တာမွေမြို့နယ် သတိပဋ္ဌာန်လမ်းမနှင့် ပတ်ဝန်းကျင်လမ်းသွယ်များ
အတွင်း ဖြစ်ပေါ်နေသော အိမ်ခြံမြေ ဈေးကွက်အခြေအနေများကို
Property.com.mm သတင်းမီဒီယာ အဖွဲ့မှ ယခုတစ်ပတ်အတွက်
သွားရောက်စုံစမ်းရယူထားသော အိမ်ခြံမြေဈေးကွက်များအား
ဖော်ပြလိုက်ပါသည်။
သတိပဋ္ဌာန်လမ်းမ ပတ်ဝန်းကျင်ရှိ အရောင်းအ၀ယ် ဈေးကွက်
အခြေအနေများနှင့် ပတ်သက်၍ ဒေသခံအိမ်ခြံမြေ အကျိုးဆောင်
တစ်ဦးအားမေးမြန်ရာတွင်
"တာမွေပတ်ဝန်းကျင် အရောင်းအငှားခေါ်တာရှိပါတယ်
သတိပဋ္ဌာန်လမ်းထဲမှာဆိုရင်တိုက်ခန်း အငှားလေးတွေ ရှိပါတယ်
၁၂x၅၀ မြေညီကို ၅ သိန်းအငှားခေါ်တာရှိတယ်၁၆x၅၀ မြေညီ
ကိုပဲ ၆ သိန်းခေါ်ထားတာရှိတယ် အရောင်းဆိုရင်တော့
သတိပဋ္ဌာန်လမ်းထဲမှာပဲ ၁၈'x၆၀' ပထမထပ်ကို သိန်း ၁၀၀၀
ခေါ်ထားတာရှိပါတယ် ကျားကွက်သစ်လမ်းထဲဆိုရင်
၁၂ခွဲ'x ၄၀' တိုက်သစ် ၄ လွှာကို သိန်း ၄၅၀ ခေါ်ပါတယ်
နောက်ပြီး ဘယသိန္ဓိလမ်းထဲမှာ ၁၂ခွဲx၅၅' မြေညီကို အရောင်း
သိန်း ၁၅၀၀ ခေါ်ထားတာရှိပါတယ်
တိုက်ခန်းအရောင်းကိုပဲဓမ္မစိန္တာလမ်းထဲ ၁၇'x၆၅' မြေညီကို သိန်း
၁၆၀၀ ခေါ်ထားတာရှိပါတယ် က္ကုစာသရလမ်းထဲမှာလည်း ၂၄'x၄၈'
ပထမထပ်ကို သိန်း ၁၉၀၀၊ တတိယထပ်ကို သိန်း ၁၃၀၀အရောင်း
ခေါ်ထားတာရှိပါတယ်" ဒေသခံအကျိုးဆောင် တစ်ဦးဖြစ်သည့်
ကိုမျိုးဝင်းအောင်က Property.com.mm သတင်းမီဒီယာသို့
ပြောကြားသည်။
"ဒီရပ်ကွက်က ကျားကွက်သစ်ရပ်ကွက်လို့ခေါ်ပါတယ် အခန်း
အငှားတွေရှိတယ် ဆောက်လက်စ ကန်ထရိုက်တိုက် တွေလည်း
တော်တော်များများရှိပါတယ် အခန်းဝယ်ရောင်းဈေးကွက်ကတော့
ရွေးကောက်ပွဲအပြီး ကာလ ဒီနှစ်ကုန်ပြီး လောက်ဆို ပိုကောင်း
လာမယ်လို့ မျှော်လင့်ပါတယ်" ဟု ကိုမျိုးဝင်းအောင် က
ဆက်လက် ပြောကြားသည်။
သတိပဋ္ဌာန်လမ်းနှင့် ပတ်ဝန်းကျင်လမ်းသွယ်များမှာ စီးပွားရေး
အရောင်းအ၀ယ်လုပ်ငန်းများဖြစ်ထွန်းပြီး ကျိုက်က္ကဆံ လမ်းမ၊
သမိန်ပရမ်းလမ်းမများမှ တဆင့် လမ်းပန်းဆက်သွယ်ဝင်ထွက်မှု
ကောင်းမွန်သောနေရာများဖြစ်ကာ အိမ်ခြံမြေ ရောင်းဝယ်ငှား
ဈေးကွက် ကောင်းမွန်သောနေရာတစ်ခုဖြစ်သည်။