လှေကားခွင်ဆိုင်ခန်း ငှားရမ်းခ တစ်လငါးသိန်းဝန်းကျင်
မြို့တွင်းပိုင်းရှိ လှေကားခွင် ဈေးဆိုင်ခန်းအငှားဈေးကွက်မှာ တချို့နေရာတွေရဲ့ ငှားရမ်းခက တစ်လကို ကျပ်ငါးသိန်းဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။မြို့တွင်းပိုင်းရဲ့ မြေညီဆိုင်ခန်းအငှားဈေးနှုန်းက ဈေးမြင့်တာကြောင့် ဖုန်းပစ္စည်းအရောင်းဆိုင် ၊ မုန်ဆိုင် ၊ နာရီဆိုင် စတဲ့ဆိုင်သမားတွေက လှေကားနေရာတွေမှာ ဆိုင်ခန်းဖွင့်ကြတာတွေရှိပါတယ် ။ လူစည်ကားတဲ့မြို့တွင်းပိုင်း နေရာတွေရဲ့ ဈေးက ကျပ် ၄၅၀,၀၀၀ ၊ ၅၀၀,၀၀၀ ကျော်ရှိတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ် ။ဆိပ်ကမ်းသာလမ်ရှိ အကျိုးဆောင် ဦးအောင်ကျော်က ‘လသာ ၊ ပန်းဘဲတန်း ၊ ကျောက်တံတားမြို့နယ်တွေမှာဆို တစ်လကို ၄၀၀,၀၀၀ ၊ ၄၅၀,၀၀၀ ၊ ၅၀၀,၀၀၀ ကျော်အထိရှိတယ် ၊ တချို့နေရာတွေမှာတော့ ဈေးသက်သာတာတွေလဲ ရှိပါတယ်’လို့ ပြောပါတယ်။လှေကားခွင်ဆိုင်ခန်းအငှားဈေးကွက်က တိုက်ခန်းတွေရှိတဲ့ မြို့နယ်တိုင်းမှာလိုရှိကြပါတယ် ။ တချို့မြို့နယ်တွေမှာတော့ ကျပ် သောင်းဂဏန်းနဲ့ ငှားလို့ရတာတွေလည်း ရှိပါတယ် ။ ငှားရမ်းပုံစံတွေကတော့ ခြောက်လချုပ် ၊ ၁၀ လချုပ် ၊ နှစ်ချုပ်စတဲ့ အိမ်ငှားပုံစံအမျိုးမျိုးနဲ့ ချုပ်ဆိုကြတယ်လို့ သိရပါတယ်။ပုဇွန်တောင်မြို့နယ်က အကျိုးဆောင် ဒေါ်ခင်ကြည်က ‘ပုဇွန်တောင်ဘက်မှာတော့ တစ်လကို တစ်သိန်းအောက်လဲရှိတယ် ၊ အနော်ရထာလမ်းမပေါ်တော့ တစ်လကို ၁၅၀,၀၀၀ နဲ့ ၁၀၀,၀၀၀ ဝန်းကျင်ရှိတယ် ၊ တချို့က ၂၀၀,၀၀၀ ဟိုတစ်လောက ၁၅၀,၀၀၀ နဲ့ကို ၁၀ လချုပ်နဲ့မို့ ရလိုက်တာပွဲဖြစ်သွားတယ်’ လို့ပြောပါတယ်။ လှေကားခွင် ဆိုင်ခန်းအငှားကတော့ မြို့ထဲပိုင်းမှာ ပိုများပါတယ် ။ တချို့တိုက်ခန်းနေသူတွေက လမ်းသွားလမ်းလာ အခက်အခဲကြောင့် မထားခိုင်းတာတွေလည်း ရှိတယ်လို့ သိရတယ်။လှေကားခွင်ဆိုင်ခန်းငှားရမ်းတဲ့အခါမှာလည်း ခြောက်လချုပ် ငှားရတာထက် ၁၀ လချုပ် အနည်းဆုံး ငှားရတယ်လို့ ငှားရမ်းသူတချို့ထံက သိရပါတယ်။Source: The Kumudra
Facebook comments