အိမ်ခြံမြေဈေးကွက်အခြေအနေနှင့် အလားအလာများ

အိမ်ခြံမြေအရောင်းအ၀ယ်ဈေးကွက်အပေါ် သက်ရောက်မှုကြီးမားနိုင်သည့် အိမ်ခြံမြေဆိုင်ရာ

ဥပဒေများ ၊ စီမံကိန်းများပေါ်ထွက်လာနိုင်ခြင်းနှင့် အစိုးရသစ်အနေဖြင့် အိမ်ခြံမြေအိမ်ရာတိုက်

ခန်းများမြေယာနှင့် ပတ်သက်သောအရောင်းအ၀ယ် လုပ်ငန်းကိစ္စရပ်များတွင် အသွင်းပြောင်း

လဲမှုကာလအတွင်းအပြောင်းအလဲကြီးကြီးမားမားတစ်ခု ပြုလုပ်ပေးနိုင်မည်ဟုယုံကြည်ယူဆ

နေကြခြင်းကလူအများ၏စိတ်တွင် အရောင်းအ၀ယ်မရဲပဲဖြစ်နေခြင်းများက အိမ်ခြံမြေဈေးကွက် 

တည်ငြိမ် အေးစက်နေရခြင်းအကြောင်းများဖြစ်သည်။

 

အိမ်ခြံမြေ အရောင်းအ၀ယ်ဈေးကွက် ယခင်နှစ်များကထက် ပိုမိုကျဆင်းလာသည်မှန်သော်လည်း

အမှန်တကယ် ၀ယ်ယူနေထိုင်လိုမှုအတွက် ၀ယ်ယူထားသူများအတွက်မူ ထိခိုက်နစ်နာမှု မရှိနိုင်ပဲ

အရင်းအနှီးပမာဏအများအပြားမြှုပ်နှံဝယ်ယူထားသူတို့အဖို့ ယခုကဲ့သို့ ဈေးကွက်ငြိမ်သက်နေမှုက

မိမိတို့ ၀ယ်ယူရင်းနှီးမြှုပ်နှံထားမှု အတိုင်းအတာအနည်းအများအလိုက် စိုးရိမ်မကင်းစရာအခြေအနေ

တစ်ရပ် ဖြစ်နေလေသည်။

 

မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်းအများစု၌ ဘဏ်ချေးငွေ ထုတ်ပေးခြင်း၊ အာမခံထားရှိခြင်းများတွင် 

အိမ်ခြံမြေသည်မရွှေ့ပြောင်းနိုင်သော တန်ဖိုးမြင့် အာမခံပစ္စည်းတစ်ခုလည်းဖြစ်သောကြောင့် 

အိမ်ခြံမြေဈေးနှုန်းများ ပိုမိုငြိမ်သက် ကျဆင်းလာပါကလုပ်ငန်းရှင်များ၏ အိမ်ခြံမြေပိုင်ဆိုင်မှုများ

တန်ဖိုးကျဆင်းလာမှုကြောင့်အာမခံပစ္စည်းတန်ဖိုးကျဆင်းလာကာဘဏ်များ၏ငွေကြေးလည်ပတ်

စီးဆင်းမှုကိုလည်းအနည်းနှင့်အများထိခိုက်စေနိုင်ပြီးစွန့်ဦးတီထွင် လုပ်ငန်းစတင်လုပ်ကိုင်လိုသူများ

အတွက်လည်းချေးငွေရယူရန် အခက်အခဲများဖြစ်ပေါ်လာနိုင်သည်။ဘဏ်အများစုသည် ချေးငွေရယူ

သူ၏ အမည်ပေါက် ဂရံမြေအမျိုးအစားအိမ်ခြံမြေများကိုအာမခံထားရှိ၍ အိမ်ခြံမြေများ၏ ရာဖြတ်

တန်ဖိုးမှ ၈၀ ရာခိုင်နှုန်းခန့်ကိုချေးငွေ ထုတ်ပေးခြင်းဖြစ်ရာအိမ် ခြံမြေဈေးကွက် တန်ဖိုးကျဆင်းလာ

ပါကဘဏ်နှင့် ချိတ်ဆက်လုပ်ကိုင်နေရသည့် လုပ်ငန်းရှင်များလည်းဆက်စပ်ပြီးအခက်အခဲဖြစ်လာ

နိုင်ကြောင်းစဉ်းစားသင့်ပါသည်။

 

အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအ၀ယ်ဈေးကွက်များ ကျဆင်းလာခြင်းအခြေအနေမှာအမှန်

တကယ် အိမ်ရာတိုက်ခန်းပိုင်ဆိုင်လိုသူများ   ၀ယ်ယူလာနိုင်ကြဖို့အတွက်လည်းအဓိကအကြောင်း

မဟုတ်ပေ။ ဈေးကျဆင်းသည်ဆိုသည်မှာလည်း ၀ယ်လိုအားနည်းနေသေးပြီး အရောင်းအ၀ယ်ပါးနေ

သည်နှင့်အညီဈေးကွက်သဘောတရားအရရောင်းလိုအားများလာသည့်အခါ ဈေးလည်းအထိုက်

အလျောက် လျော့နည်းသည့် သဘောသာ ဖြစ်သည်။ ၀ယ်လိုအားလျော့နည်းလာနေခြင်းမှာလည်း 

အမှန်တကယ် ၀ယ်ယူပိုင်ဆိုင်၍ နေထိုင်လိုသူများအနေဖြင့်အိမ်ခန်းများ မ၀ယ်ယူလိုကြ၍ မဟုတ်ပဲ 

ဝယ်ရောင်းများနှင့် အိမ်ရာတိုက်ခန်း လက်ဝယ်ပိုင်ဆိုင်ထားသူများအကြား၊ ရင်းနှီးမြှုပ်နှံ လိုသူများ

အကြား၌ ဈေးကွက် ရောင်းဝယ်ကစားမှု အတန်ငယ်လျော့ပါးသွား၍ ဖြစ်သည်။ အိမ်ခြံမြေဈေးကွက်

ဈေးကွက်၏ လှုပ်ရှားပြောင်းလဲမှုများအပေါ်တွင် အခြေပြု၍  ရင်းနှီးမြှုပ်နှံထားသူများအကြား ရောင်း

ဝယ်ခြင်းများတန့်နေခြင်း ဖြစ်သည်။ ထို့အပြင် ဈေးကွက်အခြေအနေကြောင့် ယခင်ကအရစ်ကျစနစ်

ဝယ်ယူထားကြသည့် တိုက်ခန်းဝယ်လက်များနှင့်ဆောက်လုပ်ရေး ကန်ထရိုက်များအကြား၌လည်း 

ကြိုပွိုင့်အရောင်းအ၀ယ် စာချုပ်များ ပြန်လည်ညှိုနှိုင်း ချုပ်ဆိုရခြင်းများလည်း ဖြစ်လာကာလုပ်ငန်းမထိခိုက် 

ဈေးကွက်မပျက်အောင် ထိန်းညှိုနေရခြင်းများရှိလာခဲ့သည်။

 

 ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ တွက်ချက်မှုများအရရန်ကုန်မြို့တော်

တွင် နေထိုင်သည့်  လူဦးရေ ၁ ဒသမ ၈ သန်းခန့်မှာအိမ်ရာပိုင်ဆိုင်ခြင်းမရှိသေးသည့်အပြင် ရန်ကုန်

မြို့တော်၏နှစ်စဉ်အိမ်ရာတိုက်ခန်းလိုအပ်ချက်မှာအခန်းပေါင်း ၇၅၀၀၀ မှ ၁၀၀၀၀၀ ခန့် ရှိသည် ဟု

ဆိုသည်။ လူတစ်ဦးသို့မဟုတ် မိသားစုတစ်ခု၏ အခြေခံလိုအပ်ချက်မှာနေထိုင်ရေးသည်လည်း

လိုအပ်ချက်တစ်ခုဖြစ်နေသည့်အတွက် အိမ်ပိုင် အခန်းပိုင်မလိုချင်သည့် လူဆိုသည်မှာမရှိသလောက် 

ရှားပါးလှသည်။ အိမ်ခြံမြေဈေးကွက်များအတွင်းလေ့လာမှုများအရလုံးချင်းအငှား၊ တိုက်ခန်းအငှားများမှာ 

မြို့နယ်တိုင်းလိုလိုပင်အငှား ဖြစ်နေသည်ကိုထောက်၍ အိမ်ခန်းပိုင်မရှိသေးသောမိသားစုများများစွာရှိ

နေသည် တစ်နည်းအားဖြင့် အိမ်ပိုင်မ၀ယ်နိုင်သေးသည့် လူတန်းစားများများစွာရှိနေသည်ကိုသိမြင်

နိုင်ပါသည်။

 

ရန်ကုန်မြို့တွင် ဆောက်လုပ်ထားသည့် အိမ်ရာအများစုနှင့် အဆင့်မြင့်ကွန်ဒိုအခန်းများမှာအခြေခံ

လူတန်းစားများနှင့် သာမန်ဝင်ငွေဖြင့်သာရပ်တည်နိုင်သူတို့အဖို့  ၀ယ်ယူနေထိုင်နိုင်ခွင့် အခွင့်အလမ်း

မှာအလွန်နည်းပါးလျက်ရှိနေသည်။ အိမ်ရာဝယ်ယူလိုသူများအတွက် နှစ်ရှည်ချေးငွေကဲ့သို့ ဘဏ်

ချေးငွေရယူ ၀ယ်ယူနိုင်သည့် အိမ်ရာတိုက်ခန်း ယ်ယူ ပိုင်ဆိုင်နိုင်ရေးစီမံဆောင်ရွက်ပေးချက်များအား

အစိုးရမှ အကောင်အထည်ဖော်ပေးနိုင်ပါကအိမ်ခြံမြေအရောင်းအ၀ယ် ဈေးကွက်များလည်း ပြန်လည်

ဦးမော့လာနိုင်မည် ဖြစ်သလိုဆက်စပ်၍ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကန်ထရိုက်များနှင့် အိမ်ရာ

စီမံကိန်းများအကောင်အထည်ဖော် တည်ဆောက်ရောင်းချသူလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု အကျိုး

စီးပွားလုပ်ငန်းများအနေဖြင့်လည်းအချိုးညီစွာ ဖြစ်ထွန်းလာနိုင်ပါသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၏  စီမံကိန်းများအရအများပြည်သူတို့၏အိမ်ရာလိုအပ်ချက်များကိုဖြည့်ဆည်း

ပေးနိုင်ရန် မြန်မာနိုင်ငံဒေသအနှံ့အပြားရှိမြို့ကြီး ၈၁ မြို့တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် နှစ်ကုန်အထိ

အိမ်ရာယူနစ်ပေါင်း ၅၀၀၀၀ အထိ တည်ဆောက်ပေးနိုင်ခဲ့သော်လည်းအိမ်ရာတိုက်ခန်းအများစုမှာ ၀င်ငွေ

နည်းပြည်သူတို့အဖို့ ပိုင်ဆိုင်နိုင်ခွင့် အခွင့်အလမ်းနည်းပါးနေပေသေးသည်။ ပြည်သူတို့ အိမ်ရာတိုက်ခန်း

ပိုင်ဆိုင်ရေးနှင့် အိမ်ခြံမြေဈေးကွက် ကောင်းမွန် ခိုင်မာရေးအတွက် အဓိကလိုအပ်ချက်မှာပြည်သူအများ

စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်းကောင်းမွန်မှု၊ ၀င်ငွေမြင့်မားရေးနှင့် ပြည်သူတို့အကျိုးရှေးရှု၍ 

နိုင်ငံတော်အစိုးရနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လာကြမည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ နိုင်ငံ

တကာမှ ဘဏ်များ ၀င်ရောက် အခြေချနိုင်ရန် အစိုးရမှ ဖိတ်ခေါ်လမ်းဖွင့်ကြိုဆိုမှုများနှင့်အတူ အိမ်ရာ

ဝယ်ယူလိုသူများအတွက် နှစ်ရှည်ငွေချေးခြင်းနှင့် ပတ်သက်၍ ဥပဒေများရေးဆွဲအတည်ပြု ပြဋ္ဌာန်းထား

ပေးခြင်း၊ ပြည်တွင်းဘဏ်များအားလည်းပိုမိုပြည့်စုံကောင်းမွန်ခိုင်မာသောဘဏ်စနစ်များပေါ်ပေါက်လာရေး

အတွက် အစိုးရမှ ကူညီပံ့ပိုးပေးခြင်းစသည့်   အကြောင်းအရာကဏ္ဍများအား ဖြစ်ထွန်းအကောင်အထည်

ဖော့်နိုင်ဖို့ အရေးကြီးပါကြောင်းနှင့် တိုက်တာအိုးအိမ် အဆောက်အအုံများတစ်နည်းအားဖြင့် အိမ်ခြံမြေ

ဆိုသည်မှာ မြို့ပြလူနေမှုစနစ်၊ မြို့ပြနေလူ့အဖွဲ့ အစည်း၏ မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်သောကြောင့် 

တိုးပွားလာဦးမည့် လူဦးရေနှင့်အညီနေထိုင်မှုလိုအပ်ချက်ဟူသည်မှာအမြဲတစေရှိနေဦးမည်ဖြစ်သည်။ 

နိုင်ငံရေးစီးပွားရေးဥပဒေပြဋ္ဌာန်းချက် စည်းမျဉ်းစည်းကမ်းများအလိုက် အချိန် အခါအပေါ် မူတည်၍ 

အရောင်းအ၀ယ် ဈေးကွက် အေးခြင်း၊ ဈေးကွက်ဦးမော့လာခြင်းတို့မှာအတိုင်းအတာကာလတစ်ခုအတွင်း

၌ပင်ရှိပါသည်။ နှစ်များမကြာမီ နိုင်ငံရေးစီးပွားရေးတိုးတက်မှုများ၊ ဘဏ်စနစ်များပြောင်းလဲတိုးတက်လာ

ပြီးလျှင်တနွယ်ငယ်တစင်ပါ ဆိုသလိုအိမ်ခြံမြေဈေးကွက်သည်လည်းမလွဲမသွေတိုးတက်ဖြစ်ထွန်း

လာဦးမည်ဟုမျှော်လင့် မိပါကြောင်း Property.com.mm သတင်းမီဒီယာမှ ရေးသားတင်ပြလိုက်ပါသည်။

 

 

Property.com.mm Media Team

www.Property.com.mm

Facebook comments