အေးနန္ဒာအိမ်ရာနှင့်ပတ်ဝန်းကျင် အိမ်ခြံမြေဈေးကွက်အခြေအနေများ

အေးနန္ဒာအိမ်ရာနှင့်အနီးတ၀ိုက် အိမ်ခြံမြေဈေးကွက် အခြေအနေများအား အိမ်ခြံမြေဈေးကွက် စိတ်ပါဝင်စားသူများအတွက် ကျွန်တော်တို့ Property.com.mm သတင်းမီဒီယာ

အဖွဲ့၏ ယခုတစ်ပတ်အတွင်း သတင်းရယူ စုံစမ်းခဲ့မှုများကို ရေးသားတင်ပြလိုက်ပါသည်။

အေးနန္ဒာအိမ်ရာမှာ သာကေတမြို့နယ် ၁၁ ရပ်ကွက်အတွင်း တည်ရှိပြီး ရန်ကုန်-သန်လျင်တံတားမရောက်မီ သန်လျင် ချဉ်းကပ် လမ်းပေါ်တွင် တည်ရှိသော အိမ်ရာ တစ်ခုဖြစ်သည်။ 
ရှုခင်းသာလမ်းမကြီးမှတဆင့် မြို့ထဲကဘက် သွားလာမှု လွယ်ကူပြီး ဧရာဝဏ်လမ်းမကြီးနှင့် ဆက်စပ်ကာ ဒေါပုံမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်များဘက်သို့လည်း လမ်းပန်း ဆက်သွယ်ရေး
ကောင်းမွန်ပြီး သန်လျင်ဘက်သို့လည်း အချိန်တိုအတွင်းရောက် ရှိနိုင်သော နေရာပတ်ဝန်းကျင် တစ်ခုဖြစ်သည်။ အေးနန္ဒာအိမ်ရာ အတွင်း၌ လက်ရှိ အရောင်းခေါ်ဆိုထားမှုရှိသော 

အိမ်ခြံမြေအချက်အလက်များနှင့် ပတ်သက်၍ Property.com.mm သတင်းမီဒီယာသို့ ဒေသခံတစ်ဦးမှ ပြောကြားရာတွင် "အေးနန္ဒာ ၁၈'x၅၅' လေးလွှာ Hall ခန်းကို သိန်း ၃၂၀ 
အရောင်းရှိပါတယ် ၁၂'ခွဲx ၅၀' ပထမထပ်ကို သိန်း ၃၅၀ ခေါ်ထားတာရှိပါတယ် မြေကွက်သီးသန့်ဆိုရင် ပေ ၁၀၀x၁၅၀ တစ်ကွက် အရောင်းရှိပါတယ် 1 sqft ကို ၁ သိန်းခွဲလောက် 
ခေါ်ပါတယ် ဒါကတော့ လတ်တလော အရောင်းရှိတဲ့ အိမ်ရာထဲက အနေအထားပေါ့ တိုက်ခန်းတွေက အိမ်ရာအပိုင်း ၂ ထဲမှာ ရှိတယ်။ ပြီးတော့ တိုက်ခန်းအရောင်းအငှား စိတ်ဝင်စားတဲ့သူတွေ
အများစု ကြည့်တတ် တာကတော့ ၁၁ ရပ်ကွက်ထဲက သလ္လာဝတီလမ်းသွယ်တွေနဲ့ ဇေယျဝတီလမ်းသွယ်တွေထဲ အငှား တွေပိုဖြစ်ပါတယ် ဇေယျဝတီလမ်းသွယ်ထဲ မြေသီးသန့် ပေ ၂၀x၆၀ 
အကွက်တစ်ချို့တော့ ညှိုနှိုင်းဈေးခေါ်တာရှိတယ် အများအားဖြင့် ဆောက်လုပ်ရေးကန်ထရိုက်တွေနဲ့ နှစ်ဦးနှစ်ဘက် အကျိုးတူ ဆောက်ကြတာများပါတယ် အရောင်းခေါ်ဈေးကတော့ ဒီအကွက်
လောက်ဆိုရင် ကျွန်တော်တို့ဘက်မှာ သိန်း ၁၂၀၀/၁၃၀၀ ပတ်ဝန်းကျင်လောက် ခေါ်ဆိုဈေး ရှိပါတယ် လမ်းမကျယ်တန်းတွေဖြစ်တဲ့ ဓမ္မာရုံလမ်းတို့ ခိုင်ရွှေဝါလမ်းတို့ဘက်ဆိုရင်တော့ 
ရပ်ကွက်လမ်းသွယ်အတွင်းက ခေါ်ဆိုဈေးထက် ပိုပါတယ် လူနေဖို့ အိမ်ခန်းအငှား အခြေအနေကို ပြောရရင်တော့ အများအားဖြင့် ရပ်ကွက် လမ်းသွယ်တွေထဲမှာက အငှားဈေးကွက်
ပိုဖြစ်ပါတယ်" ဟု ဒေသခံအကျိုးဆောင်တစ်ဦးဖြစ်သူ ကိုအောင်လေး က Property.com.mm သတင်း မီဒီယာအဖွဲ့သို့ ပြောကြားသည်။


www.Property.com.mm

Facebook comments