ခိုင်မာမှုအထောက်အထားပြ ရောင်းချနေတဲ့ အဆင့်မြင့်အိမ်ရာများ

ဆောက်လုပ်ရေးဈေးကွက်အတွင်း မှုအားဖြင့် ဆောက်လုပ်ခွင့်ရရှိထားတဲ့ အထပ်မြင့်အဆောက်အအုံတွေကို ယာယီရပ်ဆိုင်းစေခဲ့တာတွေကြောင့် အဆင့်မြင့်တိုက်ခန်းဈေးကွက်အတွင်း အရောင်းတင်တဲ့ကွန်ဒိုအများစုက တည်ဆောက်မှုရရှိပြီးကြောင်း သက်သေအထောက်အထားတွေနဲ့ ရောင်းချလာကြတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ထံက သိရပါတယ်။

‘ အရင်က ကွန်ဒိုတွေရောင်းကြရင် ပါဝင်တဲ့ဝန်ဆောင်မှုတွေကိုပဲ ဦးစားပေးကြော်ငြာကြတာ ၊ အခုနောက်ပိုင်း ပိုင်ဆိုင်မှုခိုင်မာကြောင်း သက်သေတွေနဲ့စည်ပင်က တရားဝင်တည်ဆောက်ခွင့်ပေးထားတဲ့ သပ်သေတွေကိုပြပြီး အရောင်းတင်လာတယ် ’လို့ ယူကေဆောက်လုပ်ရေးလုပ်ငန်းက တာဝန်ခံကိုထက်က ပြောပါတယ်။

လက်ရှိဈေးကွက်အတွင်း အရောင်းတက်လာတဲ့စီမံကိန်းတွေကတော့ အစိုးရနဲ့အကျိုးတူဆောက်လုပ်နေတဲ့ ကွန်ဒိုစီမံကိန်းတွေနဲ့ ဆောက်လုပ်မှုလက်စသတ်ပြီးနေတဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်းတွေပဲ ဖြစ်ပါတယ်။
ဈေးကွက်အတွင်း ဝယ်လက်အများစုက အခုနောက်ပိုင်း ဝန်ဆောင်မှုတွေအပြင် ခိုင်မာမှုတွေကိုပါ စိတ်ဝင်စားလာကြတာကြောင့် ယခုလိုခိုင်မာမှုသေချာတဲ့အဆောက်အအုံတွေသာ အရောင်းတင်ကြတာဖြစ်ပါတယ်။

Source: Kumudra

Facebook comments