သီလဝါ ရှယ်ယာဈေးနှုန်း တစ်ခု ကျပ် ၄၀,၀၀၀ သတ်မှတ်

မြန်မာသီလဝါ အများပိုင်ကုမ္ပဏီရဲ့ အစုရှယ်ယာတစ်ခုကို ကြမ်းခင်းဈေး ကျပ် ၄၀,၀၀၀ သတ်မှတ်တယ်လို့ ရန်ကုန်စတော့ခ်အိမ်ချိန်းက သတင်းထုတ်ပြန်ပါတယ်။

သီလဝါအစုရှယ်ယာတွေကို ရန်ကုန်စတော့ခ်အိမ်ချိန်းမှာ မေလ ၂၀ ရက်နေ့စတင်ရောင်းချမှာပါ ။ အခြေခံကြမ်းခင်းဈေး ကျပ် ၄၀,၀၀၀ သတ်မှတ်ထားပြီး upper limit price ကျပ် ၅၀,၀၀၀ နဲ့ lower limit price ကျပ် ၃၀,၀၀၀ သတ်မှတ်ထားပါတယ်။

Tick Size ကိုတော့ ကျပ် ၄၀,၀၀၀ အထိကျပ် ၅၀၀ နဲ့ ကျပ် ၄၀,၀၀၀ အထက်ကို ကျပ် ၁၀၀၀ သတ်မှတ်ထားပါတယ်။

မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီဟာ ရန်ကုန်စတော့ခ်အိမ်ချိန်းစာရင်းဝင် ဒုတိယကုမ္ပဏီဖြစ်ပါတယ်။ မတ်လ ၂၅ ရက်နေ့က ပထမဆုံးစာရင်းဝင် ကုမ္ပဏီဖြစ်တဲ့ FMI ရဲ့အစုရှယ်ယာတွေကို ရောင်းချခဲ့ပါတယ်။ FMI အစုရှယ်ယာဈေးဟာ တစ်ခုကို ကျပ် ၂၆,၀၀၀ နဲ့ ဈေးစဖွင့်ခဲ့တာပါ။ ဈေးစဖွင့်ပြီး တစ်ပတ်အတွင်းမှာ ကျပ် ၄၁,၀၀၀ အထိ ဈေးမြင့်တက်ခဲ့ပါတယ် ။ သည်နေ့မှာတော့ FMI ရှယ်ယာဈေးနှုန်းဟာ ကျပ် ၂၇,၅၀၀ နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။

Source:  The Modern

Facebook comments