တန့်ဆည်တွင် လူ ၁၀ ဦးအား ချထားပေးသည့် မြေဧက နှစ်သောင်းကျော်ကို ဥပဒေနှင့်အညီ ပြန်လည်ဆောင်ရွက်မည်ဟု ဒေါက်တာအောင်သူပြော

စစ်ကိုင်းတိုင်း ရွှေ ဘိုခရိုင် တန့်ဆည်မြို့နယ်တွင် လူဆယ်ဦးက မြေဧကနှစ်သောင်း ကျော် ယူထားသော်လည်း ဧကတစ်ထောင်ကျော်သာ စိုက်ပျိုးပြီး လုပ်ငန်းဆောင်ရွက်ရန် ပျက် ကွက်နေသည့် ကျန်မြေဧကများ ကို ဥပေဒနှင့်အညီ အသုံးပြုခွင့် များ ပြန်လည်စီမံဆောင်ရွက်မည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။

ဇွန်လ ၁ ရက်တွင် ကျင်းပ သည့် ပြည်သူ့လွှတ်တော်အစည်း အဝေး၌ တန့်ဆည်မဲဆန္ဒနယ်မှ ဦးမြင့်ထွန်းက တန့်ဆည်မြို့နယ် တွင် မြေဧရိယာ ၂၀,၁၈၁ ဧကကို လူပုဂ္ဂိုလ် ၁၃ ဦး၏အမည်ပေါက် ချထားပေးခဲ့ရာ ဒေသခံများအ တွက် အခက်အခဲများ ကြုံတွေ့ ရခြင်းနှင့် အဆိုပါ မြေဧကများကို လယ်ယာမြေ ပိုင်ဆိုင်ခွင့် ပုံစံ(၇) ထုတ်ပေးထားခြင်း ရှိ၊ မရှိ မေးမြန်းရာတွင် ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ယင်းမြေများကို ယခင်အစိုး ရလက်ထက်က တရားဝင်လုပ် ကိုင်ခွင့်ချထားပေးသည့်အတွက် ဒေသခံများ နွားစားကျက်ရှားပါး ခြင်း၊ ထင်းခွေရန် ခက်ခဲခြင်းနှင့် ရေရှားပါးခြင်းတို့ကိုလည်း ကြုံ တွေ့နေရကြောင်း ဦးမြင့်ထွန်းက ပြောသည်။

ယင်းမြေဧက နှစ်သောင်း ကျော်အနက် ဧက တစ်ထောင် ကျော်သာ စိုက်ပျိုးထားသဖြင့် ကျန်မြေများကို ခွင့်ပြုကာလအ တွင်း သတ်မှတ်ထားသည့် စည်း ကမ်းချက်များနှင့်အညီ အသုံးပြု ရန် ပြီးခဲ့သည့် ၂၀၁၄ ကတည်းက အကြောင်းကြားထားကြောင်း ဝန် ကြီးက ပြန်လည်ဖြေကြားသည်။

ယခင်အစိုးရလက်ထက် မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများစီ မံခန့်ခွဲရေးဗဟိုအဖွဲ့ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထား သော လူပုဂ္ဂိုလ် ၁၀ ဦး၏ မြေဧက နှစ်သောင်းကျော်ကိစ္စကို ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် များ ပယ်ဖျက်ပြီးမှသာ ဒေသခံများ သိရှိနိုင်ရန် အသိပေး ရှင်းလင်း ပြောကြားနိုင်မည် ဖြစ်ကြောင်း ဝန်ကြီးက ဖြေကြားသည်။

ထို့ပြင် တန့်ဆည်မြို့နယ်အ တွင်း မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းများကိုလယ်ယာမြေလုပ်ကိုင် ခွင့်ပုံပြုလက်မှတ်ပုံစံ(၇) ထုတ် ပေးထားခြင်းများမရှိကြောင်းနှင့် ယင်းကိစ္စကို ဥပဒေနှင့်အညီ စီမံ နေကြောင်း ဆက်လက်ဖြေကြား ခဲ့သည်။

၂၀၁၂ မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ တွင် မူလ ခွင့်ပြုကာလထက် ကျော်လွန်သည်အထိ ဖော်ထုတ် လုပ်ကိုင်အသုံးပြုခြင်း မရှိသေး သော မြေလွတ်၊ မြေလပ်နှင့်မြေ ရိုင်းများကို နိုင်ငံတော်က ပြန် လည်သိမ်းယူပြီးဖြစ်ကြောင်း မှတ် ယူရမည်ဟု ပြဋ္ဌာန်းထားသည်။

‘‘တိုင်းဒေသကြီးအစိုးရအ ဖွဲ့က (မြေဧကများ ရရှိထားသူ များထံ) အကြောင်းကြားရုံပဲ ကြားထားတဲ့အတွက် လုပ်ငန်းဆောင် ရွက်မှုအခြေအနေမှာ အားနည်း နေတယ်လို့ ကျွန်တော် ဖြေပါ တယ်။ ဒါကြောင့် ဒီဟာကို ကြီး ကြပ်ပြီးတော့ လုပ်ငန်းဆောင် ရွက်မှာ ဖြစ်ပါတယ်လို့ ကျွန်တော် ပြန်ကြားအပ်ပါတယ်’’ဟု ၎င်းက ပြောသည်။

ဧကနှစ်သောင်းကျော် လုပ် ကိုင်ခွင့်ရခဲ့သည့်လူ ၁၀ ဦး၏အ မည်များကို ကိုယ်စားလှယ်ဦးမြင့် ထွန်းထံ ဆက်သွယ်မေးမြန်းရာ လူမှုရေးကျင့်ဝတ်အရ ထုတ်ဖော် ပြောကြားခြင်း မပြုလိုကြောင်း ပြောကြားသည်။

Source: 7Daydaily

Facebook comments