ပါတယ်။ခွင့်ပြုပုံစံတင်ပြီး ဆောက်တဲ့အဆောက်အအုံတွေကို မြေပြင်စစ်ဆေးတာကနေ အဆောက်အအုံပြီးစီးတဲ့ လက်မှတ် BCC လက်မှတ်ရတဲ့အထိ စစ်ဆေးပေးပါတယ် ။ မိလ္လာ ၊ ရေမြောင်းတွေပါ စစ်ဆေးပေးပြီး လိုက်နာခြင်းမရှိတဲ့ ကန်ထရိုက်တာတွေကို အရေးယူနေတယ်လို့ သိရပါတယ် ။ဒေါပုံမြို့နယ်တစ်မြို့နယ်တည်းမှာတင် တရားမဝင် ခွင့်ပြုချက်မဲ့ အဆောက်အအုံ အလုံး ၉၀ ခန့်ရှိပြီး ၆၁ လုံး ကို တရားစွဲထားတယ်လို့ သိရပါတယ် ။ဧပြီလ ၃၀ ရက်နေ့အထိ စာရင်းများအရ စည်းကမ်းဖောက်ဖျက်တဲ့ လိုင်စင်ကန်ထရိုက်တာ ၁၃ ဦးကို အမည်ပျက်စာရင်း (Black List ) သွင်းခဲ့ပြီး ရာသက်ပန်လိုင်စင် ပိတ်သိမ်းခံရသူ ၁၂၀ ဦး ၊ သတိပေးလက်မှတ်ထိုးရသူ ၁၇၅ ဦး အရေးယူထားတယ်လို့ သိရပါတယ် ။Source: The Modern
Facebook comments