သန်လျင် Star City အိမ်ရာမှာ ရန်ကုန်-သံလျင်တံတားအနီး ကျိုက်ခေါက်ဘုရားလမ်းမမှ ညာဘက်ခြမ်းတွင် တည်ရှိပြီး အိမ်ခြံမြေ ရောင်းဝယ်ငှားဈေးကွက် ကောင်းမွန်ဖွံ့ဖြိုးသော
အိမ်ရာတစ်ခုဖြစ်သည်။ အိမ်ရာအတွင်းဈေးကွက်အခြေအနေများနှင့် ပတ်သက်၍ ဒေသခံအကျိုးဆောင်တစ်ဦးအား မေးမြန်းရာတွင် "Star City တိုက်ခန်းတွေကို နိုင်ငံခြားသားတွေလည်း စိတ်ဝင်စားမှု ပိုမိုရှိတာတွေ့ရပါတယ် ပြည်တွင်းက ငှားရမ်း ရောင်းဝယ်ငှားရမ်း နေထိုင်သူတွေလည်း ရှိပါတယ် နိုင်ငံခြားသားတွေဆိုရင်တော့ အထူးသဖြင့် ဂျပန်တွေပိုများတယ်
သီလ၀ါစီးပွားရေးဇုန်နဲ့ဆက်စပ်ပြီး ၀င်လာတာတွေများတော့ ဒီအိမ်ရာဘက်က သူတို့အတွက် သွားလာနေထိုင်မှု အဆင်ပြေတဲ့ အနေအထားရှိတယ် အရောင်းဈေးကွက်လည်း
ကောင်းပါတယ်။ ဇုန် A ဘက်က တိုက်ခန်းတွေ ဆိုရင် အားလုံးနီးပါးရောင်းပြီးပြီလို့ သိရတယ် အခန်းအကျယ်ကတော့ စတုရန်းပေ ၆၄၀ ကျော်ကနေ ၃၃၀၀ ကျော်ထိရှိပါတယ်" ဟု
ဒေသခံအိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစ်သူ ကိုမိုးကျော်က Property.com.mm သတင်းမီဒီယာအဖွဲ့သို့ ပြောကြားသည်။
"အငှားဆိုရင်တော့ စတုရန်းပေ ၆၅၀ ကို ၇ သိန်း စတုရန်းပေ ၉၅၀ ၉ လွှာမှာ ၁၅ သိန်း အငှားရှိပါတယ် ပြီးတော့ စတုရန်းပေ ၁၁၀၀ ၃ လွှာကို၂၅ သိန်း အငှားရှိပါတယ် ဒါကတော့
ကျွန်တော်သိသလောက်ပေါ့ အငှားခေါ်ထားတဲ့ အခန်းတွေများမှာပါ အရောင်းဈေးခေါ်ထားတဲ့ အခန်းတွေဆိုရင်တော့ စတုရန်းပေ ၆၀၀ ကျော်ဆိုရင် သိန်း ၁၀၀၀ ပတ်ဝန်းကျင်
၉၅၀ စတုရန်းပေဆိုရင် သိန်း ၁၂၀၀ ၀န်းကျင် စတုရန်းပေ ၁၀၀၀ ၄ လွှာကို သိန်း ၂၄၀၀ လောက်အရောင်းဈေးခေါ်ထားတာ ရှိပါတယ် အိမ်ရာနဲ့ အနီးနားလူနေရပ်ကွက်ဆိုရင်တော့
ကျိုက်ခေါက်ဘုရားလမ်းမ တဘက် အောင်သုခရပ်ကွက်ရှိတယ် အငှားနည်းနည်းပါးပါးဖြစ်တာရှိတယ် အရောင်းကတော့ လောလောဆယ် မကြားမိပါဘူး" ဟု ကိုမိုးကျော်က
ဆက်လက်ပြောကြားသည်။
"Star City ဘက်က ခုလပိုင်းတွေမှာ လောလောဆယ် အရောင်းအ၀ယ်အေးပါတယ် အရောင်းအငှား ဈေးကွက် ခေါ်ဆိုမှုကတော့ အခန်းအထပ်မြင့်အနေအထားရယ်
အကျယ်အ၀န်းရယ် မြင်ကွင်းကောင်းမွန်မှုရယ်အပေါ် မူတည်ပြီး ဈေးအမျိုးမျိုးကွာဟချက်ရှိပါတယ်" ဟု "ထွန်းမင်းလတ်" အိမ်ခြံမြေအကျိုးဆောင်မှ ဦးထွန်းမင်းလတ်ကလည်း
Property.com.mm သတင်းမီဒီယာအဖွဲ့သို့ ပြောကြားသည်။