တည်ဆောက်ခွင့် ရပ်ဆိုင်းမခံရတဲ့ အဆောက်အအုံ ၆၄ လုံးရှိ
အထပ်မြင့် အဆောက်အအုံတည်ဆောက်ခွင့်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ခေတ္တရပ်ဆိုင်းဖို့ အမိန့်ကြေညာချက်ထုတ်ထားပေမဲ့ ပါမစ်ကြီးခွင့်ပြုချက်ရရှိတဲ့ အထပ်မြင့်အဆောက်အအုံ ၆၄ လုံးကို ဆက်လက်တည်ဆောက်ခွင့်ပြုထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။ရန်ကုန်မြို့တော်စည်ပင်သာယာရေးကျော်မတီက ခွင့်ပြုမိန့်ပါမစ်ကြီးကျပြီး အဆောက်အအုံတွေကို တည်ဆောက်ခွင့်မရပ်ဆိုင်းပေမဲ့ အထပ်မြင့်တည်ဆောက်ခွင့်နဲ့ ပတ်သက်ပြီး အသေးစိတ်စစ်ဆေးသွားမှာဖြစ်ပါတယ် ။ မရပ်ဆိုင်းခံရတဲ့ အဆောက်အအုံတွေထဲမှာ အထပ်အမြင့်ဆုံး ၃၄ ထပ်အထိ ပါဝင်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မြို့ပြအင်္ဂါရပ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကိုက်ညီစေဖို့ ပိုမိုစနစ်ကျစေဖို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းပြီး အထပ်မြင့်အဆောက်အအုံဆောက်လုပ်ခွင့်တွေကို အသေးစိတ်စစ်ဆေးသွားမှာဖြစ်ပါတယ်။ မှုအားဖြင့် ခွင်ပြုချက်ရပြီး အဆောက်အအုံ ၁၂၀ ကျော်ကတည်ဆောက်ခွင့် ခေတ္တရပ်ဆိုင်းခံထားရတာဖြစ်ပြီးတည်ဆောက်ခွင့် အရပ်ဆိုင်းခံရတဲ့ ပါမစ်ကြီးကျပြီး အဆောက်အအုံ ၆၄ လုံး စုစုပေါင်းအဆောက်အအုံ ၂၀၀ နီးပါး အသေးစိတ်စစ်ဆေးမှုတေါ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ရွှေတောင်ဆောက်လုပ်ရေး ဂရု(ပ်)က ဥက္ကဌ ဦးအောင်ဇော်နိုင်က ‘ရန်ကုန်သားတစ်ယောက်အနေနဲ့ ရန်ကုန်မြို့ကြီးလှပဖို့အတွက်ကို အဆောက်အအုံ တစ်ခုတည်းလုပ်လို့မရပါဘူး ၊ တခြားရေနုတ်မြောင်းတွေ ၊ ရေ ၊ မီး စတဲ့ အခြားစနစ်တွေလဲ အရေးကြီးပါတယ်’လို့ ပြောပါတယ်။Source: The Kumudra
Facebook comments